• Today is: Tuesday, March 19, 2024

 “နွေဦးတော်လှန်ရေးထဲမှာ အမျိုးသမီးများရဲ့ ပါဝင်မှုအား”(စကားဝိုင်း) အနှစ်ချုပ်

 နွေဦးတော်လှန်ရေးထဲမှာ အမျိုးသမီးများရဲ့ ပါဝင်မှုအား”(စကားဝိုင်း) အနှစ်ချုပ်

“ဒီနွေဦးတော်လှန်ရေးထဲ လက်နက်ကိုင်လမ်းစဉ်မစခင်အထိတော့ ဆန္ဒပြ သပိတ်ပြုလုပ်တဲ့အချိန်မှာတော့ အမျိုးသမီးတွေ ယောက်ျားတွေနဲ့တန်းတူ နီးပါးလောက် ပါဝင်ခဲ့မယ်လို့ ထင်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်မှာ ကတော့ ယောကျ်ားလေးတွေထက်စာရင်တော့ အမျိုးသမီးတွေက အားနည်းချက်တွေပိုရှိနေတယ်။ ဒါပေမဲ့ ကျမတို့က အမျိုးသမီးတွေမပါဘဲ နိုင်ခဲ့တဲ့တိုက်ပွဲဆိုတာမရှိခဲ့ဘူး။

ဒီတကြိမ်ကတော့ ကျမတို့ တတိယအကြိမ်လို့ပြောလို့ရတဲ့ လွတ်လပ်ရေးတိုက်ပွဲပေါ့။ ဒုတိယအကြိမ် ကတော့ ၁၉၈၈ ကပေါ့။ ဆိုတော့ တိုက်ပွဲအဆက်ဆက်မှာ အမျိုးသမီးတွေမပါဘဲ နိုင်ခဲ့တယ်ဆိုတာမရှိဘူး။ ဒါပေမဲ့ တာဝန်ယူမှုဆိုတဲ့နေရာမှာတော့ ကွာတာတာပေါ့။ တချို့နေရာတွေမှာတော့ အမျိုးသမီးတွေ ရှေ့ထွက်လျက်ရှိချင် မှ ရှိမယ်။ ပြီးတော့ မြန်မာနိုင်ငံမှာကတော့ တခုရှိတာက အမျိုးသမီးတွေကို နေရာပေးတာ နည်းတယ်ဆိုတဲ့ အခါကျတော့ ရှေ့ရောက်တယ်ဆိုတာ မျိုးကတော့ နည်းတယ်။ ဒါပေမဲ့လည်း ကျရာအခန်းကဏ္ဍတိုင်းမှာ ဥပမာ ထောက်ပို့ဆိုလည်ထောက်ပို့၊ နောက်တန်းကနေပြီး ကူညီရမဲ့နေရာတွေဆိုရင်လည်း ပါဝင်ကြတယ်”

ဒုဝန်ကြီး မအိသဉ္ဇာမောင်

အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန(NUG)

