• Today is: Friday, March 29, 2024

စစ်ကောက်စီတပ် ခမရ – ၅၉၉ က ဖမ်းဆီးနှိပ်စက်ခဲ့သည့် ကရင်လူငယ် (၂၃) ဦး ပြန်လည်လွတ်မြောက်

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၄

စစ်ကောက်စီတပ် ခမရ – ၅၉၉ က ဇူလိုင် ၁၃ ရက်နေ့က ဖမ်းဆီးပြီး နှိပ်စက်ခဲ့သည့် ကရင်လူငယ် (၂၃) ဦး ပြန်လည် လွတ်မြောက်လာကြောင့် ကေအဲန်ယူ-ဗဟို ဘက်က သတင်းထုတ်ပြန်ထားသည်။

ပြန်လည် လွတ်မြောက်လာသည့် ဖြစ်စဉ်အသေးစိတ်ကိုတော့ ကေအဲန်ယူ ဗဟိုဘက်က ဖော်ပြထားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက်နေ့တွင် စစ်ကောင်စီတပ် ခမရ-၅၉၉ နှင့် ပူးပေါင်းတပ်တို့မှ ဒေါင်းမို့ကျေးရွာ အုပ်စုရှိ အလယ်စုကျေးရွာနှင့် ဝါးပင်စုကျေးရွာသို့ ဝင်ရောက်ပြီး ကျေးရွာပြည်သူလူထုများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က အဲဒီဖမ်းဆီးခဲ့ပြီးနောက် ကျေးရွာပြည်သူလူထုများမှ ကလေးသူငယ်၊ သက်ကြီး ရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လွတ်ပြီး လူငယ်များကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့သည့် ကရင်လူငယ်များ လက်ပြန်ကြိုးတုတ်ကာ တာလမ်းမပေါ်တွင် တနေကုန် ရိုက်နှက် ညှင်းပန်းနှိပ်စက်ခံခဲ့ရခြင်း ဖြစ်သည်။

ဒါ့အပြင် စစ်ကောင်စီတပ်က အဲဒီကျေးရွာပြည်သူလူထုများကို ဖမ်းဆီးသည့်အပြင် ပြည်သူလူထု၏ နေအိမ်သို့ ဝင်ရောက် မွှေနှောက်ပြီး ပစ္စည်းဥစ္စာများကိုလည်း အတင်းအဓမ္မယူသွား ဆောင်သွားခဲ့ ကြသေးသည်ဟု ဆိုထားသည်။

စစ်ကောင်စီမှ ဖမ်းဆီးထားပြီး လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်၊ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် ကရင်လူငယ် များသည် (၁)စောဇေယံ ၊ (၂) စောမြင်တိုင်းချစ် (၃)စောဆာကူနော်၊ (၄)စောမြသိန်း၊ (၅)စောစံသိန်း၊ (၆)စောကျော်မြင့်၊ (၇)စောဘီးစလား၊ (၈)စောထိုးကီ၊ (၉)စောထူးဖော၊ (၁၀)စောဝါးလူးကူး၊ (၁၁)စောဖြိုးလင်းသူ၊ (၁၂)စောငယ်ငယ်၊ (၁၃)စောကျော်မင်းထွေး၊ (၁၄)စောစိုးရည်ဦး၊ (၁၅)စောဖိုးသဲသဲ၊ (၁၆)စောခွားဆိ၊ (၁၇)စောဇေအောင်၊ (၁၈)စောမောင်ဖြူ၊ (၁၉)စောဆိုင်ကား၊ (၂၀)စောကူးကူး၊ (၂၁)စောခိုင်မိုးလင်း၊ (၂၂)စောခရစ်စတိုဘာ၊ (၂၃)စောတူတူ တို့ဖြစ်ကြောင်း ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားခဲ့သည်။