• Today is: Monday, January 25, 2021

Mon State Community association Director ခိုင်ခိုင်လဲ့မြင့်

Federal Journal
December20/ 2020

Mon State Community association Director ခိုင်ခိုင်လဲ့မြင့်

Unicode

မေး။ ။ ပထမဆုံးမေးချင်တာက ဆရာမရဲ့အမည်၊ လက်ရှိလုပ်နေတဲ့အဖွဲ့အစည်းနဲ့၊ ရာထူး အရင်ပြောပြပေးပါ။

ဖြေ။ ။ ကျမနာမည်က ခိုင်ခိုင်လဲ့မြင့်ပါ။ Mon State Community association မှာ Director အနေနဲ့တာဝန်ယူထားပါတယ်။

မေး။ ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက ရလာဒ်မကောင်းခဲ့ဘူးပေါ့။ အဲ့အပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ။ ။ ကျမတို့ပြည်နယ်နဲ့အရင်ယှဉ်ပြီးပြောပြချင်တယ်။ ကျမတို့ပြည်နယ်မှာက တိုင်းရင်းသားတွေက ပထမဆုံးပါတီစုံဖွင့်ချလိုက်တာ ဆိုတော့ အလေ့အကျင့်လည်းမရှိခဲ့ဘူး။ အဆင်သင့်လည်းမရှိပဲ ဝင်ပြိုင်ကြတယ်။ နောက်ပိုဆိုးတာက လူမျိုးတစ်မျိုးတည်းမှာ ပါတီက (၃)မျိုးလောက် ကွဲနေကြတယ်။ အချင်းချင်းလည်း လေ့ကျင့်ပြင်ဆင်ထားတာမရှိတော့ ပြည်သူအပေါ်လည်း ပါဝင်လာအောင်၊ စိတ်ဝင်စားလာအောင် မဲဆွယ်စည်းရုံးနိုင်တာလည်းမရှိဘူး။ အဲဒါတွေကြောင့်တိုင်းရင်းသားပါတီတွေ မဲနည်းခဲ့တာပေါ့။

မေး။ ။ လက်ရှိအစိုးရရဲ့အားနည်းချက်တွေကဘာတွေဖြစ်မလဲ၊ နောက်လက်ရှိအစိုးရအနေနဲ့ဘာတွေလုပ်ခဲ့သင့်တယ်၊ ဘာတွေမလုပ် ခဲ့သင့်ဘူးပေါ့၊ အဲ့အပေါ် သုံးသပ်ပေးပါအုံး။

ဖြေ။ ။ လက်ရှိအစိုးရက အရင်ထက်စာရင် နည်းနည်းဒီမိုကရေစီကျလာတယ်ပေါ့။ ဒါပေမယ့်သူ့အားနည်းချက်က ဗဟိုပဲ၊ ဗဟိုချုပ်ကိုင် မှုနဲ့ပဲသွားနေတာ ဒီမိုကရေစီသိပ်မဆန်ဘူးပေါ့။ မြေပြင်နဲ့ကိုက်ညီတဲ့ဟာတွေကို မဆုံးဖြတ်နိုင်ဘူး၊ မတွေးတောနိုင်ဘူး၊ မစဉ်းစားနိုင်ဘူး။ လက်တွေ့ကျကျမလုပ်နိုင်ဘူးပေါ့။ အဲ့ဒါတွေက သူတို့ရဲ့အားနည်းချက်တွေဖြစ်သွားတယ်။

မေး။ ။ နောက်ထပ်မေးချင်တာက ၂၀၂၀ ရွေးကောက်ပွဲရလာဒ်က ဘယ်လိုဖြစ်လာနိုင်လဲ၊ ဆရာမတို့ CSO အဖွဲ့အစည်းအနေနဲ့ဆို ဘယ်လိုဖြစ်စေချင်လဲ။ ဥပမာ NLD ကပဲအပြတ်အသတ်အနိုင်ရသွားတာမျိုးမြင်စေချင်လား ဒါမှမဟုတ် ဒါမှမဟုတ် NLD နဲ့ တိုင်းရင်းသား ပါတီတွေပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖြစ်လာတာ မြင်ချင်သလား။ အဲ့လိုမျိုးတွေရော ဖြစ်လာနိုင်သလားပေါ့။ ဆရာမရဲ့အမြင် သုံးသပ်ပေးပါအုံး။