နံပါတ်တစ်အရေးကြီးဆုံးပြောချင်တာက ကျမတို့က အမျိုးသမီးတွေမပါဘဲ နိုင်ခဲ့တဲ့တိုက်ပွဲဆိုတာမရှိခဲ့ဘူး။ အရင် က လွတ်လပ်ရေးတိုက်ပွဲလည်း အဲ့အတိုင်းပဲ။ ဒါကလည်း ကျမတို့ တတိယအကြိမ်လို့ပြောလို့ရတဲ့ လွတ်လပ်ရေး တိုက်ပွဲပေါ့။ ဒုတိယအကြိမ်ကတော့ ၁၉၈၈ ကပေါ့။ ဆိုတော့ တိုက်ပွဲအဆက်ဆက်မှာ အမျိုးသမီးတွေမပါဘဲ နိုင်ခဲ့တယ်ဆိုတာမရှိဘူး။ ဒါပေမဲ့ တာဝန်ယူမှုဆိုတဲ့နေရာမှာတော့ ကွာတာတာပေါ့။ တချို့နေရာတွေမှာတော့ အမျိုးသမီးတွေ ရှေ့ထွက်လျက်ရှိချင်မှရှိမယ်။ ပြီးတော့ မြန်မာနိုင်ငံမှာကတော့ တခုရှိတာက အမျိုးသမီးတွေကို နေရာပေးတာ နည်းတယ်ဆိုတဲ့အခါကျတော့ ရှေ့ရောက်တယ်ဆိုတာမျိုးကတော့ နည်းတယ်။ ဒါပေမဲ့လည်း ကျရာအခန်းကဏ္ဍတိုင်းမှာ ဥပမာ ထောက်ပို့ဆိုလည်ထောက်ပို့၊ နောက်တန်းကနေပြီး ကူညီရမဲ့နေရာတွေဆိုရင် လည်း ပါဝင်ကြတယ်။ ဒီမတိုင်ခင် သပိတ်တိုက်ပွဲတွေမှာဆိုရင်လည်း အမျိုးသမီးတွေ ရှေ့ကနေကို ပါဝင်တာ တွေရှိတယ်။ အခု လက်နက်ကိုင်တော်လှန်ရေးထဲမှာလည်း ပါဝင်ခဲ့တာပဲ။ ဆိုတော့ အမျိုးသမီးတွေမပါဘဲ နိုင်ခဲ့တဲ့ တိုက်ပွဲရှိဘူး။ ဒါပေမဲ့ ဘယ်နေရာမှာက အားနည်းသွားတယ်လို့ထင်ရလဲဆိုတော့ သမိုင်းအရ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို သမိုင်းမှတ်တမ်းတင်တဲ့အခါ ပါမလာဘူး ပါမလာဝင်လာတာ နည်းခဲ့တယ်။ ဥပမာ ၁၉၈၈ ခုနှစ်က ဆိုရင်လည်း အမျိုးသမီးအများကြီး တိုက်ပွဲဝင်ခဲ့တာပဲ။ ဒီလိုပဲ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ အချိန်မှာလည်း အမျိုးသမီးတွေအများကြီးပါခဲ့တယ်။ ဒါပေမဲ့ မှတ်တမ်း တင်မှုအရမှာ မထင်ကျန်ခဲ့တဲ့အခါကျတော့ အခုချိန် ကျမတို့ ပြောလို့ရှိရင် နည်းသလိုထင်ရတာပေါ့။ သမိုင်းဝင် တိုက်ပွဲတိုင်းမှာ အမျိုးသမီးတွေပါဝင်ခဲ့တယ်။ အခုလည်း နွေးဦးတော်လှန်ရေးတောက်လျှောက်မှာ အမျိုးသမီး တွေမပါဘဲနဲ့ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုဆိုတာမရှိဘူး။ ကျရာ ကနေ ပါခဲ့တယ်။ နည်းသွားတာကတော့ နိုင်ငံရေးဆုံးဖြတ်မှု၊ နိုင်ငံရေးဦးစီးဦးဆောင်မှုလုပ်ရမဲ့နေရာမှာ ဆိုရင်တော့ အမျိုးသီးတွေကို နေရာပေးလေ့ နည်းတာပေါ့။ ဒါကြောင့်မို့လို အမျိုးသမီးအဖွဲ့အစည်းတွေ၊ အမျိုးသမီးတက်ကြွ လှုပ်ရှားသူတွေကနေပြီးတော့ မပါမဖြစ် ၃၀% ကို အမြဲတမ်းပြောဆို ထောက်ပြကြတာပေါ့။ ဆိုတော့ အခုကတော့ ဘာပဲပြောပြော အခြေနေ အချိန်ခါအရ ဦးဆောင်တဲ့သူတွေကလည်း တစုံတရာတာကို နားလည်လာကြပြီဖြစ်တဲ့ အတွက် ၃၀% ပြည့်မှီဖို့အတွက် ကြိုးစားလာကြတာကိုတွေ့ရတာပေါ။

