• Today is: Friday, August 12, 2022

တစ်ဖက်ပိတ်လမ်း အန္တရာယ်နှင့် မြန်မာ့နိုင်ငံရေး

တစ်ဖက်ပိတ်လမ်း အန္တရာယ်နှင့် မြန်မာ့နိုင်ငံရေး

  • မင်းသေ့

ဗမာနိုင်ငံရေးသမားတွေရဲ့ အားနည်းချက်က တစ်ဖက်ပိတ်လမ်းအန္တရာယ်ကို မရှောင်နိုင်တာပဲ။ အထူးသဖြင့် အစွန်းရောက်နိုင်ငံရေးဓလေ့ရဲ့ ရေစီးထဲမှာ ဗမာနိုင်ငံရေးသမားအတော်များများက တိုးဝင် နှစ်မြုပ်သွားကြတာ တွေ့ရတယ်။ ဒီနေရာမှာ စီးမျောလို ရတယ်။ နှစ်မြုပ်လို မရဘူးလို ပြောချင်တယ်။ ဗမာနိုင်ငံရေးသမားတိုင်းလိုလို က အစွန်းရောက်နိုင်ငံရေးဓလေ့နဲ့ မကြာခဏ ကြုံတွေ့ရစမြဲပဲ။

နိုင်ငံရေးအရ ကျဉ်းထဲကျပ်ထဲ ရောက်တာဖြစ်တာ ကို ဖောက်ထွက်ရလွန်းလို အစွန်းရောက်ဓလေ့က အားကဲဟန်တူပါရဲ့။ တစ်ဖက်မှာလည်း ကိုယ်တိုင် ပိတ်မိအောင် လုပ်မိတတ်ကြတာမို၊ အစွန်းရောက်ဓလေ့ဟာ ပညာတတ်နိုင်ငံရေးသမားတွေထဲမှာတောင် ခပ်များများတွေ့ရတဲ့ ကိစ္စပါ။ အထူးသဖြင့် လက်ဝဲဩဇာ လွှမ်းမိုးမှု အားကြီးတဲ့ ဗမာနိုင်ငံရေးအသိုက်အဝန်းမှာ၊ ကိုယ်တိုင် အစွန်းရောက် ခြင်းဟာ ကိုယ့်လုပ်ရပ်နဲ့ ကိုယ် ခြေချုပ်မိတာတွေကြောင့် ခပ်များများ ဖြစ်ရတယ်လို ယူဆနိုင်တယ်။

■ ‘က’ သုံးလုံး ဆိုတာ

ဗမာနီလို ခေါ်ခဲ့ကြတဲ့ ဗမာကွန်မြူနစ်တွေ ပြောလေ့ပြောထရှိတဲ့ “က” သုံးလုံး ဆိုတာ ရှိတယ် မဟုတ်လား။ (၁) အကြောင်းအကျိုး သိရမယ်၊ (၂) အကျိုးအမြတ် သိရမယ်၊ (၃) အကန့်အသတ်ကို သိရမယ်— ဆိုတဲ့ အချက် အသုံး ချက် ဖြစ်ပါတယ်။ ဗမာနိုင်ငံရေးသမားတွေဟာ လက်ဝဲနည်းနာစဉ်းစားချက်ဖြစ်တဲ့ ဒိုင်ယာလက်တစ်နည်း (ဝါ) အနု ပဋိလောမ စဉ်းစားနည်းနဲ့ အပြန်ပြန် အလှန်လှန် ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းမှာ မညံ့ဖျင်းပါဘူး။ သာမန်ထက် ပိုလွန် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်လိုတောင် ပြောနိုင်ပါတယ်။

