• Today is: Friday, March 29, 2024

လက်နက်ကိုင်လမ်းစဉ်အပေါ် ဒီ/ချုပ်ရဲ့ မူဝါဒက ဘာလဲ

လက်နက်ကိုင်လမ်းစဉ်အပေါ် ဒီ/ချုပ်ရဲ့ မူဝါဒက ဘာလဲ
●───── ๑۩۩๑ ─────●
မင်းသေ့

■ NLD ပါတီရဲ့မူဝါဒရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး CECအစည်းအဝေးရဲ့ လွတ်လပ်ပွင့်လင်းစွာ အစည်းအဝေး မထိုင်နိုင်သေးခင်ကာလမှာ မူဝါဒရေးရာ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘယ်သူ့ကိုမှ သီးခြားဆုံးဖြတ်ခွင့်ပေးအပ်ထားတာ မရှိဘူးဆိုတဲ့အနေအထားနဲ့ ရပ်တည်ထားတာ… (ဦးအောင်ကြည်ညွန့်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲဝင်၊ ၂၀၂၂ မေ ၂၃)

အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပါတီခေါင်းဆောင်ပိုင်းဟာ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနဲ့ အတူ၊ အထိန်းသိမ်းခံထားကြရပါတယ်။ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဒီ/ချုပ်ရဲ့ ပါတီမူဝါဒနဲ့ပတ်သက်ရင် အထိန်းသိမ်း မခံရတဲ့ ပါတီလူကြီးပိုင်းက ပါးပါးနပ်နပ် လက်ရှောင်တာကို တွေ့ရပါတယ်။ အဲသည့်အထဲမှာ၊ ဒီ/ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲဝင် ဦးအောင်ကြည်ညွန့် ပြောကြားတဲ့ စကားရပ်ဟာ သိသာထင်ရှားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပါတီအနေနဲ့ နွေဦးတော်လှန်ရေးမှာ အဓိက ကျင့်သုံးနေတဲ့ လက်နက်ကိုင် လမ်းစဉ်အပေါ် ပြတ်သားတဲ့ မူဝါဒ မရှိသေးပါဘူး။ အကြောင်းကတော့ – အခုနက တင်ပြထားတဲ့၊ အကြောင်းပြ ချက်နဲ့ ချန်လှပ်ထားတဲ့သဘောပါ။ ဒီ/ချုပ်အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ပြတ်ပြတ်သားသား လျှောက်လှမ်း နေတယ်ဆိုတဲ့ မူဝါဒ မရှိသေးပါဘူး။ အကြောင်းကတော့ ပါတီ CEC အဖွဲဟာ ထိန်းသိမ်းခံထားရလို ဖြစ်တယ် လို ဆိုပါတယ်။ ပါတီမူဝါဒနဲ့ပတ်သက်ရင် CEC ရဲ့ အဆုံးအဖြတ်သာ အတည်ဖြစ်တယ်။ ပါတီဝင်တွေက လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်နေတိုင်း၊ ဒီ/ချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်ကို မူဝါဒအဖြစ် သတ်မှတ်ပြီး လျှောက်လှမ်းတာမျိုး မဟုတ်ဘူးလို့ နားလည်နိုင်ပါတယ်။

■ အခုကတော့ မူဝါဒရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်လာတဲ့အခါမှာ နောင်မှာ ရှုပ်ထွေးလာမှာမျိုးတွေ မရှိလာဖိုရာအတွက်ကို CEC ရဲ့ လွတ်လပ်တဲ့အစည်းအဝေး မလုပ်ရသေးခင်အထိ မူဝါဒရေးရာကိစ္စရပ် တွေကို ဘယ်သူ့ကိုမှ ဆုံးဖြတ်ခွင့်ပေးမထားဘူး။ (ဦးအောင်ကြည်ညွန့်၊ ၂၀၂၂ မေ)

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ အဓိက ကျင့်သုံးနေတဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲချုပ်အတွက် အပြောင်းအလဲတွေ ရှိကောင်း ရှိလာနိုင်ပါတယ်။ ဒီအပြောင်းအလဲတွေဟာ ဘယ် အပေါ်မှာ မူတည်နေပါသလဲ။ လက်ရှိ စစ်ကောင်စီက ဒီ/ချုပ် CEC တွေကို နိုင်ငံရေးဇာတ်ခုံပေါ် ထပ်မံလျှောက် လှမ်းခွင့် ပေးမလား – မပေးဘူးလား။ ဒီအချက်အပေါ်မှာ မူတည်နေပါတယ်။ အကယ်၍သာ – ဒီ/ချုပ် ခေါင်းဆောင်ပိုင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ CEC အဖွဲဝင်တွေဟာ အထိန်းအသိမ်းခံဘဝကနေ တစ်စုံတစ်ရာ လွတ်မြောက်ခွင့်ရပြီး၊ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်လမ်းစဉ်အပေါ် မူဝါဒဆိုင်ရာ သဘောထား ပေးပိုင်ခွင့်ရှိတဲ့ အခြေအနေကိုသာ ရောက်လာခဲ့ရင်၊ လက်ရှိ လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းဟာ ဘယ်သို ဘယ်ပုံဖြစ်သွားမလဲ။