ဖြေ။ ။ ကျမအနေနဲ့ဆိုရင် ပါတီစုံဒီမိုကရေစီဖြစ်လာဖို့မျှော်လင့်တာပေါ့၊ အဲ့ဒါမှပဲ Check and Balance လည်းရှိလာမယ်။ ပြည်နယ်ဆို ရင် သူ့ပြည်နယ်နဲ့သူအလိုက်ပေ့ါ။ တိုင်းရင်းသားပါတီတွေကလည်း သူ့ကိုယ်စားလှယ်နဲ့သူရှိလာမယ်။ နောက်ကိုယ့်ဒေသအကြောင်း အသိဆုံးက ဒေသခံပဲ။ အဲ့ဒါကြောင့် ဒေသခံပါတီတွေကကိုယ်စားလှယ်တွေနဲ့ NLD နဲ့ပေါင်းပြီးဆောင်ရွက်သွားမယ်ဆိုရင် ဒီမိုကရေစီ ပိုပြီးပီပြင်လာမယ်လို့ ကျမမြင်မိပါတယ်။

မေး။ ။ တကယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအပြီး ညွှန့်ပေါင်းအစိုးရပေါ်လာမယ်ဆိုရင် တိုင်းရင်းသားပါတီတွေရဲ့အခန်းကဏ္ဍပိုပြီး မြင့်လာမယ်လို့ ထင်သလား။ ဘာကြောင့်လဲပေါ့။
ဖြေ။ ။ ညွှန့်ပေါင်းအစိုးရဆိုရင် တစ်ပါတီတည်းမဟုတ်တော့ဘူးလေ၊ ပါတီစုံဆိုတော့ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍကလည်း မြင့်မားလာမယ်။ ဒီပြည်နယ်ကနေလည်း တိုင်းရင်းသားပါတီတွေက တက်သွားမယ်၊ တခြားပြည်နယ်တွေကလည်း တက်သွားမယ်ဆို တော့ အစုံဖြစ်သွားမယ်။ နဂိုကတည်းက မြန်မာနိုင်ငံက စုံလင်ကွဲပြားတာတွေရောယှက်ပြီးနေနေကြတာဆိုတော့ အစိုးရမှာလည်း အဲလိုတိုင်းရင်းသားပါတီတွေပါဝင်ခွင့်ရရင် ပိုပြီးတော့ကောင်းလာမယ်လို့ ကျမမျှော်လင့်ပါတယ်။

မေး။ ။ ၂၀၂၀ မှာ ညွှန့်ပေါင်းအစိုးရဖွဲ့လိုက်ပြီဆိုပါတော့နော်။ အရင်ကတည်းက NLD နဲ့ တိုင်းရင်းသားပါတီတွေနဲ့က အပေးအယူ မတည့်တာတွေ ကျွန်တော်တို့ ကြုံခဲ့ကြပြီးပြီပေါ့နော်။ အဲ့လိုအခြေအနေရှိတော့ တိုင်းရင်းသားပါတီတွေက တခြားပြည်မပါတီ ဒါမှမဟုတ် တပ်မတော်နဲ့ပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖြစ်လာနိုင်လား။ ဒါမှမဟုတ်ရင် NLD ကအခုတပ်မတော်နဲ့အများကြီးပေါင်းတယ်လို့ပြောနေကြ တာတွေရှိတယ်။ ၂၁ ပင်လုံမှာလည်း တိုင်းရင်းသားတွေနဲ့၊ NLDနဲ့၊ တပ်မတော်နဲ့ သဘောထားကွဲလွဲထားတာတွေလည်းရှိတော့ ၂၀၂၀ အလွန်မှာ ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။ ။ အခုမေးသလိုမျိုးဖြစ်လာရင်စိုးရိမ်စိတ်ဖြစ်မိတယ်ပေါ့။ ကျမကတော့အဲလိုမျိုးမဖြစ်စေချင်ဘူး။ ဒီမိုကရေစီရဲ့ဘက်တော်သားနဲ့ တကယ့်ငြိမ်းချမ်းရေးမှာ မရှိမဖြစ်လိုအပ်တဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ သင့်တင့်မျှတစေချင်တယ်ပေါ့နော်။ နောက်ဒီမိုကရေစီရဲ့ အဂါ်ရပ်မှာကိုက အာဏာရှင်စနစ်၊ အာဏာရှင်ဆန်တဲ့အုပ်ချုပ်ရေးက အဆင်မပြေဘူး။ တပ်မတော်နဲ့ဒီမိုကရေစီစနစ်ကတော့ သဟဇာတ မဖြစ်ဘူးပေါ့နော်။ တော်တော်ကြီးကိုလွဲနေတော့ အဲ့ဒီဖက်ကိုတော့ သွားမပေါင်းစေချင်ဘူး။ နောက်အရင်ကရှိခဲ့တဲ့အာဏာရှင်စနစ်ကို လုပ်ခဲ့တဲ့ပါတီတွေနဲ့လည်း မပူးပေါင်းစေချင်ဘူး။ ကျမအနေနဲ့ဆိုတိုင်းရင်းသားပါတီတွေ ဒီမိုကရေစီဘက်တော်သားတွေနဲ့ပဲ ပူးပေါင်းစေချင်တယ်။ Chcek and Balance လည်းဖြစ်စေချင်သလို အပေးအယူလည်းမျှစေချင်တယ်။ လျှော့သင့်တာကိုလည်း လျှော့ပေးစေချင်တယ်။