ကျမအနေနဲ့ အမြဲတမ်းပြောလေ့ရှိတယ်။ ကျမတို့ နိုင်ငံမှာက လူဦးရေအများဆုံးက အမျိုးသမီးတွေဖြစ်တယ်။ ဆိုတော့ ဒီလောက် များပြားတဲ့ လူ့စွမ်းအားအရင်မြစ်ကြီးကို ဖယ်ပြီးတော့ ဒီတိုက်ပွဲကို စဉ်စားမယ်ဆိုရင် လူ့စွမ်းအားအရင်အမြစ်တွေကို ဖြုန်းတီးရာကျတယ်ပေါ့။ ဒါကြောင့်မို့လို့ ဒီတိုက်ပွဲမှာ အမျိုးသမီးတွေမပါဘဲနဲ့ သွားမယ်ဆိုရင် တိုက်ပွဲက တစုံတရာအားဖြင့်တော့ အားလျော့လာနိုင်ပါတယ်။ ပါဝင်တဲ့အခန်းကဏ္ဍကတော့ ဘက်ပေါင်းစုံကနေပါဝင်ကြတာပေါ့။ အမျိုးသမီးတွေရော အမျိုးသားတွေရော လက်နက်ကိုင်ပြီးပါဝင်ကျတာ ရှိသလို။ မြို့ပြမှာဆိုရင်လည်း အမျိုးသမီးမဟာမိတ်အဖွဲ့ (WLB) တို့လိုအဖွဲ့တွေကလည်း နေ့စဉ်ရက်ဆက် မြေပြင် မှာ ဖမ်းဆီးမှုတွေကြားက သပိတ်တိုက်ပွဲကို အခုချိန်ထိထွက်တိုက်နေတာရှိတယ်။ လက်နက်ကိုင်ဘက်မှာ လည်း KNDF တပ်ရင်း (၅) အမျိုးသမီးအဖွဲ့ရှိတယ်။ ပြီးတော့ မြောင် ဘက်မှာဆိုရင်လည်း အမျိုးသမီး တပ်ဖွဲ့ရှိတယ်။ ကချင် မှာဆိုရင်လည်း အမျိုးသမီးတပ်ဖွဲ့တွေ ဖွဲ့စည်းလာနေတာတွေရှိလာပြီပေါ။ ဆိုလိုချင်တာက တော်လှန်ရေး မှာကော၊ နိုင်ငံရေးမှာကောက တိုးတက်လာတာပေါ့။ အမျိုးသမီးတွေရဲ့ အင်အားကို ဖယ်ပြီးမစဉ်စားဘဲနဲ့ အမျိုးသမီးတွေရဲ့ပါဝင်မှုကို တိုးပြီးစဉ်းစားအတွေးတွေက တိုးတက်လာတာပဲရှိတယ်။ နိုင်ငံရေးအရဆိုလည်း ဒီထက်ပိုပြီး နိုင်ငံရေး ယဉ်ကျေးမှုတက်လာတယ်။ ဒါကြောင့် ကျမတို့က ပါဝင်မှုပြောနေတာက အမျိုးသမီး ပါဝင်မှုကို အမြဲတမ်းမြှင့်တင်ပေးဖို့ပေါ့။ ဥပမာ ဦးစီးဦးဆောင်လုပ်ရတဲ့ ဟာမျိုးတွေ၊ နိုင်ငံရေးအရ ဆုံးဖြတ်ခွင့်တွေချ တဲ့နေရာတွေ သူ့ရဲ့အဆင့်ဆင့်တိုင်းမှာပေါ့။

– Mi Sauh Ta Jo (မိဆုတဂျို)

Myanmar Women Peace and Security

ကျမတို့ဒေသမှာ နွေဦးတော်လှန်ရေးထဲ အမျိုးသမီးပါဝင်မှုနှုန်းက တည်ငြိမ်နေတဲ့အခြေအနေထက်တော့ ပိုပြီးတော့ ပိုများလာတာကို မြင်နေရပါတယ်။ နိုင်ငံရေးမှာသော်လည်းကောင်း၊ တခြား စစ်ရေးမှာလည်း ရှိလာကြ တာကိုတွေ့ရပါတယ်။ အရင်တုန်းကဆိုရင် မရှိဘူးပေါ့။ ကျမတို့ မွန် မှာကြည့်လိုက်လို့ရှိရင်တော့ လွန်ခဲ့တဲ့ အချိန်တွေတုန်းကတော့ စစ်သမီးတွေရှိခဲ့ကြတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါမှာ ပြန်ပြန်ပြီးပျောက်သွား ကြတယ်။ ကျမ မှတ်မိတာက ၁၉၉၀ လောက်တွေမှာ တွေ့ခဲ့တယ်၊ ရှိခဲ့တယ်။ ၁၉၉၅ နောက်ပိုင်း ပြန်ပျောက် သွားကြတယ်။ မရှိတော့ဘူးပေါ့။ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုတွေ လုပ်လာပြီးနောက်မှာတော့ အမျိုးသမီးတွေက စာသင်တဲ့နေရာမှာ၊ တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေဘက်ကို ရောက်သွားကြတာပေါ့။ လုံခြုံရေး ပိုင်းမှာ တာဝန်ယူတာက အာနည်းလာတာကိုတွေ့ရတယ်။ ဆိုတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုနှုန်းက ပုံမှန်ရှိမနေ ဘူး ပါဝင်လိုက် ပျောက်သွာလိုက်နဲ့ပေါ့။ ဘာကြောင့် အဲ့လိုဖြစ်သလဲဆိုတာကို အမျိုးသားတွေနဲ့ ယှဉ်လာရင်တော့ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့အခက်အခဲက အမျိုးသားတွေနဲ့မတူတဲ့အတွက်ကြောင့်လို့ပေါ့။ ဒါပေမဲ့ အခုချိန်မှာ ကျတော့ အမျိုးသမီးတွေရဲ့ပါဝင်မှုက အားနည်းနေသေးတယ်။ ကျမတို့ အနည်းဆုံး ၃၀ % ပြောနေတဲ့ အချိန်မှာ တောင်မှ ကျမတို့ ဒေသမှာ ပါဝင်မှုနှုန်းက နည်းနေတယ်။ အမျိုးသမီးပါဝင်မှုနှုန်းက လိုအပ်မှုကိုတောင်မှ မဖြည့် ဆည်းနိုင် သေးတဲ့အခြေအနေမှာရှိတယ်။ ဆိုတော့ ဒီနွေဦးတော်လှန်ရေး၊ အာဏာရှင်တိုက်ဖျက်ရေးမှာ ဒီအခက် အခဲကို ကျော်လွှားနှိုင်ဖို့အတွက်ကို ပြန်ပြီးတော့ အမျိုးသမီးတွေပါဝင်လာတာကိုတော့ တွေ့မြင်နေရပါတယ်။