အကြောင်းကတော့ — ဗုဒ္ဓဘာသာယဉ်ကျေးမှု ကနေ ဆင်းသက်တဲ့ အတွေးအခေါ်ဓလေ့နဲ့ ရင်းနှီးကျွမ်းဝင်နေတာ ကြောင့်လို ပြောနိုင်တယ်။ သိုသော်လည်း အကန့်အသတ်ကို သိတဲ့နေရာမှာတော့ ဗမာနိုင်ငံရေးသမားတွေအနေနဲ့ အားနည်းညံ့ဖျင်းလှတယ်။ ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းမှာ မညံ့ဖျင်းပေမယ့် အကန့်အသတ်ကို သိနားလည်မှုမှာ ညံ့ဖျင်းတယ်။ ဒီအားနည်းချက်ကပဲ၊ မြန်မာ့ နိုင်ငံရေးသမိုင်းတစ်လျှောက်လုံးမှာ အစွန်းရောက်ဓလေ့ကို တောက်လျှောက် တွေ့လာရတယ်။ ထိုနည်းတူစွာပဲ၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်လုံးမှာ၊ တစ်ဖက်ပိတ် လမ်းအန္တရာယ်နဲ့ ဆိုက်ဆိုက်မြိုက်မြိုက် တိုးဝင်မိတာ တွေ့ရတယ်။

■  အကန့်အသတ်ကို သိခြင်း

အကန့်အသတ်ကို သိနားလည်ခြင်းဟာ နိုင်ငံရေးသတိနဲ့ အဓိက သက်ဆိုင်ပါတယ်။ သမာဓိ မရှိရင် သတိမရှိနိုင်ဘူး လို ဗုဒ္ဓရဲ့ သွန်သင်ချက်မှာ အတိအလင်း ဟောပါတယ်။ ဗမာနိုင်ငံရေးသမားတွေမှာ၊ နိုင်ငံရေးသမာဓိ လျော့နည်း အားပျော့နေရော့သလား။ ဒါဟာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ကြောင်းကျိုးဆင်ခြင်ခြင်းဟာ ပညာဖြစ်ပြီး၊ အကန့် အသတ်ကို သိနားလည်ခြင်းကတော့ သတိဖြစ်ပါတယ်။ “ပညာလွန်တော့ ကွန့်တယ်” ဆိုတဲ့ စကားလည်း ရှိပြန်ပါတယ်။ နိုင်ငံရေးနယ်ပယ်ဟာ လောကီနယ်သဘောဖြစ်တာမို၊ ပညာဉာဏ်ကျယ်သလောက် ကွန့်ကြဟန် တူတယ်။

■  နိုင်ငံရေး နှစ်ခု

တရုတ်တွေရဲ့ ကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်လည်းဖြစ်၊ တရုတ်ဗားရှင်းကွန်မြူနစ်ဝါဒ (သိုမဟုတ်) မော်ဝါဒကို တည်ထောင်ခဲ့သူ မော်စီတုန်းက နိုင်ငံရေးကို အခြေခံအားဖြင့် အကြမ်းဖျင်း (၂) မျိုး ခွဲပြတယ်။

  • (၁) သွေးထွက်တဲ့ နိုင်ငံရေးနဲ့
  • (၂) သွေးမထွက်တဲ့ နိုင်ငံရေး ရယ်လို ဖြစ်ပါတယ်။

ရွေးကောက်ပွဲနိုင်ငံရေးဖြစ်ထွန်းပြီး တည်ငြိမ်တဲ့ နိုင်ငံရေးအဝန်းအဝိုင်းမှာ၊ သာမန်အားဖြင့် သွေးမထွက်တဲ့နိုင်ငံရေး ဓလေ့ ခိုင်မာအားကောင်းလေ့ရှိတယ်။ သွေးမထွက်တဲ့ နိုင်ငံရေးကွင်းပြင်မှာ၊ ပညာဉာဏ်ဆန်းကြယ်သလောက် ကွန့်မြူးနိုင်ခြင်းဟာ သိပ်ပြီး အန္တရာယ် မများလှဘူး။ သိုသော်လည်း ရွေးကောက်ပွဲ နိုင်ငံရေး မဖြစ်ထွန်းသလို၊ လက်နက်ကိုင်နိုင်ငံရေး အားကြီးပြင်းထန်တဲ့ သွေးထွက်တဲ့နိုင်ငံရေးကွင်းပြင်မှာတော့၊ စိတ်ကူးတွေ ဆန်းကြယ် တိုင်း ကွန့်မြူးတာတွေကို လုပ်ခဲ့ရင် အလျော်အစား ကြီးတတ်ပါတယ်။ ဒါ့ကြောင့် သွေးထွက်တဲ့ နိုင်ငံရေးကွင်းပြင် မှာ၊ တတ်နိုင်သရွေ့ အကန့်အသတ်ကို သိနားလည်ခြင်း အားကြီးမှ ဖြစ်ပါလိမ့်မယ်။