အားလုံး နားလည်ထားတာက၊ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်လျှောက်လမ်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲချုပ် တစ်ခုတည်းနဲ့ တည်ထားတာ မဟုတ်ဘူး ဆိုတာပါပဲ။ သိုသော်လည်း ပြည်မအင်အားစုထဲမှာ ဒီ/ချုပ်ဟာ အင်အားစုအနေနဲ့ အဓိက ပါဝင်ပတ်သက်နေပါတယ်။ လက်နက်ကိုင်လမ်းစဉ်အပေါ် ဒီ/ချုပ်က ဘယ်လို သဘောထားတယ်လို့ ထင်ပါသလဲ။

ပြည်သူအခြေပြုတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ဆိုရင် ပြည်သူ့ဆန္ဒနဲ့အညီ သွားမယ်ဆိုတဲ့ဟာကို ပူးပေါင်းပါဝင်ဆောင်ရွက်နေကြတာတွေရှိတယ်။ (ဦးအောင်ကြည်ညွန့်၊ ၂၀၂၂ မေ)

လက်ရှိ အနေအထားမှာ၊ ဒီ/ချုပ်ပါတီဝင်တွေနဲ့ အလယ်တန်းခေါင်းဆောင်ပိုင်းတွေဟာ အလွှာပေါင်းစုံ၊ နေရာပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ ပါဝင်နေကြပါတယ်။ လက်နက်ကိုင်လျှောက်လမ်းထဲမှာလည်း ထဲထဲဝင်ဝင် ပေါက်ပေါက်မြောက်မြောက် ပါဝင်ထမ်းရွက်နေကြပါတယ်။ ဒါဟာ တည်ဆဲအခြေအနေအရ ပြည်သူ့အခြေပြု ပါတီဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒနဲ့အညီ ပူးပေါင်းဆောင်ရွက်နေတယ်လို နားလည်နိုင်ပါတယ်။ သိုသော်လည်း လက်နက်ကိုင်လမ်းစဉ်ကို ပါတီမူဝါဒအနေနဲ့ အဓိက ကိုင်ဆွဲပြီး ဆောင်ရွက်နေတာ မဟုတ်ဘူးလို သတိချပ်ရပါ လိမ့်မယ်။ ဘာလိုလဲဆိုတော့ ဒီ/ချုပ်ရဲ့ ပါတီမူဝါဒကို ပါတီ CEC အဖွဲဝင်တွေက လွဲလို ၊ တခြား ဘယ်သူကိုမှ ဆုံးဖြတ်ခွင့် ပေးမထားလို့ပါပဲ။

■ (၁) ဒေါ်အောင်ဆန်းစုကြည်သာ လက်ရှိ တည်ဆဲ နွေဦးတော်လှန်ရေးမှာ ကာယကံမြောက် ပါဝင်ခွင့် ရလာခဲ့ ရင် ၊ ယခု ကိုင်ဆွဲကျင့်သုံးနေတဲ့ လက်နက်ကိုင်လမ်းစဉ်ဟာ ဘယ်သို ဘယ်ပုံ ဖြစ်နိုင်ပါသလဲ။

■ (၂) ဒီ/ချုပ် ပါတီ CEC အဖွဲဝင်တွေသာ နွေဦးတော်လှန်ရေးမှာ ကာယကံမြောက် သဘောထားမှတ်ချက်‌ ပေးနိုင်တဲ့ အခင်းအကျင်းမျိုးသာ ရောက်လာခဲ့ရင် လက်ရှိ ဆွဲကိုင်ကျင့်သုံးနေတဲ့ လက်နက်ကိုင်လမ်းစဉ်ဟာ ဘယ်သို ဘယ်ပုံ ဖြစ်နိုင်ပါသလဲ။

■ (၃) စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို၊ လက်နက်ကိုင်လမ်းစဉ်ကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ မူဝါဒမှာ ရှိလာနိုင်တယ်လို့ ထင်ပါသလား။

စဉ်းစားစရာတွေ ကြိုတင်စဉ်းစား တွေးဆထားဖို့၊ လက်တို့ လိုက်ရပါတယ် ခင်ဗျား။