• Today is: Thursday, March 28, 2024

နေ့စဉ်သတင်းအကျဉ်း

                                                           ဇူလိုင် – ၆ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်မှ အကြမ်းဖက်ပစ်သတ်မှုကြောင့် ယနေ့ ဇူလိုင်လ(၆)ရက်နေ့အထိ အသက် သေဆုံးခဲ့ရသည့် ပြည်သူ ( ၂၀၆၈ ) ဦးအထိရှိကြောင်းသိရသည်။ ထို့အပြင် မတရား ဖမ်းဆီး ခြင်းခံရသည့် ပြည်သူ ( ၁၄၅၀၂ )ဦးအထိရှိခဲ့ပြီး ( ၁၁၄၃၆ )ဦးမှာ လက်ရှိချိန်ထိ အကျဉ်းကျနေဆဲ ဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

 

  • ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အရွယ်ရောက်ပြီးသူများအားလုံး PNO ပြည်သူ့စစ် အဖြစ် စုဆောင်းမည့် ကြေညာချက်စာတစ်စောင်အား စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာကြောင်း သိရသည်။ အဆိုပါ ကြေညာချက်ထဲတွင် PNO ပြည်သူ့စစ်၏ နယ်မြေများအား အခြားအဖွဲ့အစည်းများက လာရောက်ကျူးကျော် စော်ကားနေသဖြင့် ယခုကဲ့သို့ စစ်သားစုဆောင်းခြင်းကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု PNO ၏ ကြေညာချက်တွင် ဖော်ပြထား သည်။ PNO မှ ပအိုဝ်းဒေသအတွင်းရှိ အရွယ်ရောက်ပြီးသူများ အားလုံးအား စုဆောင်းကာ အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်စေပြီးနောက် တပ်သားသစ်များအဖြစ် ဖွဲ့စည်းနေကြောင်း သိရသည်။

 

  • ဖယ်ခုံမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဦးရေ ၄၀ ကျော်သေဆုံးပြီး ထိခိုက်မှုများပြားကာ KNDF ပူးပေါင်းအဖွဲ့မှ ၁၁ ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ဇူလိုင်လ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်၌ ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်အကွာ ကုန်းဆုံနှင့် လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လွယ်ပသာကုန်း စခန်းနှင့် ရွှေပြည်အေးအနီးရှိ ကုန်းစခန်းများကို ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF (Phekhon)၊ SSRY အဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ဘက်မှ ၄၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်မှုများပြားခဲ့သည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ရဲအုပ်တစ်ဦး အပါအဝင် ရဲ ၇ ဦးကို လက် နက် ၄ လက်နှင့်အတူ KIA ၊ PDF ပူးပေါင်းတပ်များက ဖမ်းဆီးလိုက်ကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဖားကန့်နှင့် နန့်ယားကြားတွင် ရဲ ၇ ဦးကို KIA PDF ပူးပေါင်းတပ်များက ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း PDF သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။  “ဖားကန့်က ရဲတွေ။ လက်နက် ၄ လက်ပါတယ်။ အသေးစိတ်ကတော့ ကျနော်တို့ ထုတ်ပြန်ခွင့်မရှိလို့ပါ။ ဖားကန့်နဲ့ နန့်ယား ကြားမှာ ဖမ်းလိုက်တာပါ။ မနေ့  နံနက်ပိုင်း ၁၁  နာရီ ပတ်ချာလည်”ဟု PDF သတင်းရင်းမြစ်က ပြောသည်။

 

  • ကရင်နီပြည်နယ်၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) သို့ ဇူလိုင်လ ၃ ရက်နေ့တွင် ဘောလခဲ ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးတပ်စုမှ တပ်ကြပ်ကြီး ကိုဝင်းထွန်းနှင့် နယ်ထိန်း တပ်ကြပ်ကြီး ကိုမျိုးဆွေဦးတို့ CDM အဖြစ် ဝင်ရောက်ခိုလှုံခဲ့ကြောင်း Bawlakhe PDF က သတင်းထုတ်ပြန်သည်။ CDM ပြုလုပ်လာ သည့် ရဲတပ်ကြပ်ကြီး နှစ်ဦးက ၇ ဒသမ ၆၂ မမ ကျည် ၃၂၁ တောင့်၊ လက်ပစ်ဗုံး ၆ လုံးနှင့် ဆက်သွယ် ရေး စကားပြောစက် နှစ်လုံးတို့ ပါလာကာ BPDF သို့ အပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်၊ လက်ပါး စေ BGF များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ KNDO၊ ပူးပေါင်းတပ်ဖွဲ့များကြား ဇွန်လ ၁ လအတွင်း တိုက်ပွဲ ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်နှင့် BGF ဘက်မှ ၄၁၀ ဦး သေဆုံးကာ ၃၃၅ ဦး ဒဏ်ရာရကြာင်း KNU က တရားဝင် သတင်းထုတ် ပြန်သည်။ ဇွန်လအတွင်း နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၇ ဦး ကျဆုံးက ၂၈ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

 

  • အိန္ဒိယနိုင်ငံ၊ မိုးလေးမြို့သားနှစ်ဦးအား ဇူလိုင်လ(၅)ရက်နေ့က တမူးမြို့၌ ပျူစောထီးအဖွဲ့ကပစ်သတ်ပြီး ၎င်းတို့အလောင်းကို စစ်ကောင်စီတပ်က ပြန်မပေးခြင်းကြောင့် မိုးလေးမြို့သားများက နယ်စပ်ရဲကင်း တစ်ခုကို ယနေ့ဇူလိုင်(၆)ရက်နေ့၊ နေ့လည်ပိုင်းက မီးရှို့ခဲ့ကြကြောင်း ZALEN သတင်းဌာနက ရေးသား ထားသည်။ ထိုနောက် နယ်စပ်ဂိတ်အနီးရှိ ကိုသန့်ဇင်လက္ဘ်ရည်ဆိုင်ကို ‌ကျောက်ခဲနှင့်ဝိုင်းထုခြင်းကြောင့် လူတချို့ဒဏ်ရာရရှိကြကြောင်းလည်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်က သေနတ် ပစ်ဖောက်သဖြင့် မိုးလေးမြို့သားများကို အိန္ဒိယရဲနှင့် စစ်တပ်က လာရောက်ထိန်းကြကြောင်း သိရတယ်။

 

  • ဖားကန့်မြို့နယ် ဆိပ်မူ ပင်မ သပိတ်စစ်ကြောင်း ဦးဆောင်ကာ တိုင်းရင်းသား စုပေါင်းသပိတ်ပြုလုပ်ကာ ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အာဏာသိမ်းစစ်ကောင်စီတပ်က သထုံခရိုင်အတွင်း အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူနေအိမ် များကို မီးရှို့ခြင်း၊ ပြည်သူလူထု၏ ပစ္စည်းများကို ခိုးယူ၊ ဓားပြတိုက်ခြင်း၊ ဒေသခံများအား ပေါတာဆွဲ၊ လူသားဒိုင်းအဖြစ် အသုံးချခြင်းများ ကျူးလွန်နေသည့်အပေါ် ထုံခရိုင် အတွင်းရှိ ကရင်လူငယ်များမှ ဆန့်ကျင်ဆ္ဒပြသည့် campaign တစ်ရပ်ကို ယနေ့ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

 

  • ချင်းပြည်နယ်၊ လိုင်လင်းပီမြို့နှင့် မတူပီမြို့ကြား စစ်ကောင်စီတပ်နှင့် ချင်းပြည် ကာကွယ်ရေးတပ်တို့ ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့သည်ဟု CDF(မတူပီ)က သတင်းထုတ် ပြန်သည်။ အဆိုပါလမ်းပိုင်းရှိ ရဲန်ခဲန်းရွာနှင့် အမ်မိလိုင်ရွာကြားတွင် ယနေ့ မနက် ၉ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ၃ ဦးသေကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယင်းတိုက်ပွဲ တွင် CDF (မတူပီ)ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်းထုတ်ပြန်ထားသည်။

 

  • ကလေးမြို့တွင် ကလေးမြို့ပင်မသပိတ်အင်အားစုမှ ဦးဆောင်ကာ ပြည်သူအများအပြားမှ “လှည်းနေလှေ အောင်း မြင်းဇောင်းမကျန် တော်လှန်ကြ စာတန်းနှင့် အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်သပိတ် ချီတက်ခဲ့ကြသည်။

 

  • ရန်ကုန်တွင် “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် “ဆဲဗင်း ဂျူလိုင် စိတ်ဓာတ် ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ” စာသားပါဘန်နာကိုင်ဆောင်ကာ ဇူလိုင်လ ၆ ရက်နေ့ ၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။  လှုပ်ရှားမှုကို ဗကသများ အဖွဲ့ချုပ် ၀င် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်သော Yangon’s Rebels Strike Commitee-YRSC၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ပုဇွန်တောင်- ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီ (PBYSC) နှင့် ထား၀ယ်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ထ၀အကသ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