ကျမတို့ အမြဲတမ်းပြောပြောနေတဲ့ အားလုံးပါဝင်ရေးဆိုတဲ့ချိန်မှာ အမျိုးသမီးတွေကျန်ခဲ့အုန်းမယ်ဆိုရင် အားလုံ ပါဝင်ရေးက မဖြစ်တော့ဘူးပေါ့နော။ မတူညီသော အသံတွေ၊ ကလေးတွေအတွက်ပေါ့။ ကျမတို့က အခုလို တိုက်ပွဲဝင်နေရတာကဘာကြောင့်လဲ ကျမတို့ရဲ့ အနာဂါတ် ကျမတို့ရဲ့ ကလေးတွေရဲ့ အနာဂါတ်ကို မျှော်မှန်းတဲ့ နေရာမှာ အမျိုးသမီးတွေက ပိုသာတယ်။ ကလေးနဲ့ပိုရင်းနှီးခဲ့တယ်။ အဲ့အတွက်ကြောင့်မှု အမျိုးသမီးတွေရဲ့ ပါဝင်မှုနှုန်းကို မချန်ထားသင့်ဘူး။ ချန်ထားခဲ့မယ်ဆိုရင်တော့ တော်လှန်ရေးပြီးမြှောက်ဖို့ရန်အတွက် အခက်အခဲရှိ စေခဲ့တယ်။ နောက်တခုက နိုင်ငံတကာ သုတေသန တွေရဲ့ ထွက်ရှိတဲ့အချက်တွေကိုလည်း ကြည့်လိုက်ပါ အမျိုးသမီးပါဝင်ခြင်းကြောင့် သိပ်ကိုကြမ်းတမ်းတဲ့ စစ်ကိုတောင်မှ ရပ်သွားတာတွေရှိတယ်။ ကျမတို့ ပြည်တွင်း စစ်ကြီးက အရမ်းကြာခဲ့ပြီ ဆိုတော့ ကျမတို့အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်ဖို့လိုတယ်။ တော်လှန်ရေးအင်အားစု တွေက အမျိုးသမီးပါဝင်မှုကို လှစ်လျူရှုလိုက်မယ်ဆိုရင်တော့ ကျမတို့ နိုင်ငံရဲ့ ၅၀% ကျော်သော လူအင်အားကို လျော့သွားစေတယ်ဆိုတာကို အလေးထားခြင်းဖြင့် အမျိုးသမီး ပါဝင်မှု ရှိခဲ့တဲ့အထောက်အထား နိုင်ငံတကာ သုတေသန တွေကို ကြည့်ခြင်းဖြင့် အမျိုးသမီးပါဝင်မှုများလာအောင် ယုံကြည်မှုထားပေးပါ။