မေး။ ။ အခုပေါ့ တိုင်းရင်းသားပါတီတွေက မဟာမိတ်တွေဖွဲ့ကြတယ်။ နှစ်ဖွဲ့၊ သုံးဖွဲ့ပေါ့နော်။ ပူးပေါင်းလိုက်တာတွေရှိတယ်။ တချို့လည်း ပြန်ကွဲကြတာတွေရှိတယ်ပေါ့နော်။ ဘာကြောင့်လဲလိုထင်မိလဲ။

ဖြေ။ ။ ကျမတို့ပြည်နယ်မှာ ပူးပေါင်းလိုက်ကြတယ်။ အရင်ကမပူးပေါင်းဖြစ်တော့ မဲတွေကွဲကြတယ်။ အရင်ကဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီးပူးပေါင်းကြတယ်ပေါ့နော်။ ကျမတို့မျက်စိရှေ့မှာပဲ သူတို့အတော်လေးညှိနှိုင်းရတယ်။ ညှိနှိုင်းပြီးတော့ရွေးကောက်ပွဲဝင် နိုင်အောင်အတော်လေးကြိုးစားကြတယ်။ အဲဒါတော့ကျမတို့ပြည်နယ်မှာပေါ့နော်။ တခြားနေရာမှာတော့ ကွဲသွားကြတာတွေရှိတယ်။ ကွဲသွားတာတွေ မဖြစ်သင့်ဘူးလို့ ကျမတော့မြင်တယ်။ ကွဲကြလို့ရှိရင် အခြေအနေကကောင်းလာနိုင်မှာမဟုတ်ဘူး။ အရင်ကဖြစ်ခဲ့တာ တွေကိုသင်ခန်းစာယူသင့်တယ်။ တကယ်ဆို ဘုံသဘောတူညီမှုထားပြီးညီညီညွတ်ညွတ်နဲ့ပေါ့၊ ကိုယ့်တို်င်းရင်းသားအချင်းချင်းတောင် မညီညွတ်ဘူးဆိုရင် တခြားညွှန်ပေါင်းဖွဲ့ဖို့ ဘယ်လိုလုပ်ဖွဲ့နိုင်တော့မှာလဲ။

မေး။ ။ တိုင်းရင်းသားပါတီတွေအားကောင်းခြင်း မကောင်းခြင်းက လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုအခြေအနေရယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အကျိုးသက်ရောက်မှုရှိလားပေါ့။

ဖြေ။ ။ တိုင်းရင်းသားပါတီတွေအားကောင်းသင့်တယ်။ ကျမလည်းဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်လုပ်နေတာဆိုတော့ အရင်ကကျမကြားခဲ့တာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက နိုင်ငံရေးအသွင်ပြောင်းတော့မယ်ဆိုရင် ပါတီထူထောင် ပါ၊ ပါတီဖက်ကနေဝင်ပါဆိုပြီးပြောခဲ့တာတွေရှိတယ်။ အဲ့ဒါကြောင့်လည်းအားကောင်းသင့်တယ်လို့ထင်တယ်။ အားကောင်းမှလည်း ကျမတို့ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို ထိန်းနိုင်မှာလို့မြင်တယ်။ သူ့ဒေသ၊ သူ့လူမျိုးနဲ့ပတ်သက်တာ သူတို့ကပဲ ပိုပြီးသိနိုင်၊ ပိုပြီး ဆောင်ရွက်နိုင်မှာဖြစ်တယ်။ သူတို့အားမကောင်းဘူးဆိုလို့ရှိရင် ဒီနိုင်ငံမှာ ပါတီကြီးက နှစ်ခုပဲရှိတယ်။ ဒီပါတီနှစ်ခုပဲတလှည့်စီသွားနေမယ် ဆိုရင်တော့ စစ်မှန်တဲ့ဒီမိုကရေစီကတော့ ရောက်လာမှာမဟုတ်သေးဘူးပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ ဆရာမတို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ပေါ့။ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုမြင်မိလဲ။

ဖြေ။ ။ ၂၀၂၀ ရွေးကောက်ပွဲက အကောင်းဖက်ကပြောမယ်ဆိုရင် အရင်ကထက်ပါတီတွေပါဝင်ယှဉ်ပြိုင်မှုက ပိုများလာတယ်။ အရင်ကဆိုကိုယ်စားလှယ်လောင်းဆိုလို့ရှိရင် ကျမတို့ဒီအတိုင်းမျက်စိမှိတ်ပြီး ဒီမိုကရေစီဖြစ်ရင်ပြီးရောဆိုပြီး မဲပေးခဲ့ကြတယ်။ အခုဆိုအဲ့လိုမဟုတ်တော့ဘူး။ ကိုယ်စားလှယ်လောင်းတွေဆိုရင် တကယ့်ကိုပြည်သူ့ကြားမှာရှိနေတဲ့ကိုယ်စားလှယ်လောင်းတွေထွက် လာတယ်။ နောက်စိုးရိမ်တာက စိန်ခေါ်မှုတွေများမယ်။ ကိုဗစ်နဲ့လည်းလာကြုံနေတယ်။ မိုးရာသီလည်းဖြစ်တော့ သဘာဝဘေးတွေလည်း ဘယ်လိုလာမလဲမသိဘူး။ လက်ရှိပြည်သူအတော်များများက ပြည်သူတွေအတွက် စားဝတ်နေရေးဆိုတာ အဓိကပဲ။ နဂိုကတည်းက နိုင်ငံရေးဆိုတာလည်း စိတ်ဝင်စားတာမဟုတ်ဘူး။ သဘာဝဘေးပါထပ်ကြုံမယ်ဆိုရင်တော့ နိုင်ငံရေးဘက်မှာ စိတ်ပါဝင်စားမှု လျော့နည်း သွားမှာ၊ အားနည်းသွားမှာကိုတော့ စိုးရိမ်မိတယ်။

 

Zawgyi

ေမး။    ။ ပထမဆံုးေမးခ်င္တာက ဆရာမရဲ႕အမည္၊ လက္ရွိလုပ္ေနတဲ့အဖြဲ႕အစည္းနဲ႔၊ ရာထူး အရင္ေျပာျပေပးပါ။

 

ေျဖ။     ။ က်မနာမည္က ခိုင္ခိုင္လဲ့ျမင့္ပါ။ Mon State Community association မွာ Director အေနနဲ႔တာဝန္ယူထားပါတယ္။

 

ေမး။    ။ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြက ရလာဒ္မေကာင္းခဲ့ဘူးေပါ့။ အဲ့အေပၚမွာ ဆရာမအေနနဲ႔ ဘယ္လိုျမင္မိလဲ။

 