  • ရန်ကုန်တွင် ဆဲဗင်း ဇူလိုင် အကြို လူထုဟောပြောပွဲကို Youths union အဖွဲ့မှ ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် YBS ယာဥ်လိုင်းပေါ်တွင် ပြုလုပ် ဟောပြောခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဦးနေဝင်းလမ်းစဉ်လိုက် ကျင့်သုံးကာ ကျောင်းသားများ ၊ လုပ်သားများ၊ လူငယ်များ ၊ ပြည်သူလူထု တို့အား လူ့အခွင့်အရေးချိုးဖောက်နေမှု ၊ ရက်စက်ညှင်းပမ်းမှု များ ဖြစ်ပေါ်နေကြောင်း ကို ဟောပြောခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်တွင် မြောက်ဥက္ကလာမြို့နယ် ရွှေပေါက်ကံ သမဂ္ဂ ကျောင်းသားများ ယနေ့ ဇူလိုင်လ ၆ ရက်နေ့ တွင် ဆဲဗင်းဇူလိုင် အထိမ်းအမှတ် အဖြစ် ” ကျောင်းသားတွေကိုသာ သတ်လို့ရမယ် ယုံကြည်ချက်ကို သတ်လို့မရဘူး” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ း ဆရာတော်များက ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး “အမှောင်ကျနေတဲ့ တိုင်းပြည်မှာ ယောင်ဝါးဝါး လုပ်မနေကြနဲ့ တော်လှန်ရေး အမြန် အောင်ဖို့ပဲ အရေးကြီးတယ်” ခေါင်းစဉ်ဖြင့် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးမြို့ ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ဆရာတော်နဲ့ ဒေသခံပြည်သူတွေဟာ ဒီကနေ့ ညမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ဆင်နွှဲ ဆန္ဒပြခဲ့ကြပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ် ကျေးရွာတွေက ဒေသခံပြည်သူလူထု စုပေါင်း ပါဝင်တဲ့ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ဒီကနေ့ (ဇူလိုင်လ ၆ရက်)မနက်က စစ်အာဏာရှင် ဆန့်ကျင်ရေး ၄၈၂ရက်မြောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်အာဏာရှင် ချေမှုန်းရေး ယနေ့ ချီတက် ဆန္ဒပြကြပြီး ဗိုလ်အောင်မောင်း အဖွဲ့ ဦးဆောင်သော PDF များက ဝန်းရံစောင့်ရှောက်ပေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကနီမြို့နယ် ကျေးရွာအုပ်စုတစ်ခုတွင် ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ်ဆန်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

 

  • အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသည့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး ကို ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ချမှတ်လိုက်ခြင်းဖြစ်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရှိသည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်း က ပြောသည်ဟု Western News သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

 

  • ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားကို အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးပြီးနောက် ထောင်ဒဏ် (၈)နှစ် ချမှတ်ခဲ့ကြောင်း Yangon University of Education Students` Union က ယနေ့ (ဇူလိုင် ၆) တွင် ထုတ်ပြန်သည်။ ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ပြီးခဲ့သည့် ၂၀၂၁ စက်ဘာလ ၂၄ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ ၅၂(က)ဖြင့် ၅နှစ်၊ ၅၀၅(က) ဖြင့် ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ်ကို မန္တလေးအိုးဘိုထောင်၌ ချမှတ်ခံထားရ​ခြင်း ဖြစ်သည်။

 

  • ကလေးမြို့ မှ တမူးမြို့ ဘက်သို့ မောင်းနှင်လာသည့် ၆ ဘီး Candaကားတစ်စီးမှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ကို ဇူလိုင်လ ၄ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း တမူး PDF တပ်ရင်း ၃ မှ ထုတ်ပြန်ထားသည်။ အဆိုပါကားသည် ကုန်ပစ္စည်းများ တင်ဆောင်လာ၍ မောင်းနှင်လာစဉ် တပ်ဖွဲ့ဝင်များမှရပ်တန့်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကားနောက်ပိုင်း အတွင်း ကုန်ပစ္စည်းများကြား၌သိုဝှက် သယ်ဆောင်လာသော ပီနံအိတ်ဖြူ (၃)လုံးဖြင့် တရားမဝင် ဘိန်းဖြူ(ဆပ်ပြာခွက်)အများအပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၃) မှ အများပြည်သူရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်းမူးယစ်ဆေးဝါးလုပ်ငန်းများ၊ ရွှေမှောင်ခိုလုပ်ငန်းများ၊ တရား မဝင်ငွေမဲမှောင်ခိုလုပ်ငန်းများ၊သစ်မှောင်ခိုလုပ်ငန်းများအား ဆက်လက်၍ ဖမ်းဆီးအရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသတိပေးထုတ်ပြန်ထားသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးခရိုင်တပ်ရင်း(၁၃)၊ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း(၃)၊ တပ်ခွဲ (၃)၏ စစ်ရေးပြသင်တန်းဆင်းပွဲကို ဇူလိုင်လ(၃)ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း ယနေ့ သတင်း ထုတ်ပြန်သည်။ အဆိုပါ သင်တန်းဆင်းပွဲကို MKPDF ၃  တပ်ရင်းမှူးမှ NUG ကပေးပို့သော MOD ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး ရဲဘော်များအား မိဘပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်ကြရန်၊ စစ်ကောင်စီထောက်တိုင်မှန်သမျှကို ချေမှုန်းသွားရန် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်းအကျဉ်း

https://www.facebook.com/federaljournal

https://www.federaljournalmm.org/

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။