• Today is: Tuesday, March 19, 2024

နွေဦးတော်လှန်ရေးမှာ ကျောင်းသား သမဂ္ဂများပါဝင်မှုအား (စကားဝိုင်း) အနှစ်ချုပ်

နွေဦးတော်လှန်ရေးမှာ ကျောင်းသား သမဂ္ဂများပါဝင်မှုအား (စကားဝိုင်း) အနှစ်ချုပ်

မြန်မာ့သမိုင်းကိုပြန်ကြည့်လိုရှိရင် အင်္ဂလိပ်ခေတ်ကတည်းက ကျောင်းသား သမဂ္ဂ တွေရဲ့စုစည်းမှု၊ မတရားမှုကို တော်လှန်မှုတွေကို ၁၉၂၀ ဝန်ကျင်တုန်းကတည်းကနေပြီးတော့ စတင်တွေ့မြင်ရတယ်။ ကျောင်းသားအဖွဲ့အစည်း တွေလို့ပြောလိုက်ရင် အာဏာရှင်၊ မတရားမှု ဆန့်ကျင်တော်လှန်တဲ့အနေရာမှာ ကျောင်းသား သမဂ္ဂတွေရဲ့ စုစည်းမှု တွေဟာ အခိုင်မာဆုံးလို့တောင် ပြောလိုပါတယ်။ ကျောင်းသားအစုအဖွဲ့တွေဟာ ပါတီနိုင်ငံရေးကင်းရှင်း တယ်။ ကိုယ့်အကျိုးစီးပွားကို ကြည့်သာမဟုတ်ဘဲနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ပြီး တစိုက်မတ်မတ် သွားနေတာဖြစ်ပါတယ်။ ပြည်မက ကျောင်းသား သမဂ္ဂတွေနဲ့ ကျနော်တို့ တိုင်းရင်းသားဒေသက ကျောင်းသား သမဂ္ဂ တွေမှာလည်း တူတဲ့အပိုင်း ရှိသလို တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေ ရှိနေတာကိုလည်း တွေ့နေရတယ်။ ပြည်မ သမဂ္ဂတွေနဲ့ ပြည်နယ် သမဂ္ဂတွေကြားမှာ တူညီတဲ့လုပ်ငန်းတွေကို အတူတကွ လုပ်ဆောင်ပြီးမှ တိုင်းရင်းသားတွေကတော့ ကိုယ်ပိုင် Identity ဥပမာ ချင်း က ချင်းအရေးလုပ်ရမယ့် တာဝန် ဝတ္တရားရှိသလို၊ ကချင် က ကချင်အရေးလုပ်ရမဲ့ တာဝန် ဝတ္တရားရှိသလို တိုင်းရင်းသားတိုင်းက ကိုယ့် အရေး ကိုလုပ်ရမဲ့ ဝတ္တရားရှိတယ်” “ ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ငြိမ်းချမ်းစွာ ဆန္ဒပြလာခဲ့တယ်။ ဒါပေမဲ့ ကြာလာတော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်၊ ရည်မှန်းချက်က ဘာမှမဖြစ်လာခဲ့ဘူးပေါ့။ ဒါ့အပြင် ဆန္ဒပြသူတွေကို ဖမ်းဆီး၊ နှိပ်ဆက်၊ သတ်ဖြတ် ခဲ့မှုတွေ ပိုပိုများလာတဲ့အတွက်ကြောင့် ကျမတို့မှာ ဒီအတိုင်းဆက်သွားလို့ အဆင်မပြေတော့ဘူး။ နောက်ဆုံး ကျမတို့ရဲ့ ရွေးချယ်မှုက လက်နက်ကိုင်တော်လှန်မှပဲ ရတော့မယ်။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့လိုအပ်လာပြီ။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသကို ကိုယ်တိုင်စီမံမှရတော့မယ်။ ဒီအာဏာရှင်စနစ်ကို အမြှစ်ဖြတ်တော်လှန်မှ ရမယ်ဆိုတဲ့ နည်းလမ်းပဲရှိတော့တယ်ဆိုအတွက်ကြောင့် ဒီလက်နက်ကိုင် လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတယ်လို့ဆိုရပါမယ်။ ဒီလိုရွေးချယ်လိုက်လို့ ကျမတို့မှာ ဆိုးကျိုးတွေ အများကြီးတော့ ရှိလာတာပေါ့နော။ ဒါပေမဲ့ ပြည်သူတွေက နှစ်ပေါင်းများစွာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ၊ အမှောင်တွေကြားမှာ ကြောက်ရွံ့နေခဲ့ပြီးပြီပေါ့

