• Today is: Thursday, April 22, 2021

NLD မူဝါဒထဲက တိုင်းရင်းသားအရေး (NLD ပါတီမူဝါဒႏွင့္ တိုင္းရင္းသားအေရး)

Federal Journal
October29/ 2020

 

zawgyi

NLD ပါတီမူဝါဒႏွင့္ တိုင္းရင္းသားအေရး

NLD မူဝါဒထဲက တိုင်းရင်းသားအရေး

မၾကာေသးခင္က NLD ပါတီဒု-ဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က “တိုင္းရင္းသား အခြင့္အေရး လုပ္ေပးႏိုင္တာက ကြ်န္ေတာ္တို႔ NLD ပါတီပဲျဖစ္တယ္”ဟု ေျပာဆိုသြားခဲ့သည္။ ဤေနရာတြင္ ႏွစ္ပိုင္းျဖင့္ ေဆြးေႏြးလိုပါသည္။ အဆိုပါ ပါတီႀကီးေနျဖင့္ တိုင္းရင္းသားမ်ား လိုလားေသာ အခြင့္အေရးႏွင့္ ႏိုင္ငံေရးစနစ္အတြက္ မူဝါဒလုပ္ငန္းစဥ္မ်ား အလံုအေလာက္ ရွိ/မရွိ ဆိုသည့္အခ်က္ႏွင့္ အမွန္တကယ္ေရာ သူတို႔က လုပ္ ေဆာင္ေပးႏိုင္ သလား၊ လုပ္ေဆာင္ ေပးလိုသလား (Political will) ဆိုသည့္ အခ်က္ကို ေလ့လာၾကည့္ပါစို႔။

 

NLD မူဝါဒထဲက တိုင္းရင္းသားအေရး

NLD ပါတီ၏ ၂၀၂၀-ေရြးေကာက္ပြဲ ေၾကညာစာတမ္းတြင္ အခန္း(၁၈)ႏွင့္ အခ်က္ေပါင္း (၁၅၀)ရွိသည္ကို ေတြ႔ရပါသည္။  တိုင္းရင္းသားအေရး ႏွင့္စပ္လွ်ဥ္း၍ “ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္သြားမည္”ဟုသာ ေယဘူယ်ဆန္ဆန္ ေဖာ္ျပၿပီး ၎စနစ္၏ အေသးစိတ္အဂၤါရပ္မ်ားကို တစ္ခုမွ ေဖာ္ျပထားျခင္းမရွိေပ။ ထို႔ျပင္ “တိုင္းရင္းသား မ်ားအေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး” ဆိုသည့္အခန္း တစ္ခု ဖြင့္ထားေသာ္လည္း ၎ထဲက အခ်က္(၇)ခု စလံုးသည္ တိုင္းရင္းသားမ်ားလိုလားေသာ (အစဥ္ တစိုက္ ေတာင္းဆိုလာခဲ့ေသာ) ဖက္ဒရယ္စနစ္ ဆိုင္ရာ အဂၤါရပ္မ်ား အေသးစိတ္ (nuts and bolts) မပါသည္ကို ေတြ႕ရပါသည္။ အခ်က္(၁) တြင္ ‘ကိုယ္ ပိုင္ျပ႒ာန္းခြင့္ႏွင့္ အခ်က္(၇)ေျမာက္တြင္ ‘သဘာဝ သယံဇာတာ အက်ိဳးအျမတ္မ်ား မွ်တစြာ ခြဲေဝခံစားခြင့္ ရရွိေရးဟု အေပၚယံျဖင့္ ခ်မွတ္ထားသည္မွအပ က်န္ သည့္အပိုင္းမ်ားသည္ ျဖစ္စဥ္အပိုင္းသာျဖစ္ၾကသည္။

ဆယ္စုႏွစ္ တစ္ခုသို႔ ေရာက္သြားျပီးျဖစ္ေသာ ျမန္မာ့ ဖက္ဒရယ္ၿငိမ္ခ်မ္းေရး တည္ေဆာက္မႈျဖစ္စဥ္ တြင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ‘ဖက္ဒရယ္ ျပည္ ေထာင္စုႏိုင္ငံ တည္ေဆာက္ေရးဆိုသည့္ ေခါင္းစဥ္ အဆင့္ကို ေက်ာ္လႊားသင့္ပါျပီ။ ၎စကားရပ္သည္ စစ္အစိုးရအဆက္ဆက္မွာ တိုင္းရင္းသားအေရးကို မ်က္ကြယ္ျပဳခဲ့ေသာ   သေဘာထားတင္းမာသည့္ (hardliners) ျမန္မာ့တပ္မေတာ္ႏွင့္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ (USDP)တို႔ျပင္ လွ်င္ လက္ခံထားၿပီးသားျဖစ္ပါသည္။ ေျမာက္ကိုးရီးယား ကျပင္ သူ႔ႏိုင္ငံအမည္ကို ဒီမိုကေရစီ ျပည္သူ႔သမၼတ ႏိုင္ငံ (Democratic People’s Republic)ဟု မွည့္ေခၚ ႏိုင္ေပသည္။

အမွန္ဆိုလွ်င္ တိုင္းရင္းသားမ်ားက မည္သည့္ ႏိုင္ငံေရးစနစ္ႏွင့္ ဖက္ဒရယ္စနစ္ကို လိုလားသည္ကို ဗမာႏိုင္ငံေရးေခါင္းေဆာင္မ်ားအေနျဖင့္ အတန္ အသင့္ နားလည္ျပီးသား ျဖစ္ပါလိမ့္မည္။ ျပည္နယ္မ်ား ညီညြတ္ေရးအဖြဲ႕က ၁၉၆၁ ခုႏွစ္မွာ ေတာင္ႀကီးၿမိဳ႕၌ ခ်မွတ္ခဲ့သည့္ ဖက္ဒရယ္မူ၊ တိုင္းရင္းသား အဖြဲ႕အစည္း မ်ားျဖစ္ေသာ (FCDCC)က ေရးဆြဲခဲ့သည့္ ဖက္ဒရယ္ ဖြဲ႕စည္းပံုအေျခခံ ဥပေဒမူၾကမ္း (၂၀ဝ၈)၊ UNFC မွ ကိုင္စြဲထားသည့္ ဖက္ဒရယ္မူစာတမ္း၊ တိုင္းရင္းသား လက္နက္ကိုင္ (၁၂)ဖြဲ႕မွ မၾကာေသးမီက ထုတ္ျပန္ခဲ့ ေသာ ဖက္ဒရယ္အေျခခံမူ(၂၄)ခ်က္ စသည္မ်ားသည္ ေလ့လာလိုသူတိုင္း အတြက္ အလြယ္အတူ ရွာဖြယ္ႏိုင္ပါ သည္။ ၎စာတမ္းမ်ား ကိုေလ့လာ ပါက –

(က)    လူမ်ိဳး/မ်ား အေျခခံ ေသာ ျပည္နယ္ျဖစ္ ေရး (ဗမာလူမ်ိဳး အေျခခံ ျပည္နယ္ တစ္ခုရွိေရး)၊

(ခ)     ျပည္နယ္မ်ားအသီးသီး ျပည္နယ္ဖြဲ႕စည္းပံု အေျခခံဥပေဒရွိေရး၊

(ဂ)     ၾကြင္းက်န္အာဏာ (residuary power) ျပည္နယ္မွာထားရွိေရး၊

(ဃ)    ျပည္နယ္မ်ား ျပည္နယ္တြင္း ကိုယ္ပိုင္ ျပ႒ာန္းခြင့္အျပည့္ရရွိေရး၊

(င)     ျပည္နယ္အစိုးရေအာက္တြင္ ျပည္နယ္ လံုၿခံဳေရးတပ္ႏွင့္ ျပည္နယ္ရဲတပ္ဖြဲ႕မ်ား ထားရွိခြင့္ရွိေရး၊

(စ)     ဗမာစာအျပင္ ကိုယ့္ျပည္နယ္ ဘာသာ စကားကို ႐ံုးသံုးဘာသာစကား အျဖစ္ ထားရွိ ခြင့္(အိႏိၵယႏိုင္ငံကဲ့သို႔)၊

(ဆ)    တိုင္းရင္းသား မိခင္ဘာသာစကားေျခခံ ပညာသင္ၾကားခြင့္၊

(ဇ)     ျပည္နယ္အစိုးရအႀကီးအကဲ ကိုယ့္ျပည္နယ္ က ေရြးခ်ယ္ဖြဲ႕စည္းခြင့္၊

(ဈ)     ျပည္ေထာင္စုတစ္ခုလံုးႏွင့္ သက္ဆိုင္ေသာ အရာမ်ားျဖစ္သည့္ ကာကြယ္ေရး၊ ႏိုင္ငံျခား ေရး၊ ေငြစကၠဴ၊ ေၾကးနန္းစာတိုက္၊ အႀကီး စားစီးပြားေရးႏွင့္ လုပ္ငန္းမ်ား စသည္တို႔ကို ဗဟိုကကိုင္ၿပီး က်န္သည့္အပိုင္း ခပ္မ်ား မ်ား ကို ျပည္နယ္လုပ္ပိုင္ခြင့္အျဖစ္ ထားရွိ ေရး၊

(ည)    သဘာဝသယံဇာတ စီမံခန္႔ခြဲခြင့္ႏွင့္ အက်ိဳး အျမတ္ခြဲေဝခြင့္တြင္ ျပည္နယ္က ဗဟိုထက္ ပိုမိုရရွိေရး… စသည့္အခ်က္မ်ားကို အေျခခံ အားျဖင့္ ေတြ႕ျမင္ရမွာျဖစ္ပါသည္။

ဤအခ်က္မ်ားကို NLD ၏ မူဝါဒေၾကညာ စာတမ္းတြင္ ေဖာ္ျပထားျခင္းမရွိေပ။ NLD ၏ ဖြဲ႕စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရး ဥပေဒမူၾကမ္း (၁၁၄ ခ်က္)ထဲမွာလည္း အထက္ေဖာ္ျပပါအခ်က္မ်ား လံုးဝ မပါရွိသည္ကို ေတြ႕ရပါမည္။ ထို႔ေၾကာင့္ အေပၚယံျဖင့္ ဖက္ဒရယ္လက္ခံသည္၊ တိုင္းရင္းသား အေရးကို ဝန္တာထားသည္ဟု ေျပာဆို႐ံုျဖင့္ မလံု ေလာက္ဘဲ အထက္မွာေဖာ္ျပသည့္ (၁၀)ခ်က္ထဲက မည္မွ်ေလာက္ထိ လက္ခံသည္ဆိုသည့္ အေပၚမွာ မူတည္ပါမည္။ တစ္နည္းအားျဖင့္ NLD ပါတီအေနျဖင့္ တိုင္းရင္းသားအေရး၊ ဖက္ဒရယ္အေရးကို လက္ခံသည္ ဟု ဆိုရေလာက္ေအာင္ ခိုင္လံုသည့္အေထာက္အထား ကို လက္ရွိအခ်ိန္ထိ မေတြ႕ရေသးေခ်။

 

NLD က တိုင္းရင္းသားအေရး လုပ္ေပးႏိုင္သလား

တိုင္းရင္းသားမ်ားလိုခ်င္သည့္ ဖက္ဒရယ္အေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ လူနည္းစုအခြင့္အေရးအတြက္ NLD ပါတီတစ္ခုတည္းကအျပည့္အဝ ေဆာင္ရြက္ေပးႏိုင္မွာ မဟုတ္ေသာ္လည္း ျပည္ေထာင္စုအစိုးရအာဏာကို လက္ရွိပိုင္ဆိုင္ထားသည့္ ပါတီအေနျဖင့္ အတိုင္း အတာတစ္ခုထိ ေဆာင္ရြက္ေပးႏိုင္သည့္ အာဏာ ရွိပါသည္။ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ စရာမလိုဘဲ၊ တပ္မေတာ္ကို အေၾကာင္းျပစရာမလိုဘဲ ျပည္ေထာင္စု လႊတ္ေတာ္ႏွင့္ အစိုးရ၏ အာဏာျဖင့္ တိုင္းရင္းသားမ်ား လိုလားသည့္အခ်က္မ်ား ခပ္မ်ား မ်ားကို သူက ေဆာင္ရြက္ေပးႏိုင္ခဲ့သင့္ပါသည္။ သာဓက အားျဖင့္ ေဖာ္ျပရလွ်င္ –

(က) တိုင္းရင္းသားမ်ား မိခင္ဘာသာစကား အေျချပဳ ပညာသင္ၾကားစနစ္ (Ethnic Mother Tongue Based Education System)။ ဘာသာစကား ေပါင္း ၇၀ဝ ေက်ာ္ရွိသည့္ အိႏၵိယႏိုင္ငံမွာျပင္ ၎ စနစ္ကို က်င့္သံုးလ်က္ရွိပါသည္။ NLD ပါတီေခါင္း ေဆာင္မ်ားက မလိုလားဟုသိရသည္။

(ခ) သဘာဝသယံဇာတခြဲေစေရး။ NLD ပါတီက ၂၀၁၅-ေရြးေကာက္ပြဲေၾကညာစာတမ္းမွာ “မွ်တေသာ သဘာဝ သယံဇာတ အက်ိဳးအျမတ္ခြဲေဝမႈ ေဖာ္ေဆာင္ မည္”ဟု ကတိေပးထားခဲ့ေသာ္လည္း ယေန႔အထိ ဘာမွ အေကာင္အထည္ေဖာ္ေပးျခင္းမရွိေပ။ သယံ ဇာတအခြန္ဘ႑ာခြဲေဝမႈနဲ႔ပတ္သက္၍ ၂၀ဝ၈-ေျခ/ဥ က ကန္႔သတ္ပိတ္ျပင္ထားျခင္း လံုးဝမရွိေပ။ ဗဟို အစိုးရ/လႊတ္ေတာ္က Formula/method ေရးဆြဲၿပီး ျပ႒ာန္းဥပေဒျဖင့္ ေဖာ္ေဆာင္ခြင့္ ရွိပါသည္။ တိုင္းရင္း သားမ်ားလိုလားေသာ ၇၀/၃၀ အခ်ိဳးကို လက္ခံေပး ႏိုင္ျခင္း မရွိေသးလွ်င္ျပင္ ပဏာမေျခလွမ္းအေနျဖင့္ ၄၀ ရာခိုင္ႏႈန္းခန္႔ကို ျပည္နယ္သို႔ ခြဲေဝေပးပါက တိုင္း ရင္းသားျပည္သူမ်ား သာဓုသံုးႀကိမ္ ေခၚမိမွာျဖစ္ပါ သည္။

(ဂ) တိုင္းရင္းသားမ်ား အထြဋ္အျမတ္ထားေသာ အမ်ိဳးသားေန႔၊ ျပည္နယ္ေန႔၊ ႏွစ္သစ္ကူးေန႔မ်ားကို အနည္းဆံုးျပည္နယ္႐ံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပး ေရး။ သာဓကအားျဖင့္ ခ်င္းအမ်ိဳးသားေန႔ကို ျပည္နယ္ ႐ံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးႏိုင္ရန္ တင္ျပခဲ့ေသာ္ လည္း NLD အစိုးရက ခြင့္မျပဳဘဲ ယေန႔အထိ ပယ္ခ် ခဲ့ပါသည္။

(ဃ) ျပည္နယ္နယ္နိမိတ္ ျပန္လည္တိုင္းတာ (သတ္မွတ္)ေပးေရး။ တိုင္းရင္းသားမ်ားအေနျဖင့္ သူတို႔ ျပည္နယ္နယ္နိမိတ္မ်ားကို အစိုးရအဆက္ဆက္ က ျပည္မနယ္ထဲသို႔ တျဖည္းျဖည္း တိုက္စား/ဖဲ့ထုတ္ ခဲ့သည္ဟု ခံစားၾကသည္။ ခ်င္းျပည္နယ္ နယ္နိမိတ္ ဆိုလွ်င္ NLD အစိုးရ လက္ထက္ထဲမွာျပင္ ထိုသို႔ တိုက္စားျခင္းခံရသည္ဟု တီးတိန္ႏွင့္ ကန္ပက္လက္ ၿမိဳ႕နယ္ ျပည္သူမ်ားက ထုတ္ေဖာ္ၾကပါသည္။ NLD အစိုးရက ယေန႔အထိ မ်က္ကြယ္ျပဳထားပါသည္။

(င) ဘာသာေရးလြတ္လပ္ခြင့္ႏွင့္ တန္းတူေရး။ ဗုဒၶဘာသာမဟုတ္ေသာ ဘာသာျခားမ်ား၏ သာသနာ့ ေျမ/အေဆာက္အအံုမ်ား ၉၉.၉၉ ရာခိုင္ႏႈန္းထက္ မနည္းကို အစိုးရအဆက္ဆက္က အခြန္လြတ္သာသနာ့ ေျမဂရမ္ မထုတ္ေပးခဲ့ပါ။ ၎ကို NLD အစိုးရက မွတ္ပံုတင္(လိုင္စင္) ထုတ္ေပးခဲ့သင့္ပါသည္။ ခ်င္း ျပည္နယ္ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕မွာ ခရစ္ယာန္ဘုရား ေက်ာင္းမ်ား အေျမာက္အမ်ားရွိရာ အားလံုးနီးပါးကို သာသနာလိုင္စင္မထုတ္ေပးသည္မွာ အလြန္အ႐ုပ္ဆိုး အက်ည္းတန္လွပါသည္။ ထို႔ျပင္ မ်ိဳးေစာင့္ဥပေဒမ်ား ကို မဖ်က္သိမ္းဘဲ ဆက္လက္ထားရွိျခင္းသည္လည္း တိုင္းျပည္ ဂုဏ္သိကၡာ က်ဆင္းေစပါသည္။ ဒီမိုကေရစီ ႏိုင္ငံမွာ သာသနာေရးဝန္ႀကီးဌာနမ်ား ထားရွိ႐ိုးထံုးစံ မရွိသည့္အတြက္ ၎ကိုလည္း ပယ္ဖ်က္သင့္ပါသည္။

ၿခံဳငံုသံုးသပ္ပါက ဗမာျပည္မတြင္ လူထု ေထာက္ခံမႈ အခိုင္အမာ ရရွိေနေသးသည့္ NLD သည္ စစ္အာဏာရွင္စနစ္က်ဆံုးေရးႏွင့္ ဒီမိုကေရစီခိုင္မာ ေရးအတြက္ ဆက္လက္ၿပီး အင္အားေတာင့္တင္း ခိုင္မာဖို႔ အလြန္အေရးႀကီးပါသည္။ တိုင္းရင္းသားမ်ား ယံုၾကည္ခဲ့ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ သမီးက ဦးေဆာင္သည့္အတြက္ တိုင္းရင္းသားအေရး၊ ၿငိမ္း ခ်မ္းေရးအတြက္လည္း အျခား ဗမာေခါင္းေဆာင္မ်ား ထက္ ပိုၿပီး အခြင့္အေရးသာေနပါသည္။ သို႔ေသာ္ တိုင္းရင္းသားအေရးႏွင့္ ပတ္သက္၍ NLD ပါတီ၏ တိုင္တြယ္မႈႏွင့္ ပါတီမူဝါဒသည္ ယေန႔အထိ အားရ ေက်နပ္စရာမရွိေသးသည္မွာ အမွန္ျဖစ္ပါသည္။ ထို႔ေၾကာင့္ အစိုးရ တစ္ႀကိမ္တာဝန္ယူၿပီးေသာ ပါတီ တစ္ရပ္အေနျဖင့္ တိုင္းရင္းသားအေရးကို အမွန္ တကယ္ ဝန္တာထားပါက အတိုက္အခံဘဝမွာေနခဲ့စဥ္ က လက္လြတ္စပယ္ ေျပာဆိုေရးသားခဲ့ျခင္းမ်ိဳးကို ဆင္ျခင္ၿပီး ခိုင္မာေသာ မူဝါဒမ်ား ခ်မွတ္ၿပီး လက္ေတြ႕ အေကာင္အထည္ ေဖာ္ေဆာင္ျခင္းျဖင့္ သက္ေသ ျပသင့္ေၾကာင္း အျပဳသေဘာျဖင့္ အၾကံျပဳတိုက္တြန္းပါသည္။

ဆလိုင္းက်ဲအိုဘိခ္ေထာင္

 

NLD ပါတီမူဝါဒနှင့် တိုင်းရင်းသားအရေး

 

မကြာသေးခင်က NLD ပါတီဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က “တိုင်းရင်းသား အခွင့်အရေး လုပ်ပေးနိုင်တာက ကျွန်တော်တို့ NLD ပါတီပဲဖြစ်တယ်”ဟု ပြောဆိုသွားခဲ့သည်။ ဤနေရာတွင် နှစ်ပိုင်းဖြင့် ဆွေးနွေးလိုပါသည်။ အဆိုပါ ပါတီကြီးနေဖြင့် တိုင်းရင်းသားများ လိုလားသော အခွင့်အရေးနှင့် နိုင်ငံရေးစနစ်အတွက် မူဝါဒလုပ်ငန်းစဉ်များ အလုံအလောက် ရှိ/မရှိ ဆိုသည့်အချက်နှင့် အမှန်တကယ်ရော သူတို့က လုပ် ဆောင်ပေးနိုင် သလား၊ လုပ်ဆောင် ပေးလိုသလား (Political will) ဆိုသည့် အချက်ကို လေ့လာကြည့်ပါစို့။

Unicode

NLD မူဝါဒထဲက တိုင်းရင်းသားအရေး

NLD ပါတီ၏ ၂၀၂၀-ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အခန်း(၁၈)နှင့် အချက်ပေါင်း (၁၅၀)ရှိသည်ကို တွေ့ရပါသည်။  တိုင်းရင်းသားအရေး နှင့်စပ်လျှဉ်း၍ “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားမည်”ဟုသာ ယေဘူယျဆန်ဆန် ဖော်ပြပြီး ၎င်းစနစ်၏ အသေးစိတ်အင်္ဂါရပ်များကို တစ်ခုမှ ဖော်ပြထားခြင်းမရှိပေ။ ထို့ပြင် “တိုင်းရင်းသား များအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး” ဆိုသည့်အခန်း တစ်ခု ဖွင့်ထားသော်လည်း ၎င်းထဲက အချက်(၇)ခု စလုံးသည် တိုင်းရင်းသားများလိုလားသော (အစဉ် တစိုက် တောင်းဆိုလာခဲ့သော) ဖက်ဒရယ်စနစ် ဆိုင်ရာ အင်္ဂါရပ်များ အသေးစိတ် (nuts and bolts) မပါသည်ကို တွေ့ရပါသည်။ အချက်(၁) တွင် ‘ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်နှင့် အချက်(၇)မြောက်တွင် ‘သဘာဝ သယံဇာတာ အကျိုးအမြတ်များ မျှတစွာ ခွဲဝေခံစားခွင့် ရရှိရေးဟု အပေါ်ယံဖြင့် ချမှတ်ထားသည်မှအပ ကျန် သည့်အပိုင်းများသည် ဖြစ်စဉ်အပိုင်းသာဖြစ်ကြသည်။