ခရစ္စတင်း(ခ)မိထော်

KNDF BO -7 တပ်ခွဲ – ၄

ဘာဏ္ဍာရှာဖွေရေး တာဝန်ခံ

ဒီနွေဦးတော်လှန်ရေးထဲ လက်နက်ကိုင်လမ်းစဉ်မစခင်အထိတော့ ဆန္ဒပြ သပိတ်ပြုလုပ်တဲ့အချိန်မှာတော့ အမျိုးသမီးတွေ ယောက်ျားတွေနဲ့တန်းတူ နီးပါးလောက် ပါဝင်ခဲ့မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင် လမ်းစဉ်မှာကတော့ ယောကျ်ားလေးတွေထက်စာရင်တော့ အမျိုးသမီးတွေက အားနည်းချက်တွေပိုရှိနေတယ်။ ပိုပြီးတော့ ပြင်ပန်းမယ်၊ အနေဆင်းရဲမယ်၊ အစားဆင်းရဲမယ်။ အိပ်တဲ့နေရာ ရေချိုးတာကအစ တာတွေကြောင့် လည်း ဖြစ်ကောင်းဖြစ်နှိုင်းပါလိမ့်မယ်။ ကျမတို့ဖက်မှာ တချို့ တပ်ရင်းတွေမှာဆိုရင် လူဦးရေ ၅၀ လောက်ရှိမယ်။ တချို့တွေမှာကျတော့ ၂၀/၃၀ ဒီလောက်ပဲ ရှိရင်ရှိမယ်။  ဒါပေမဲ့ အားရစရာရှိတာက ကျမတို့ KNDF ထဲမှာဘဲ တပ်ရင်း (၅)ကတော့ အမျိုးသမီးတပ်ခွဲဆိုပြီးတော့ သီးသန့်ထားတာရှိတယ်။ အခြားတိုက်ခိုက်ရေးပိုင်းကို မသွားနိုင် ပေမယ့် နောက်တန်းမှာ သူတို့လုပ်နိုင်တဲ့၊ စဖိုဆောင်ကစ အခြားကူလို့ရတဲ့နေရာ တော်လှန်ရေးကို အထောက် အကူပြုမဲ့ အရာတွေကို အမျိုးသမီးတွေ လုပ်ပေးနေတဲ့အခါ အမျိုးသမီးအချင်းချင်းမို့လို့ပိုပြီးတော့ အဆင်ပြေကြ ပါတယ်။ အရင် သပိတ်ထက်စာရင်တော့ ဒီလက်နက်ကိုင်လမ်းစဉ်ဘက်မှာ ထက်ဝက်ကျော်လောက်ကို အားနည်း လာတာကိုတွေ့ရပါတယ်။

အမျိုးသမီးတွေအနေနဲ့ ဦးဆောင်နိုင်မှုအပိုင်းကိုပြောတဲ့အခါမှာ အဓိကလိုအပ်တာကတော့ ဦးဆောင်နိုင်မှု စွမ်းရည်၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုရှိဖို့လည်းလိုတာပေါ့။ နောက် ဒီနိုင်ငံမှာက အမျိုးသမီးတွေကို ဦးဆောင်မှုပိုင်းကို မပေး တာပေါ့။ ကျမတို့ပတ်ဝန်းကျင်မှာဆိုရင်လည်း ကျမတို့ မိဘတွေကအစ မိန်းကလေးတွေကိုဆိုရင် ယောက်ျားလေး တွေနဲ့ ခွဲခြားပြီးထားတာမျိုးပေါ့။ အိမ်မှုနိုင်မှာ အမျိုးသမီး ပီသမယ်၊ အချိန်တန်ရင် ယောက်ျားယူရမယ်။ အဲ့လိုပဲ အလွယ်တကူပြောကျတယ်။ စွမ်းဆောင်နိုင်မှုမရှိသလားဆိုတော့ မဟုတ်ဘူး ဒီလိုပတ်ဝန်းကျင်တွေက ကျမတို့ကို အခွင့်အရေးမပေးခဲ့တာပေါ့။ ဥမာပြောရရင် မိန်းကလေး အဝတ်အစားတွေတောင်မှ ယောက်ျား အဝတ်အစားတွေနဲ့ တတန်းထဲမထားရဘူး ဘုန်းကံနိုမ့်တတ်တယ် ဆိုတဲ့ဟာတွေကြောင့် မိန်းကလေးတွေက ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတွေက အလိုလိုနိမ့်ပါးလာကြတယ်။ ကိုယ့်တာဝန်ကို ကိုယ်ခံရမဲ့အချိန်ရောက်ရင် မလုပ်နိုင်လောက် ဘူးဆိုပြီးတော့ တွေးခဲ့ကြတယ်။ ကိုယ့်ရဲ့အခွင့်အရေးကို ကိုယ်တိုင်ပဲ ဖောက်ယူရမယ်။