Justin (ကိုယ်စားလှယ်၊ ကချင်ပြည်နယ် ကျောင်းသားသမဂ္ဂများ)

ကျနော်တို့ ကချင်ပြည်နယ် ကျောင်းသားများ သမဂ္ဂကို စတင်ဖွဲ့စည်းခဲ့ကြတာကတော့ အဓိကတော့ ကွန်ရက်ပုံစံနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကချင်မှာ ကျောင်းသားသမဂ္ဂတွေအားကောင်းလာတာလဲ မကြာသေးဘူး ခေတ်အဆက်ဆက်မှာ အာဏာပိုင်များရဲ့ ဖိနှိပ်မှုတွေမျိုးမျိုးရှိခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ကျောင်းသား နောင်တော် ကျောင်းသားခေါင်းဆောင်များကနေပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်၊ အဲ့ကို အခု ကျနော်တို့က လက်ဆင့်ကမ်းတာဝန်ယူခဲ့တာပေါ့။ ဖော်ဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်း လိုက်တဲ့အချိန်မှာ ကချင်ပြည်နယ် ကျောင်းသား သမဂ္ဂတွေ ကျနော်တို့က ပိုပြီးတော့ စုစည်းမိသွားကြတယ်။ ဒီလိုနဲ့ပဲ အာဏာသိမ်းမှု ကို ကချင်ပြည်နယ် ကျောင်းသား သမဂ္ဂများဆိုပြီး ဆန့်ကျင်ကန့်ကွက်တဲ့ ထုတ်ပြန်ချက် (Statement) ထုတ်ခဲ့ တယ်။ အခုတော်လှန်ရေးကာလမှာလည်း ကချင်ပြည်နယ် ကျောင်းသား သမဂ္ဂများဟာ ဆက်လက်ပြီးတော့ ပါဝင် နေဆဲဖြစ်ပါတယ်။ အခုဆိုရင် (KACHIN STATE COMPREHENSIVE UNIVERSITY) ကချင်ဒေသ ဘာသာရပ်စုံသက္ကသိုလ်မှာ အဖွဲ့ဝင်ကျောင်းသား သမဂ္ဂတစ်ချို့က ပူးပေါင်းဆောင်ရွက်နေကြသာဖြစ်ပါတယ်။ ဒီထဲမှာလည်း ကျောင်းသားသမဂ္ဂတွေပါဝင်သလို၊ တဘက်မှာ မြန်မာနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂများတွေစုစည်းထားတဲ့ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များ ကော်မတီ (SURC) မှာလည်း ကချင်ပြည်နယ် ကျောင်းသားသမဂ္ဂများက အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့တယ်။

ကျနော်တို့ ကျောင်းသားလူငယ်များသာမက တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်များဟာ အခုအချိန်မှာ ရတဲ့နည်းနဲ့ ကျရာအခန်းကဏ္ဍမှာကိုယ်စီပါဝင်နေတယ်။ တချို့တွေက လွတ်မြောက်နယ်မြေတွေကို သွားရောက်နေတဲ့ လူငယ်တွေရှိသလို တချို့ကလက်ရှိချိန်ထိ မြို့ပေါ်တွေမှာ သပိတ်စစ်ကြောင်းတွေဆက်ထွက်နေဆဲဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေကိုရောက်သွားတဲ့သူတွေမှာလည်း သွားတဲ့ အခန်းကဏ္ဍက မတူကြဘူးပေါ့။ တချို့တွေက လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ကြတယ်။ တချို့တွေက ကျောင်းသား သမဂ္ဂနဲ့သက်ဆိုင်တဲ့ လုပ်ငန်းဆောင် တာတွေ၊ တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေ ဥမာပြောရရင် အောန်လိုင်းကနေ တော်လှန်လို့ရတဲ့ နည်းလမ်း တွေကို ဖန်တီးခဲ့ကြတယ်။ ထောက်ပို့အဖြစ် ပါဝင်ကူညီနေတဲ့ လူငယ်တွေရှိကြတယ်။ ဒီလိုလုပ်ငန်းတွေမတူပေမဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်နဲ့ ခံယူချက်ကတော့ တခုတည်းဖြစ်ပါတယ်။ အဲ့ဒါကတော့ အာဏာရှင် မြစ်ပြက်ကျဆုံး ရေးပဲဖြစ်ပါတယ်။

အခုချိန်မှာ ကျနော်တို့ရဲ့ တော်လှန်ရေးကာလက တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ တစ်နှစ်ကျော်အချိန်မှာ ပြန်လည်စဉ်းစားလိုက်တဲ့ အစပိုင်းမှာ စစ်တပ်ရဲ့ထောက်တိုင်တွေ၊ အုပ်ချုပ်ရေးယန္တရားဖြိုဖျက်ခဲ့ကြတယ်။ အဲ့ဒါကတော့ CDM လှုပ်ရှားမှုဖြစ်ပါတယ်။ ပြောရရင် ကမ္ဘာကတောင် ချီးကျူးခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပါ တယ်။ ဒါတွေကို ဦးဆောင်သူတွေဟာ ဘယ်သူတွေလည်းလို့ပြောရင် ပြည်သူတွေပဲဖြစ်ပါတယ်။ အခု တော်လှန်ရေးလိုအပ်ချက်အရ လက်နက်ကိုင်သွားတဲ့အခါမှာလည်း ပြည်သူများက ပါဝင်ခဲ့ကြပါတယ်။ လူငယ်တွေက လက်နက်ကိုင်ကြတယ်။ ပြည်သူတွေက အနောက်ကနေပံ့ပိုးကူညီကြတယ်။ ဆိုတော့ အဓိက ပြောချင်တာက ဒီတော်လှန်ရေးကို မောင်းနင်နေတာကတော့ ပြည်သူတွေပဲဖြစ်ပါတယ်။ ဆိုလိုချင်တာက ဦးဆောင်မှုအခန်းကဏ္ဍမှာပါဝင်နေသူတွေက ပြည်သူ့မျက်နှာကိုမူရမှာဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကိုဆန့်ကျင် လို့မရပါဘူး။  

Salai Thang Naing (ဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား သမဂ္ဂ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား သမဂ္ဂ ဖြစ်ပေါ်လာတဲ့အကြောင်းအရင်းမှာ နောက်ခံသမိုင်းကြောင်းတွေ အများကြီးရှိခဲ့တယ်။ ချင်းကျောင်းသား သမဂ္ဂကို ၁၉၄၇-၄၈ ခုနှစ်ကတည်းက Chin Hill Student Union ဆိုပြီး တော့မှ ကျနော်တို့ရဲ့ ကျောင်းသားခေါင်းဆောင်တွေကနေပြီး စတင်ဖွဲ့စည်းခဲ့ကြတယ်။ အဲ့ဒီအဖွဲ့အစည်းအနေနဲ့ ကျနော်တို့ လှုပ်ရှားမှုတွေ ကျေင်းသားထု အခွင့်အရေးတို့ အထူးသဖြင့် ချင်းအမျိုးသားအခွင့်အရေးစုစည်းမှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ အဲ့ကနေတဆင့်မှ ၁၉၅၈-၁၉၆၂ ဖြစ်လာတော့ ရန်ကုန်ကျောင်းသားသမဂ္ဂ အဆောက်အအုံ တို့ ဖြိုခွဲခံရပြီးတဲ့နောက်ပိုင်းမှာ ချင်းတောင်ကျောင်းသား သမဂ္ဂ အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား သမဂ္ဂ တွေ ကိုယ့်ကိုယ်ကို ရပ်တည်ပိုင်ခွင့် လှုပ်ရှားပိုင်ခွင့်တွေကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့အခါကျတော့ ချင်းကျောင်းသား သမဂ္ဂလည်း မရှိတော့ဘူးပေါ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကနေပြီးတော့ ဖွဲ့စည်းပေးလိုက်တယ်။ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဆိုပြီးတော့ တနိုင်ငံလုံးအဆင့်အနေနဲ့ ဖွဲ့စည်းပေးလိုက်တယ်။ အဲ့ဒီ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဗဟိုရဲ့အောက်မှာမှ ကချင်၊ ချင်း စသည်ဖြင့် တိုင်းရင်းသား ကျောင်းသားအဖွဲ့တွေကို ဖွဲ့စည်းပေးလိုက်တယ်။ အမှန်တကယ်ကတော့ တာကကျောင်းသားအဖွဲ့လို့လည်း ခေါ်လို့မရဘူး။ အဖွဲ့အစည်းရဲ့နာမည်မှာလည်း ကျောင်းသားမပါဘူး။ ကျောင်းသားထု အခွင့်အရေးကိုလည်း ဖော်ဆောင်လို့မရဘူး။ တိုင်းရင်းသားတွေအနေနဲ့လည်း ကိုယ့်အမျိုးသားရေး ကို တည်ဆောက်လို့လည်းမရဘူး။ မြန်မာနိုင်ငံစတင်ဖြစ်ပေါ်လာပုံကို ပြန်ပြောရရင် ကျနော်တို့တိုင်းရင်းသား တွေက ပင်လုံစာချုပ်အရ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတာကို ကျောင်းသားထုတွေအနေနဲ့ လက်လက် လုပ်ဆောင် အကောင်အထည်ဖော်ခွင့်မရခဲ့ဘူး။ စာပေနှင့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာယဉ်ကျေးမှု ကျောင်းမှာ ပါချုပ်ရဲ့အောက်မှာ၊ ကျောင်းအာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ခွင့်ပြုတဲ့အရာတွေပဲ လုပ်လို့ရတယ်။ ပြောမယ်ဆိုရင် ပွဲလမ်းသဘင်မှာ ရိုးရာဝတ်စုံလည်းဝတ်ပြီးမှ သွားကမယ် တာတွေလောက်ပဲ လုပ်ပိုင်ခွင့်ပေး ထားတယ်။ နှစ်ပေါင်း ၅၀ လောက်ကြာပြီးမှ ၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာတဲ့အခါကျတော့ ၂၀၀၈ အောက်က ဟန်ပြ ဒီမိုကရေစီမှာ ကျောင်းသားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းတွေ အခြားလူ့အခွင့်အရေး ပတ်သက်ပြီး လှုပ်ရှားတဲ့အဖွဲ့တွေ တဖြည်းဖြည်းနဲ့ပြန်ပြီးတော့‌ ပေါ်ပေါက်လာတဲ့အချိန်မှာ ကျနော်တို့ ချင်းကျောင်းသားတွေကိုလည်း ပြန်ပြီးတော့ စုစည်းခဲ့တယ်။ ချင်းကျောင်းသား သမဂ္ဂ ပြန်လည်ရပ်တည်ဖို့လိုပြီ ကျနော်တို့အခု ပြန်ရပ်တည်ဖို့ အခွင့်အလမ်းရှိလာပြီဆိုတဲ့ အသိတရားတွေ ကျောင်းသားအနည်းစုမှာ ရှိလာခဲ့တယ်။ ဒီကနေမှ ကိုယ့်အမျိုးသားရေး စိတ်ပါဝင်စားတဲ့ ကျောင်းသားတွေစုစည်းပြီး ၂၀၁၄ ခုနှစ် မှာ ချင်းပြည်နယ် ထန်တလန်မြို့မှာ တရားဝင် ချင်းကျောင်းသားထု ညီလာခံကို ကျင်းပခဲ့တယ်။ အဲ့ကနေမှ ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများ သမဂ္ဂဆိုပြီးတော့ ဖွဲ့စည်းခဲ့ကြတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား သမဂ္ဂရဲ့အောက်မှာ ကျောင်းအသီးသီးက Chin Student Union (Kalay), Chin Student Union  (Pakokku), Chin Student Union  (Magway), Chin Student Union  (Sittwe) စသဖြင့် ကျနော်တို့ ဖွဲ့စည်းခဲ့ကြပြီး အခုချိန်ထိ ကျနော်တို့ ကျောင်းသားထုအခွင့်အရေးမှာလည်း တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား သမဂ္ဂ ညီနောင်တွေနဲ့ ပူးပေါင်းပြီးတော့ပါတယ်။ တဘက် ကိုယ့်အမျိုးသားရေးအတွက် လှုပ်ရှားမှုတွေ၊ အာဏာရှင် ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒ၊ ကျနော်တို့ ချင်းမျိုးသားတွေ ကိုယ့်ကြမ္မာကို ဖန်တီးခွင့် အဟန့်အတားဖြစ်စေတဲ့ အာဏာရှင်မှန်သမျှကို ဆန့်ကျင်ရမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ကျနော်တို့ အခုချိန်ထိ ရပ်တည်ပြီးတော့ လှုပ်ရှားနေပါတယ်။  