ေျဖ။     ။ က်မတို႔ျပည္နယ္နဲ႔အရင္ယွဥ္ၿပီးေျပာျပခ်င္တယ္။ က်မတို႔ျပည္နယ္မွာက တိုင္းရင္းသားေတြက ပထမဆံုးပါတီစံုဖြင့္ခ်လိုက္တာ ဆိုေတာ့ အေလ့အက်င့္လည္းမရွိခဲ့ဘူး။ အဆင္သင့္လည္းမရွိပဲ ဝင္ၿပိဳင္ၾကတယ္။ ေနာက္ပိုဆိုးတာက လူမ်ိဳးတစ္မ်ိဳးတည္းမွာ ပါတီက (၃)မ်ိဳးေလာက္ ကြဲေနၾကတယ္။ အခ်င္းခ်င္းလည္း ေလ့က်င့္ျပင္ဆင္ထားတာမရွိေတာ့ ျပည္သူအေပၚလည္း ပါဝင္လာေအာင္၊ စိတ္ဝင္စားလာေအာင္ မဲဆြယ္စည္းရံုးႏိုင္တာလည္းမရွိဘူး။ အဲဒါေတြေၾကာင့္တို္င္းရင္းသားပါတီေတြ မဲနည္းခဲ့တာေပါ့။

 

ေမး။    ။ လက္ရွိအစိုးရရဲ႕အားနည္းခ်က္ေတြကဘာေတြျဖစ္မလဲ၊ ေနာက္လက္ရွိအစိုးရအေနနဲ႔ဘာေတြလုပ္ခဲ့သင့္တယ္၊ ဘာေတြမလုပ္ ခဲ့သင့္ဘူးေပါ့၊ အဲ့အေပၚ သံုးသပ္ေပးပါအံုး။

 

ေျဖ။     ။ လက္ရွိအစိုးရက အရင္ထက္စာရင္ နည္းနည္းဒီမိုကေရစီက်လာတယ္ေပါ့။ ဒါေပမယ့္သူ႔အားနည္းခ်က္က ဗဟိုပဲ၊ ဗဟိုခ်ဳပ္ကိုင္ မႈနဲ႔ပဲသြားေနတာ ဒီမိုကေရစီသိပ္မဆန္ဘူးေပါ့။ ေျမျပင္နဲ႔ကိုက္ညီတဲ့ဟာေတြကို မဆံုးျဖတ္ႏိုင္ဘူး၊ မေတြးေတာႏုိင္ဘူး၊ မစဥ္းစားႏုိင္ဘူး။ လက္ေတြ႕က်က်မလုပ္ႏိုင္ဘူးေပါ့။ အဲ့ဒါေတြက သူတို႔ရဲ႕အားနည္းခ်က္ေတြျဖစ္သြားတယ္။

 

ေမး။    ။ ေနာက္ထပ္ေမးခ်င္တာက ၂၀၂၀ ေရြးေကာက္ပြဲရလာဒ္က ဘယ္လုိျဖစ္လာႏုိင္လဲ၊ ဆရာမတို႔ CSO အဖြဲ႕အစည္းအေနနဲ႔ဆို ဘယ္လိုျဖစ္ေစခ်င္လဲ။ ဥပမာ NLD ကပဲအျပတ္အသတ္အႏုိင္ရသြားတာမ်ိဳးျမင္ေစခ်င္လား ဒါမွမဟုတ္ ဒါမွမဟုတ္ NLD နဲ႔ တုိင္းရင္းသား ပါတီေတြပူးေပါင္းၿပီး ညြန္႔ေပါင္းအစိုးရျဖစ္လာတာ ျမင္ခ်င္သလား။ အဲ့လိုမ်ိဳးေတြေရာ ျဖစ္လာႏိုင္သလားေပါ့။ ဆရာမရဲ႕အျမင္ သံုးသပ္ေပးပါအံုး။

 

ေျဖ။     ။ က်မအေနနဲ႔ဆိုရင္ ပါတီစံုဒီမိုကေရစီျဖစ္လာဖို႔ေမွ်ာ္လင့္တာေပါ့၊ အဲ့ဒါမွပဲ Check and Balance  လည္းရွိလာမယ္။ ျပည္နယ္ဆို ရင္ သူ႔ျပည္နယ္နဲ႔သူအလိုက္ေပ့ါ။ တိုင္းရင္းသားပါတီေတြကလည္း သူ႔ကိုယ္စားလွယ္နဲ႔သူရွိလာမယ္။ ေနာက္ကိုယ့္ေဒသအေၾကာင္း အသိဆံုးက ေဒသခံပဲ။ အဲ့ဒါေၾကာင့္ ေဒသခံပါတီေတြကကိုယ္စားလွယ္ေတြနဲ႔ NLD နဲ႔ေပါင္းၿပီးေဆာင္ရြက္သြားမယ္ဆိုရင္  ဒီမိုကေရစီ ပိုၿပီးပီျပင္လာမယ္လို႔ က်မျမင္မိပါတယ္။

 

ေမး။    ။ တကယ္လို႔ ၂၀၂၀ ေရြးေကာက္ပြဲအၿပီး ညႊန္႔ေပါင္းအစိုးရေပၚလာမယ္ဆိုရင္ တုိင္းရင္းသားပါတီေတြရဲ႕အခန္းက႑ပိုၿပီး  ျမင့္လာမယ္လို႔ ထင္သလား။ ဘာေၾကာင့္လဲေပါ့။

ေျဖ။     ။ ညႊန္႔ေပါင္းအစိုးရဆိုရင္ တစ္ပါတီတည္းမဟုတ္ေတာ့ဘူးေလ၊ ပါတီစံုဆိုေတာ့ တိုင္းရင္းသားေတြရဲ႕အခန္းက႑ကလည္း  ျမင့္မားလာမယ္။ ဒီျပည္နယ္ကေနလည္း တိုင္းရင္းသားပါတီေတြက တက္သြားမယ္၊ တျခားျပည္နယ္ေတြကလည္း တက္သြားမယ္ဆို  ေတာ့ အစံုျဖစ္သြားမယ္။ နဂိုကတည္းက ျမန္မာႏိုင္ငံက စံုလင္ကြဲျပားတာေတြေရာယွက္ၿပီးေနေနၾကတာဆိုေတာ့ အစိုးရမွာလည္း အဲလိုတုိင္းရင္းသားပါတီေတြပါဝင္ခြင့္ရရင္ ပိုၿပီးေတာ့ေကာင္းလာမယ္လို႔ က်မေမွ်ာ္လင့္ပါတယ္။

 

ေမး။    ။ ၂၀၂၀ မွာ ညႊန္႔ေပါင္းအစိုးရဖြဲ႕လိုက္ၿပီဆိုပါေတာ့ေနာ္။ အရင္ကတည္းက NLD နဲ႔ တုိင္းရင္းသားပါတီေတြနဲ႔က အေပးအယူ မတည့္တာေတြ ကၽြန္ေတာ္တို႔ ႀကံဳခဲ့ၾကၿပီးၿပီေပါ့ေနာ္။  အဲ့လိုအေျခအေနရွိေတာ့ တုိင္းရင္းသားပါတီေတြက တျခားျပည္မပါတီ ဒါမွမဟုတ္ တပ္မေတာ္နဲ႔ေပါင္းၿပီး ညႊန္႔ေပါင္းအစိုးရျဖစ္လာႏုိင္လား။ ဒါမွမဟုတ္ရင္ NLD ကအခုတပ္မေတာ္နဲ႔အမ်ားႀကီးေပါင္းတယ္လို႔ေျပာေနၾက တာေတြရွိတယ္။ ၂၁ ပင္လံုမွာလည္း တိုင္းရင္းသားေတြနဲ႔၊ NLDနဲ႔၊ တပ္မေတာ္နဲ႔ သေဘာထားကြဲလြဲထားတာေတြလည္းရွိေတာ့ ၂၀၂၀ အလြန္မွာ ဘယ္လိုျဖစ္လာႏုိင္လဲ။

 

ေျဖ။     ။ အခုေမးသလိုမ်ိဳးျဖစ္လာရင္စိုးရိမ္စိတ္ျဖစ္မိတယ္ေပါ့။ က်မကေတာ့အဲလိုမ်ိဳးမျဖစ္ေစခ်င္ဘူး။ ဒီမိုကေရစီရဲ႕ဘက္ေတာ္သားနဲ႔ တကယ့္ၿငိမ္းခ်မ္းေရးမွာ မရွိမျဖစ္လိုအပ္တဲ့ ေဒသခံတိုင္းရင္းသားေတြနဲ႔ သင့္တင့္မွ်တေစခ်င္တယ္ေပါ့ေနာ္။ ေနာက္ဒီမိုကေရစီရဲ႕ အဂါ္ရပ္မွာကိုက အာဏာရွင္စနစ္၊ အာဏာရွင္ဆန္တဲ့အုပ္ခ်ဳပ္ေရးက အဆင္မေျပဘူး။ တပ္မေတာ္နဲ႔ဒီမိုကေရစီစနစ္ကေတာ့ သဟဇာတ မျဖစ္ဘူးေပါ့ေနာ္။ ေတာ္ေတာ္ႀကီးကိုလြဲေနေတာ့ အဲ့ဒီဖက္ကိုေတာ့ သြားမေပါင္းေစခ်င္ဘူး။ ေနာက္အရင္ကရွိခဲ့တဲ့အာဏာရွင္စနစ္ကို လုပ္ခဲ့တဲ့ပါတီေတြနဲ႔လည္း မပူးေပါင္းေစခ်င္ဘူး။ က်မအေနနဲ႔ဆိုတိုင္းရင္းသားပါတီေတြ ဒီမိုကေရစီဘက္ေတာ္သားေတြနဲ႔ပဲ ပူးေပါင္းေစခ်င္တယ္။ Chcek and Balance လည္းျဖစ္ေစခ်င္သလို အေပးအယူလည္းမွ်ေစခ်င္တယ္။ ေလွ်ာ့သင့္တာကိုလည္း  ေလွ်ာ့ေပးေစခ်င္တယ္။

 

ေမး။    ။ အခုေပါ့ တုိင္းရင္းသားပါတီေတြက မဟာမိတ္ေတြဖြဲ႕ၾကတယ္။ ႏွစ္ဖြဲ႕၊ သံုးဖြဲ႕ေပါ့ေနာ္။ ပူးေပါင္းလိုက္တာေတြရွိတယ္။ တခ်ိဳ႕လည္း ျပန္ကြဲၾကတာေတြရွိတယ္ေပါ့ေနာ္။ ဘာေၾကာင့္လဲလိုထင္မိလဲ။

 

ေျဖ။     ။ က်မတို႔ျပည္နယ္မွာ ပူးေပါင္းလိုက္ၾကတယ္။ အရင္ကမပူးေပါင္းျဖစ္ေတာ့ မဲေတြကဲြၾကတယ္။ အရင္ကျဖစ္ခဲ့တာေတြကို သင္ခန္းစာယူၿပီးပူးေပါင္းၾကတယ္ေပါ့ေနာ္။ က်မတို႔မ်က္စိေရွ႕မွာပဲ သူတို႔အေတာ္ေလးညွိႏႈိင္းရတယ္။ ညွိႏႈိင္းၿပီးေတာ့ေရြးေကာက္ပဲြဝင္ ႏုိင္ေအာင္အေတာ္ေလးႀကိဳးစားၾကတယ္။ အဲဒါေတာ့က်မတို႔ျပည္နယ္မွာေပါ့ေနာ္။ တျခားေနရာမွာေတာ့ ကြဲသြားၾကတာေတြရွိတယ္။ ကြဲသြားတာေတြ မျဖစ္သင့္ဘူးလို႔ က်မေတာ့ျမင္တယ္။ ကြဲၾကလို႔ရွိရင္ အေျခအေနကေကာင္းလာႏိုင္မွာမဟုတ္ဘူး။ အရင္ကျဖစ္ခဲ့တာ  ေတြကိုသင္ခန္းစာယူသင့္တယ္။ တကယ္ဆို ဘံုသေဘာတူညီမႈထားၿပီးညီညီညြတ္ညြတ္နဲ႔ေပါ့၊ ကိုယ့္တုိ္္င္းရင္းသားအခ်င္းခ်င္းေတာင္ မညီညြတ္ဘူးဆိုရင္ တျခားညႊန္ေပါင္းဖြဲ႕ဖို႔ ဘယ္လိုလုပ္ဖြဲ႕ႏုိင္ေတာ့မွာလဲ။

 

ေမး။    ။ တုိင္းရင္းသားပါတီေတြအားေကာင္းျခင္း မေကာင္းျခင္းက လက္ရွိျပည္တြင္းၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈအေျခအေနရယ္၊ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈျဖစ္စဥ္မွာ အကိ်ဳးသက္ေရာက္မႈရွိလားေပါ့။