■  သဘောထားအမြင်

လက်နက်ကိုင်လမ်းစဉ်ကို ဘယ်လို သဘောထားမှာပါလဲ။

လက်နက်ကိုင်လမ်းစဉ်ကို နိုင်ငံရေးအရ အသာစီးရဖို pressure mechanism အနေနဲ့ သဘောထားမှာလား။ သိုတည်းမဟုတ် တကယ်လက်တွေ့ လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်သက်ဝင်ပါသလား။ အခြေအနေအရ မလွှ သာလို လုပ်ရတာလား။ ဒါတွေဟာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ တနည်းအားဖြင့် လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ခြင်းဟာ — အဆုံးသတ်အပြုတ်တိုက်လမ်းစဉ်ကို ရောက်ဖို တစ်ခုတည်းသောနည်းလမ်းလို၊ အကန့် အသတ် မသိ လက်ခံထားလိုက်ပြီလား။ ဒါတွေဟာ မဟာဗျူဟာဆုံးဖြတ်ချက်တွေကို စဉ်းစားတဲ့အခါမှာ၊ အဓိက အရေးကြီးတဲ့ မေးခွန်းတွေလို ယူဆပါတယ်။

■  ရွေးစရာ များများ မရှိ

မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ကြည့်ရင်၊ ရွေးချယ်စရာ နည်းလွန်းလှတယ်။ အထူးသဖြင့် မဟာဗျူဟာရွေးချယ်စရာ (strategic choice) တွေ နည်းပါးလွန်းလှတယ်။ များများစားစား ရွေးစရာ မတွေ့ရပါဘူး။ ဗမာနိုင်ငံရေးသမားတွေ ဟာ ဖွင့်ပြီး ကစားတာထက်၊ အပိတ်ကစားပွဲဓလေ့မျိုးကို ပိုပြီး အားသန်ဟန်တူတယ်။ အပိတ်ကစားပွဲဓလေ့နဲ့ လည်း ယခင်ကတည်းက ယဉ်ပါးပြီးသားဖြစ်တယ်။ အပိတ်ကစားခြင်းအလေ့ကို ထက်သန်တာမှ၊ ကိုယ့်လမ်းတွေ ကို ကိုယ်တိုင် ပိတ်ပြီး ကစားတာမျိုးကို ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ လုပ်တာ တွေ့ရတယ်။ ဒါ့ကြောင့်လည်း ကိုယ်တိုင်က နိုင်ငံရေးခြေပေါ်ကြောင်းပြဖို အစွန်းရောက်လမ်းကြောင်းထဲ အလိုလို ရောက်သွားတာ ဖြစ်ပါတယ်။

ကျန်နေသေးတဲ့ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ၊ မြန်မာ့နိုင်ငံရေးဟာ ပြတ်သားသော အဖြေကို မရဘဲနဲ့ တစ်ဖက်ပိတ်လမ်းအန္တရာယ်ထဲ ထပ်မံရောက်ရှိနေအုံးမှာ ဖြစ်ပါတယ်။ ဒါဟာ ဖြတ်သန်းလာတဲ့ မြန်မာ့နိုင်ငံရေး ဓလေ့နဲ့ အကန့်အသတ်ကို လက်တွေ့ နားမလည်တဲ့ ဗမာနိုင်ငံရေးသမားတွေရဲ့ အမူအကျင့်ကြောင့် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျား။