• Today is: Friday, March 29, 2024

နေ့စဉ်သတင်း အကျဉ်း

                                                                      ဂျူလှိုင် – ၁ – ၂၀၂၂ ခုနှစ်

  • စစ်တပ်ဏာသိမ်းပြီးပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယနေ့ ဂျူလှိုင်လ (၁)ရက်နေ့အထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူ ( ၂၀၅၃ )ဦးရှိထိရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးခံ ရသည့်ပြည်သူ ( ၁၄၄၂၇)ဦးထိ ရှိခဲ့ပြီး (၁၁၃၆၂ ) ဦးမှာ လက်ရှိချိန်ထိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း AAPP မှ ထုတ်ပြန်ထားပါသည်။

 

  • လက်ရှိနိုင်ငံရေးအကျပ်အတည်းကိုကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်သူပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး နဲ့တွေ့ဆုံနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းပေးရန် မြန်မာနိုင်ငံအာဆီယံကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်Park SoKhonnနဲ့ ဒီနေ့တွေ့ဆုံမှုမှာ တိုက်တွန်းခဲ့တယ်လို့ NCA- S EAO က ဆိုပါတယ်။ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၇)ဖွဲ့နဲ့ မြန်မာနိုင်ငံ အာဆီယံ ကိုယ်စားလှယ်တို့ဟာ စစ်ကောင်စီရဲ့ စီစဉ်ပေးမှုနဲ့ ဒီနေ့ဇူလိုင်(၁)ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP)တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အခြေစိုက် ရွာငံမြို့ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဇွန်လ (၃၀)ရက်‌နေ့ ည‌နေပိုင်း မှာ YPDF က အများပြည်သူကို အသိပေး‌ကြေညာခဲ့ပါတယ်။ YPDF ကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်‌‌နေ့က စတင်ဖွဲ့စည်းခဲ့ပြီး မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌တွေနဲ့ ပူးပေါင်းကာ ရွာငံနဲ့ ပင်းတယမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့အဖွဲ့ဖြစ် ပါတယ်။

 

  • ချင်းပြည်နယ် ပလက်ဝမြို့မှာ လျှပ်စစ်ဓာတ်အား ပေးဝေတာတွေ ပြတ် တောက်နေတဲ့အတွက် လျှပ်စစ် မီး မလာတာဟာ ရက်သတ္တပတ်ပြည့်တော့မှာ ဖြစ်တယ်လို့ ပလက်ဝမြို့ ခံတွေဆီက သိရပါ တယ်။ ” အချိန်ပိုင်းနဲ့ မီးပေးတာမျိုးဖြစ်တယ် ၊ ၂ ပိုင်းခွဲပြီး အလှည့်ကျ ပေးတာပါ ၊ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်ကစလို့ လုံးဝ မီးမလာတာ ဒီကနေ့အထိပဲ “လို့ ပလက်ဝမြို့ခံ တယောက်က ပြောပါတယ်။ ပလက်ဝဒေသရဲ့ မြို့မီးလင်းရေးနဲ့ လျှပ်စစ်မီးဖြန့်ဖြူးရေးလုပ်ငန်းတွေဟာ လောင်စာဆီသုံး အင်ဂျင်မီးစက်ကို အသုံးပြုပြီး ညစဥ် အချိန်ပိုင်းနဲ့သာ ထုတ်လုပ်ဖြန့်ဝေပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

 

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်ဒေသတွင် ဖြစ်ပွားခဲ့သည့် ဇွန် ၂၉ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်း ထုတ်ပြန်လာသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။ ဇွန် ၂၉ ရက်တွင် KNU ထိန်းချုပ်နယ်မြေတပ်မဟာ (၆) လေးကေ့ကော်‌ဒေသရှိ တောင်ကုန်းတခုပေါ်သို့ စစ်ကောင်စီတပ်က ၄၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ စသည့် လက်နက်ကြီး ပစ်ကူများဖြင့် ကျူးကျော်ရန် ကြိုးစားခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကော်ဘရာတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်များ ည ၁၀နာရီ ခွဲခန့် တွင် ဆုတ်ခွာသွားရကြောင်း ကော်ဘရာစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

  • မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှ ရေးမြိုသို့ သွားသည့် အာဏာသိမ်း စစ်ကောင်စီယာဉ်တန်းကို ယနေ့ ဇူလိုင်လ(၁)ရက်နေ့၊ နံနက်ပိုင်းက နှစ်ကြိမ်တိုက်ခိုက်ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီ တပ်သား သုံးဦးသေကြောင်း မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါစစ်ကောင်စီ၏ ကားလေးစီးပါ ယာဉ်တန်းကို အေးကမ္ဘာရွာနှင့် ဘေးလမိုင်းရွာကြား၌ နံနက်(၁၀) နာရီခွဲတွင် တစ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတစ်စီးပျက်စီးပြီး အများအပြားထိခိုက် ဒဏ်ရာရကြောင်း သိရသည်။

 

  • ကရင်နီပြည်နယ်၊ လွိုင်ကော်-လောပိတလမ်းမကြီးပေါ်တွင် စစ်ကောင်စီထောက်ပို့ယာဉ်တစ်စီးကို ဇွန်လ ၃၀ ရက်နေ့နံနက်ပိုင်းကကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရေးဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သား နှစ်ဦး စုစုပေါင်းလေးဦး သေဆုံးသွားကြောင်း KNDF မှ ထုတ်ပြန်ထားသည်။ လောပိတအမှတ်(၂) သင်္ဘောပင်စခန်းနှင့် ဓာတ်ဦးပွင့်ဘုန်ကြီးကျောင်းကြားလမ်းမပေါ် လုံခြုံရေးကင်း လှည့်နေစဉ် စစ်တပ် ထောက်ပို့ကားတစ်စီးနှင့်ထိပ်တိုက်တွေ့ရာ မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကားပေါ်ပါသူ လေးဦးလုံးသေဆုံးသွားခြင်းဖြစ်သည်။

 

  • ချင်းပြည်နယ်တောင်ပိုင်း ၊ မတူပီမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ ဖုန်းလိုင်းအားလုံး အဆက်အသွယ် ပြတ်တောက်သွားပြီဖြစ်တယ်လို့ မတူပီမြို့ခံတွေဆီက သိရပါတယ်။ ” ဖုန်းလိုင်းက ပြီးခဲ့တဲ့ ဇွန် ၁၅ ရက် နောက်ပိုင်း ကောင်းတချက် ၊ မကောင်းတချက်ဖြစ်နေတယ် ၊ အသုံးပြုရတာ အဆင်မပြေဘူး ၊ ဒီ မနက် ပိုင်း ကစလို့ လိုင်းလုံးဝပျက်သွားတယ် ၊ ဖုန်းပြောဖို့ဆိုရင် မင်းတပ်လမ်းဘက်အထိသွား ပြီးပြောရတယ် ” လို့ မတူပီမြို့နေ ဒေသခံတယောက်က ပြောပါတယ်။

 

  • ကချင်ပြည်နယ် ၊ ဖားကန့်မြို့တွင် ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့် က ချိပ်ပိတ်ခံထားရသည့် ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ဖျက်ဆီးခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်သည် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်း ၏ နေအိမ်ကို ဇွန် လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နေအိမ်ချိပ်ပိတ်ခဲ့ပြီးနောက်ရက်တွင် ယခုကဲ့သို့ ထပ်မံလာရောက်၍ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ လက်နက်အပြည့် အစုံကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် အရပ်ကား ၁၀ စီးဖြင့် ကိုအောင်ဟိန်းမင်း နေအိမ်ကို မီးရှို့ ရန် ပြုလုပ်ခဲ့ပြီး အနီးအနားရှိပြည်သူများမှ မီးမရှို့ရန် တောင်းပန်ပြောဆိုမှသာ နေအိမ်အား ဖျက်ဆီးခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

 

  • ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာအနီးတွင်ဇူလိုင် ၁ ရက်နေ့က မိုင်းနင်းမိ၍ နွားကျောင်းသွားသည့် ဒေသခံတစ်ဥဦးထိခိုက်မှုဖြစ်ပွါးခဲ့ကြောင်း ကျေးရွာသားများထံမှသိရသည်။ ဖြစ်စဥ်မှာ ယနေ့ နေ့လည်ပိုင်းအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ဝက်မှိုင်းကျေးရွာ သား ဦးသန်းစိန်မောင် (၄၅) နှစ်မှာ ခမရ (၃၇၅) အနီးရှိ တောင်ကြားသို့ နွားလိုက်ရန်သွားစဥ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု ဝက်မှိုင်းကျေးရွာမှ ကိုဝင်းတင်ကပြောသည်။ “သူက တောင်ကြားဖက် ရောက် သွားတဲ့နွားတွေကို သွားလိုက်ရင်း မိုင်းနင်းမိ တာပါပဲ။ အချိန်ကတော့ နေ့လည်း ၁ နာရီ လောက်ပါ။ ခုတော့ လူနာကိုကျောက်တော်ဆေးရုံကနေ စစ်တွေကိုပို့လိုက်ရပါတယ်။ ခြေထောက် တွေဒဏ်ရာတော့ပြင်းထန်တယ်။ ညာဖက်ခြေလုံးဝပြတ်သွားတယ်” ဟုပြောသည်။

 

  • ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ပြည်သူများ စုပေါင်းကာ “တော်လှန်ဟစ်ကြွေး သွေးမအေးဘူး” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး မှော်ပေါင်းစုံ သပိတ်ချီတက် ခြင်းကို ယနေ့ ဇူလိုင် ၁ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့​ကြောင်း သိရသည်။

 

  • ရန်သူစစ်တပ်၏ နေ့စဥ်ရက်ဆက် ဆိုးရွားလွန်းလှသော တရားမဲ့လုပ်ရပ်များကို လုံးဝသည်းမခံနိုင်တော့ သော ရန်ကုန်မြို့ရှိ လူငယ်များ စုပေါင်း၍ “သူပုန် တွေလာပြီဟေ့” စာတန်းပါ ဘန်နာအား ကိုင်စွဲကာ အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြသည်။ ယမန်​နေ့ညမှ လှည်းတန်း​စျေးတွင် ဖြစ်ပွား ခဲ့​သော စစ်တပ်၏ အကြမ်းဖက်မှုအ​ပေါ် ​ပြည်သူလူထုများအ​နေဖြင့် တုန်လှုပ်​နေမည်မဟုတ်​ကြောင်း ၊ ​တော်လှန်လူငယ်များအ​နေဖြင့်လည်း ​ကြောက်ရွံ့ခြင်းမရှိ ဆက်လက်​တော်လှန်​နေမည်​ဖြစ်​ကြောင်းကို ရဲရဲဝံ့ဝံ့ ထုတ်​ဖော်ပြသကြသည် ။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် “ကရင်ပြည်ကိုဖိနေချိန် ကျန်တဲ့ နေရာစုံများက ကြွပေးကြပါလို့ တိုက်တွန်းပါတယ်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင် ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်-ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆာင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ တွင် ပုသိမ်-မုံရွာ လမ်းမပေါ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကနီမြို့နယ် ရှစ်ခိုးထပ်ကွေ့အနီး၌ ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ပင်လောင်းမြို့နယ် အတွင်းရှိကောင်ခါးကျေးရွာတွင် ကျေးရွာတွင်းရေမရှိသဖြင့် နှစ်စဉ်ရေရှားပါးမှု ကြုံတွေ့နေရကြောင်း သိရသည်။ ကောင်ခါးရွာသည် မြေနီလမ်းဖြစ်သည့်အတွက် ရွာနှင့်အနီးဆုံး ၁ မိုင် ကျော်မှ ရေသယ်ယူသည့်အခါတွင် ကားဆိုင်ကယ်နှင့် မသယ်နိုင်သည့်အတွက်လူနှင့် နိုင်သလောက်သာ သယ်ယူနေရသည့်အတွက် မိုးရာသီတွင်လည်း ရေအခက်ခဲရှိနေကြောင်း သိရသည်။ “ရွာမှာရေတွင်း ရေလှောင်ကန်မရှိတော့ ဂျာမနီလမ်းဘေးရှိတဲ့ စမ်းရေကြည်မှာ သွားခပ်ရတယ် ရွာကနေသွားရင် မြေလမ်းဖြစ်တော့မိုးရာသီမှာ ကားဆိုင်ကယ် သွားလာလို့မရလို့ လူနဲ့ပဲ ခပ်ရတယ် ”ဟု ထိုရွာတွင်တာဝန် ကျဖူးသော ကျောင်းဆရာဟောင်းတစ်ဦးကပြောသည်။

 

  • ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးညီလေးအား ဇွန် ၃၀ ရက်နေ့က စစ်ကောင်စီတပ်သားများက ၎င်း၏ နေအိမ်သို့လာရောက်ရှာဖွေမှုရှိခဲ့ကြောင်း ကာယကံရှင် ထံမှ သိရသည်။ ဦးညီလေး မှာ သံတွဲမြို့နယ် ငပလီမြို့ စျီးဖြူကုန်းရပ်ကွက် (၂) တွင်နေထိုင်သူတစ်ဦး ဖြစ်ပြီး ယမန်နေ့ ည ၁၀ နာရီ နီးပါးခန့်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက သူ၏ နေအိမ်သို့လာရောက်ကာ ၎င်းအား ရှာဖွေမှုရှိခဲ့သည်ဟု သံတွဲမြို့နယ် တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဦးညီလေးက ပြောသည်ဟု Western News တွင် ဖော်ပြထားသည်။