 

ေျဖ။     ။ တိုင္းရင္းသားပါတီေတြအားေကာင္းသင့္တယ္။ က်မလည္းဒီၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ထဲထဲဝင္ဝင္လုပ္ေနတာဆိုေတာ့ အရင္ကက်မၾကားခဲ့တာေပါ့။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြက ႏိုင္ငံေရးအသြင္ေျပာင္းေတာ့မယ္ဆိုရင္ ပါတီထူေထာင္ ပါ၊ ပါတီဖက္ကေနဝင္ပါဆိုၿပီးေျပာခဲ့တာေတြရွိတယ္။ အဲ့ဒါေၾကာင့္လည္းအားေကာင္းသင့္တယ္လုိ႔ထင္တယ္။ အားေကာင္းမွလည္း က်မတို႔ေရရွည္တည္တံ့တဲ့ၿငိမ္းခ်မ္းေရးကို ထိန္းႏုိင္မွာလို႔ျမင္တယ္။ သူ႔ေဒသ၊ သူ႔လူမ်ိဳးနဲ႔ပတ္သက္တာ သူတို႔ကပဲ ပိုၿပီးသိႏုိင္၊ ပိုၿပီး ေဆာင္ရြက္ႏိုင္မွာျဖစ္တယ္။ သူတို႔အားမေကာင္းဘူးဆိုလို႔ရွိရင္ ဒီီႏုိင္ငံမွာ ပါတီႀကီးက ႏွစ္ခုပဲရွိတယ္။ ဒီပါတီႏွစ္ခုပဲတလွည့္စီသြားေနမယ္ ဆိုရင္ေတာ့ စစ္မွန္တဲ့ဒီမိုကေရစီကေတာ့ ေရာက္လာမွာမဟုတ္ေသးဘူးေပါ့။

 

ေမး။    ။ ေနာက္ဆံုးအေနနဲ႔ ဆရာမတို႔ အရပ္ဖက္အဖြဲ႕အစည္းအေနနဲ႔ေပါ့။ ၂၀၂၀ ေရြးေကာက္ပြဲကို ဘယ္လုိျမင္မိလဲ။

 

ေျဖ။     ။ ၂၀၂၀ ေရြးေကာက္ပြဲက အေကာင္းဖက္ကေျပာမယ္ဆိုရင္ အရင္ကထက္ပါတီေတြပါဝင္ယွဥ္ၿပိဳင္မႈက ပိုမ်ားလာတယ္။ အရင္ကဆိုကိုယ္စားလွယ္ေလာင္းဆိုလို႔ရွိရင္ က်မတို႔ဒီအတိုင္းမ်က္စိမွိတ္ၿပီး ဒီမိုကေရစီျဖစ္ရင္ၿပီးေရာဆုိၿပီး မဲေပးခဲ့ၾကတယ္။ အခုဆိုအဲ့လိုမဟုတ္ေတာ့ဘူး။ ကိုယ္စားလွယ္ေလာင္းေတြဆိုရင္ တကယ့္ကိုျပည္သူ႔ၾကားမွာရွိေနတဲ့ကိုယ္စားလွယ္ေလာင္းေတြထြက္ လာတယ္။ ေနာက္စိုးရိမ္တာက စိန္ေခၚမႈေတြမ်ားမယ္။ ကိုဗစ္နဲ႔လည္းလာႀကံဳေနတယ္။ မိုးရာသီလည္းျဖစ္ေတာ့ သဘာဝေဘးေတြလည္း ဘယ္လိုလာမလဲမသိဘူး။ လက္ရွိျပည္သူအေတာ္မ်ားမ်ားက ျပည္သူေတြအတြက္ စားဝတ္ေနေရးဆိုတာ အဓိကပဲ။ နဂိုကတည္းက ႏိုင္ငံေရးဆုိတာလည္း စိတ္ဝင္စားတာမဟုတ္ဘူး။ သဘာဝေဘးပါထပ္ႀကံဳမယ္ဆိုရင္ေတာ့ ႏုိင္ငံေရးဘက္မွာ စိတ္ပါဝင္စားမႈ ေလ်ာ့နည္း သြားမွာ၊ အားနည္းသြားမွာကိုေတာ့ စိုးရိမ္မိတယ္။