မြန်မာ့သမိုင်းကိုပြန်ကြည့်လိုရှိရင် အင်္ဂလိပ်ခေတ်ကတည်းက ကျောင်းသား သမဂ္ဂ တွေရဲ့စုစည်းမှု၊ မတရားမှုကို တော်လှန်မှုတွေကို ၁၉၂၀ ဝန်ကျင်တုန်းကတည်းကနေပြီးတော့ စတင်တွေ့မြင်ရတယ်။ ကျောင်းသားအဖွဲ့အစည်း တွေလို့ပြောလိုက်ရင် အာဏာရှင်၊ မတရားမှု ဆန့်ကျင်တော်လှန်တဲ့အနေရာမှာ ကျောင်းသား သမဂ္ဂတွေရဲ့ စုစည်းမှုတွေဟာ အခိုင်မာဆုံးလို့တောင် ကျနော်က ပြောလိုပါတယ်။ ကျောင်းသားအစုအဖွဲ့တွေဟာ ပါတီနိုင်ငံရေး ကင်းရှင်းတယ်။ ကိုယ့်အကျိုးစီးပွားကို ကြည့်သာမဟုတ်ဘဲနဲ့ ဥပမာ ချင်းအနေနဲ့ကြည့်ရင် ချင်းတစ်မျိုးသားလုံး အတွက်ကြည့်တယ်။ နိုင်ငံနဲ့ကြည့်မယ်ဆိုရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ပြီး တစိုက်မတ်မတ်သွားနေတာ ဖြစ်ပါတယ်။ ပြည်မက ကျောင်းသား သမဂ္ဂတွေနဲ့ ကျနော်တို့ တိုင်းရင်းသားဒေသက ကျောင်းသား သမဂ္ဂ တွေမှာလည်း တူတဲ့အပိုင်းရှိသလို တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေရှိနေတာကိုလည်း တွေ့နေ ရတယ်။ ပြည်မ သမဂ္ဂတွေနဲ့ ပြည်နယ် သမဂ္ဂတွေကြားမှာ တူညီတဲ့လုပ်ငန်းတွေကို အတူတကွလုပ်ဆောင်ပြီးမှ တိုင်းရင်းသားတွေမှကတော့ ကိုယ်ပိုင် Identity ဥပမာ ချင်း က ချင်းအရေးလုပ်ရမယ့် တာဝန် ဝတ္တရားရှိသလို၊ ကချင် က ကချင်အရေးလုပ်ရမဲ့ တာဝန်ဝတ္တရားရှိသလို တိုင်းရင်းသားတိုင်းက ကိုယ့် အရေး ကိုလုပ်ရမဲ့ ဝတ္တရားရှိ တယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကျောင်းသား သမဂ္ဂလှုပ်ရှားမှုတွေကိုကြည့်ရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ တပိုင်းကြည့်လို့ရသလို တိုင်းရင်းသားတွေ ရှု့တောင့်ကနေကြည့်လို့ရှိရင် တပိုင်းကြည့်လို့ရတယ်။

မသက်ကလျာစိုး (ကိုယ်စားလှယ်၊ ကယားပြည်နယ် ကိုယ်စားပြု ကျောင်းသားသမဂ္ဂ)

 ၂၀၁၂ ခုနှစ်မှာ ကယားပြည်နယ်ကျောင်းသား သမဂ္ဂ ဆိုပြီး စတင်ဖွဲ့စည်းခဲ့တယ်။ ၂၀၂၁ နောက်ပိုင်းမှာတော့ ကရင်နီ ကျောင်းသား သမဂ္ဂ ဆိုပြီးတော့ပြန်ပြီးခေါ်ဝေါ်လာခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ ကျောင်းသားနဲ့ ဒီမိုကရေစီ ရေး၊ ကျောင်းသား ပညာရေး တိုးမြှင့်ဖို့ ပွင့်လင်းမြင်သာတဲ့ ပညာရေးစနစ်တွေကို လမ်းဖွင့်ပေးဖို့ရန်ဆိုပြီး၊ အဲ့ဒီ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကယားပြည်နယ် ကျောင်းသားသမဂ္ဂအနေနဲ့ ကျောင်းပေါင်းစုံ ကို ကိုယ်စားပြုနိုင်တဲ့၊ ပါဝင်လာနိုင်ဖို့အတွက် လှုပ်ရှားလုပ်ဆောင်ခဲ့တယ်။ ရှေ့က ရဲဘော်တွေအနေနဲ့ နိုင်ငံရေးမှာ ကျောင်းသားတွေ လွတ်လပ်စွာပါဝင်နိုင်ဖို့အတွက်ကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြတယ်။ စစ်အာဏာရှင်၊ အာဏာရှင် ဆန့်ကျင်ဖြုတ်ချရေးတွေမှာလည်း သက်ကြွစွာပါဝင်ခဲ့ကြတယ်။ ၂၀၂၁ ခုနှစ် နောင်းပိုင်းမှာတော့ ကျမတို့ ကျောင်းသား သမဂ္ဂတွေပိုပြီးစုစည်းလာတယ်။ ပိုပြီးအားကောင်းလာတယ်။ ကယားပြည်နယ်ထဲမှာရှိတဲ့ ကျောင်းတွေအားလုံးကို စုစည်းကိုယ်စားပြု ကျောင်းသား သမဂ္ဂဖြစ်လာဖို့ဟာ လွယ်တော့မလွယ်ဘူးပေါ့။ ဒါပေမဲ့ ကျောင်းသား သမဂ္ဂ က ကျောင်းသားရှိမှဖြစ်မယ်၊ ကျောင်းသားတွေလည်း ကျောင်းသား သမဂ္ဂ ကိုလိုအပ်တယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားအားထုတ်ခဲ့မှုကြောင့်လည်း အခုဆိုရင် ကျောင်းပေါင်းစုံ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေး မှုတွေပြုလုပ်နိုင်တယ်။ ပြီးတော့ နိုင်ငံရေးမှာ တက်ကြွစွာပါဝင်လာခဲ့ကြတယ်။ ကျမတို့ စတင်ဖွဲ့စည်းခဲ့စဉ်က ရည်မှန်ချက်တွေနဲ့ လိုအပ်နေသေးသော်လည်း အချိန်နဲ့အလုပ်က ကျမတို့အပေါ်မှာ အမြဲတမ်းမှုတည်နေတယ်။

အာဏာရှင်တွေရဲ့ ဖိနှိပ်မျိုးစုံကြားက ကျောင်းသား သမဂ္ဂတွေဟာ ပျောက်ကွယ်မသွားဘူး တည်ရှိနေဆဲဖြစ် ပါတယ်။ ဆိုတော့ ကျမတို့ ကျောင်းသားတွေ ပိုမိုအားကောင်းဖို့ဆိုရင် မူဝါဒလည်းလိုအပ်သလို စိတ်ဓါတ်ပိုင်း ဆိုင်ရာလည်း ခေါင်းဆောင်တစ်ဦးမှာရှိသင့်တာတွေလိုအပ်တယ်။ ကျမအထင်တော့ ကျောင်းသားတွေကို နှစ်ရှည်လများစွာ ဖမ်းဆီးချုပ်နှောင်ထားတာကတော့ ကမ္ဘာမှာ မြန်မာနိုင်ငံကတော့ အဆိုးဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ကျမတို့ ကျောင်းသား သမဂ္ဂတွေလုပ်တာက ကျောင်းသားထု ရသင့်ရထိုက်တဲ့အခွင့်အရေးတွေဖြစ် တယ်။ ဒီလို ကျောင်းသားအခွင့်အရေးတွေတောင်းဆိုခဲ့သော်လည်း ဘယ်အစိုးရကမှ လိုက်လျောပေးတာ တွေမရှိခဲ့ဘူး။ အားပေးအားမြောက်လုပ်တာတွေမရှိဘူး။ ကျမတို့ လိုချင်တာကတော့ ကျမတို့မျှော်လင့်နေတဲ့ ဒီမိုကရေစီ ပညာရေးတွေ၊ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ပေးဖို့လိုအပ်ပါတယ်လို့ဆိုချင်ပါတယ်။ ကျေင်းသား လွတ်လွတ်လပ်လပ် ကျောင်းသား သမဂ္ဂတွေဖွဲ့စည်းပြီးတော့ ကျောင်းတွင်း နိုင်ငံရေးတွေ၊ ကျောင်းတွင်းလှုပ်ရှား အားလုံးကို ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားတွေကနေပြီး လွတ်လပ်စွာဆွေးနွေးမှုမျိုးတွေလိုချင်တယ်။ 

၂၀၂၁ ဖေဖော်ဝါရီလကစပြီး ငြိမ်းချမ်းစွာ ဆန္ဒပြလာခဲ့တယ်။ ဒါပေမဲ့ ၅-၆ လ ကြာလာတော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်၊ ရည်မှန်းချက်က ဘာမှမဖြစ်လာခဲ့ဘူးပေါ့။ ဒါ့အပြင် ဆန္ဒပြသူတွေကို ဖမ်းဆီး၊ နှိပ်ဆက်၊ သတ်ဖြတ် ခဲ့မှုတွေ ပိုပိုများလာတဲ့အတွက်ကြောင့် ကျမတို့မှာ ဒီအတိုင်းဆက်သွားလို့အဆင်မပြေတော့ဘူး။ နောက်ဆုံး ကျမတို့ရဲ့ ရွေးချယ်မှုက လက်နက်ကိုင်တော်လှန်မှပဲ ရတော့မယ်။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့လိုအပ်လာပြီ။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသကို ကိုယ်တိုင်စီမံမှရတော့မယ်။ ဒီအာဏာရှင်စနစ်ကို အမြှစ်ဖြတ်တော်လှန်မှ ရမယ်ဆိုတဲ့ နည်းလမ်းပဲရှိတော့တယ်ဆိုအတွက်ကြောင့် ဒီလက်နက်ကိုင် လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတယ်လို့ ဆိုရပါမယ်။ ဒီလိုရွေးချယ်လိုက်လို့ ကျမတို့မှာ ဆိုးကျိုးတွေအများကြီးတော့ ရှိလာတာပေါ့နော။ ဒါပေမဲ့ ပြည်သူ တွေက နှစ်ပေါင်းများစွာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ၊ အမှောင်တွေကြားမှာ ကြောက်ရွံ့နေခဲ့ ပြီးပြီပေါ့။ ဆိုတော့ ကျမတို့ ကိုယ့်ကံကြမ္မာကိုယ် ရွေးချယ်ဖို့သင့်ပြီပေါ့။ အဲ့တော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာ မှန်လားမှားလားဆိုတာကိုတော့ ကျမ မပြောချင်ပါဘူး။ ကိုယ့်အမျိုးသားအခွင့်အရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အားလုံးမျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ဖို့အတွက် ကြိုးစားနေကျတာဖြစ်တဲ့အတွက် ကျမတို့အတွက် ခွန်အားဖြစ်စေခဲ့ပါတယ်။