 

  • ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းနှင့် ပဲခူးမြစ်လမ်းဆုံရှိ မော်တော်ပီကယ် ရဲကင်းအား ဇွန်လ ၃၀ ရက် ည ၈ နာရီခန့်က ဖောက်ခွဲခဲ့ကြောင်း ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ ( SDGF ) ထံက သိရသည်။ “ပျက်စီးသွားဖို့ထက်  အသံကို ဦးစားပေးဖောက်ခွဲတာမို့ ဆိပ်ကမ်းတဝိုက်က ကြားရ တယ်။ အပျက်အစီးကတော့ ပတ်ပတ်လည် မှန်ချပ်တွေကွဲတယ်။ အမိုးလန် သွားတယ်”ဟု SDGF အဖွဲ့ တာဝန်ရှိသူကပြောသည်။ အဆိုပါနေရာတွင် စစ်ကောင်စီတပ်၊ ရဲနှင့်ယာဉ်ထိန်းရဲများသည် စက်ဘီး၊ ဆိုင်ကယ်များ အားဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း SDGF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

 

  • ဧရာဝတီတိုင်း ကြံခင်းမြို့နယ် မျှင်ဝါးတောင်အုပ်စု ရခိုင်ရိုးမအစပ်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

 

  • ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကို ဆက်သွယ်တည်ဆောက်ထားသည့် ဂွချောင်းတံတားကို ယနေ့ ဇူလိုင် ၁ ရက်မှစတင်ကာ ယာယီဖြတ်သန်းသွားလာခွင့်ပေးလိုက်ပြီဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။ “လောလောဆယ် တံတားကိုယာယီပေးဖြတ်ခွင့်ပေးထားတာ။ ဒီလို ကားလေးတွေ သွားလာလို့ရရင် ပြည်သူတွေ အတွက်ကို အကျိုးရှိလို့။ အခုက ကျောင်းသားတွေက ကူးတိုးနဲ့သွား လာနေရတယ်။ ကူးတိုးနဲ့လားနေရတော့ မိုးစိုစွတ်တယ်လေ။ တံတားပေါ်ကဆိုတော့ လမ်းလျှောက်လို့ပဲ သွားသွား၊ စက်ဘီးနဲ့ပဲသွားသွား၊ ကားလေးတွေဆို ရင်လည်း ဟိုဖက်ကမ်း၊ ဒီဖက်ကမ်း သွားလာလို့ရတဲ့ အဆင့်ဆိုပြီးတော့ သက်ဆိုင်ရာအဆင့် ပြည်ထောင်စုဝန်ကြီးတွေကို တင်ပြပြီးတော့ ယာယီအသုံးပြု ခွင့်ပေးထားတာ”ဟု ဆိုသည်။

 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ စပါးအုံးကျေးရွာအနောက်ဘက်ရှိ ရခိုင်ရိုးမတောင်ခြေတွင် ယနေ့ ဇူလိုင် လ ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှစတင်၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။ စပါးအုံးကျေးရွာအနောက်ဘက်သို့ အင်အား ၆၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သားများ ထိုးစစ်ဆင် ဝင်ရောက်လာ၍ ရိုးမဧရာဝတီ PDF တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ အခြေခံပညာ ဆရာ၊ ဆရာမ ၇ ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဝက်လက်မြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ထံ အသိပေးအကြောင်းကြားပြီး အကြမ်း မဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာကြောင်း ဝက်လက်မြို့နယ်သတင်းမှန် ပြန်ကြား ရေးအဖွဲ့ထံမှ သိရသည်။ “သူတို့က စစ်ကောင်စီ လက်အောက်မှာ ဆက်ပြီး တာဝန်မထမ်း ဆောင်ချင် တော့လို့ CDM ဝင်ခဲ့ကြသူတွေပါ။ သူတို့ CDM ဝင်တယ်ဆိုတဲ့ အကြောင်းကို ဝက်လက်မြို့နယ် ပညာရေး ဘုတ်အဖွဲ့ကို ဆက်သွယ်လာတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ CDM ဝင်လာကြ တာပါ။ ဘာဖိအားပေးမှုမျိုးမှ မရှိပါဘူး” ဟု ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်း #ပြည်တွင်း

https://www.facebook.com/federaljournal

https://www.federaljournalmm.org/