• Today is: Saturday, April 20, 2024

စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ(၄)ဦးကို သေဒဏ်ပေး ကွပ်မျက်မှုဟာ ၎င်းတို့ကျူးလွန်နေသောအမူများကို ကမ္ဘာကပိုမိုသိစေဖို့ တရားမဲ့ပြုကျင့်ပြလိုက်သာ ဖြစ်တယ်လို့ ဖက်ဒရယ်အင်သားလူငယ် ကွန်ရက် ဝေဖန်ပြောဆို

ဖက်ရယ်ဂျာနယ်၊ ဇူလိုင် ၂၇

စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ(၄)ဦးဖြစ်သည့် ကိုဂျင်မီ(ခေါ်)ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်ပေး ကွပ်မျက်မှုဟာ ၎င်းတို့ကျူးလွန်နေသော အမူများကို ကမ္ဘာကပိုမိုသိစေဖို့ တရားမဲ့ပြုကျင့်ပြလိုက်သာ ဖြစ်တယ်လို့ ဖက်ဒရယ်အင်သားလူငယ်များကွန်ရက်ဘက်က ဝေဖန်ပြောဆို လိုက်ပါတယ်။

“နိုင်ငံတကာ နှင့် တရားဥပဒေဆိုင်ရာ လမ်းကြောင်းအရ အသီးသီးပြောဆိုချက် ရှုတ်ချချက် ထုတ်ပြန်ချက် များကို လျစ်လျူရှုခြင်းသည် စစ်ကောင်စီ ကျူးလွန်နေသောအမှုကိစ္စရပ်များထဲတွင် ကမ္ဘာကို ပိုမို သိစေမည့် ရက်စက်ကြမ်းကြုတ်သော တရားမဲ့ပြုကျင့်မှုဖြစ်ပါသည်” ဟု ဖက်ဒရယ်အင်သားလူငယ်များကွန်ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်တဲ့ အခုလိုပြုမူမှုကို ရှုံချတယ်လို့လည်း ဖက်ဒရယ်အင်သားလူငယ်များကွန်ရက်ဘက်က ပြောဆိုပါတယ်။

“ဒီထုတ်ပြန်ချက်ထုတ်ရတော့ စစ်ကောင်စီရဲ့ ဥပဒေပြုမှုကြောင့် အင်းသားလူငယ်တွေရဲ့ သဘောထားကို ဖော်ပြလို ခြင်းဖြစ်ပါတယ် နောက်ပြီး ဖယ်ဒရယ်ဒိမီုကရစီ လမ်းကြောင်းပေါ် လျှောက်လမ်းတဲ့အခါ မင်းမဲ့ စရိုတ်ဆန်တဲ့ စစ်ကောင်စီကို ရှုံချလိုခြင်းဖြစ်ပါတယ်” ဟု ဖက်ဒရယ်အင်သား လူငယ်များကွန်ရက် တာဝန်ခံ အယ်လွင်က ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

ဒါ့အပြင် ဖက်ဒရယ်အင်သားလူငယ်များကွန်ရက်ဘက်ကတော့ ယခုဖြစ်စဉ်နှင့် ဆက်စပ်ပြီး နွေဦးတော်လှန်ရေး အင်အားစုတွေ ပိုမိုအားကောင်းဖို့လည်း မျှော်လင့်နေပါတယ်။

“နောက်ဆွဲတွဲအကျိူးဆက်တော့ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ နိုင်ငံရေး အင်းအားစုတွေ ပိုပြီး အားကောင်း လာမယ်လို မျှော်လင့်မိပါတယ်။ ဒါအပြင် နိုင်ငံတကာ အထူးတဖြင့် ICJ မှာ သူတို့(စစ်ကောင်စီ) ရင်ဆိုင်ဖို့ ပိုပြီးခက်ခဲ သွားနိုင်တယ်လိုမြင်မိပါတယ်” ဟု ဖက်ဒရယ်အင်သား လူငယ်များကွန်ရက် တာဝန်ခံ အယ်လွင်က ဖက်ဒရယ်ဂျာနယ်ကို ဆက်ပြောပါတယ်။

ဒါ့အပြင် လက်ရှိနွေဦးတော်လှန်ရေးလုပ်နေတဲ့ သူတွေ ကိုယ်တိုင်ကလဲ (စစ်ကောင်စီ)လို PDF တွေကလဲ ဖက်စစ်မဆန်ဖို့ မျှော်လင့်သလို တော်လှန်ရေးစနစ်တကျဖြစ်ဖို့အတွက် ပြန့်ကျဲနေတဲ့ PDF တွေ ကို စုစည်းပေးနိုင်ဖို့ ၎င်းတို့လူငယ်အဖွဲ့ဘက်က တိုက်တွန်းနေပါတယ်။

ထို့အပြင် ယခုဖြစ်စဉ်နှင့် ဆက်စပ်ပြီး တော်လှန်ရေးအင်အားစုများ အားလုံးစည်းလုံးညီညွှတ်ပြီး ပြိုင်တူတွန်းလျှင် နွေဦးတော်လှန်ရေး အောင်ပွဲဟာ အနိုင်ရဖို့ သေချာတယ်ဟု ဖက်ဒရယ်အင်းသားလူငယ်များကွန်ရက်ဘက်က တိုက်တွန်းပြောဆိုထားပါတယ်။