ဆယ်စုနှစ် တစ်ခုသို့ ရောက်သွားပြီးဖြစ်သော မြန်မာ့ ဖက်ဒရယ်ငြိမ်ချမ်းရေး တည်ဆောက်မှုဖြစ်စဉ် တွင် နိုင်ငံရေးပါတီများအနေဖြင့် ‘ဖက်ဒရယ် ပြည် ထောင်စုနိုင်ငံ တည်ဆောက်ရေးဆိုသည့် ခေါင်းစဉ် အဆင့်ကို ကျော်လွှားသင့်ပါပြီ။ ၎င်းစကားရပ်သည် စစ်အစိုးရအဆက်ဆက်မှာ တိုင်းရင်းသားအရေးကို မျက်ကွယ်ပြုခဲ့သော   သဘောထားတင်းမာသည့် (hardliners) မြန်မာ့တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)တို့ပြင် လျှင် လက်ခံထားပြီးသားဖြစ်ပါသည်။ မြောက်ကိုးရီးယား ကပြင် သူ့နိုင်ငံအမည်ကို ဒီမိုကရေစီ ပြည်သူ့သမ္မတ နိုင်ငံ (Democratic People’s Republic)ဟု မှည့်ခေါ် နိုင်ပေသည်။

အမှန်ဆိုလျှင် တိုင်းရင်းသားများက မည်သည့် နိုင်ငံရေးစနစ်နှင့် ဖက်ဒရယ်စနစ်ကို လိုလားသည်ကို ဗမာနိုင်ငံရေးခေါင်းဆောင်များအနေဖြင့် အတန် အသင့် နားလည်ပြီးသား ဖြစ်ပါလိမ့်မည်။ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က ၁၉၆၁ ခုနှစ်မှာ တောင်ကြီးမြို့၌ ချမှတ်ခဲ့သည့် ဖက်ဒရယ်မူ၊ တိုင်းရင်းသား အဖွဲ့အစည်း များဖြစ်သော (FCDCC)က ရေးဆွဲခဲ့သည့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း (၂၀ဝ၈)၊ UNFC မှ ကိုင်စွဲထားသည့် ဖက်ဒရယ်မူစာတမ်း၊ တိုင်းရင်းသား လက်နက်ကိုင် (၁၂)ဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့ သော ဖက်ဒရယ်အခြေခံမူ(၂၄)ချက် စသည်များသည် လေ့လာလိုသူတိုင်း အတွက် အလွယ်အတူ ရှာဖွယ်နိုင်ပါ သည်။ ၎င်းစာတမ်းများ ကိုလေ့လာ ပါက –

(က)     လူမျိုး/များ အခြေခံ သော ပြည်နယ်ဖြစ် ရေး (ဗမာလူမျိုး အခြေခံ ပြည်နယ် တစ်ခုရှိရေး)၊

(ခ)       ပြည်နယ်များအသီးသီး ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရှိရေး၊

(ဂ)       ကြွင်းကျန်အာဏာ (residuary power) ပြည်နယ်မှာထားရှိရေး၊

(ဃ)     ပြည်နယ်များ ပြည်နယ်တွင်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အပြည့်ရရှိရေး၊

(င)       ပြည်နယ်အစိုးရအောက်တွင် ပြည်နယ် လုံခြုံရေးတပ်နှင့် ပြည်နယ်ရဲတပ်ဖွဲ့များ ထားရှိခွင့်ရှိရေး၊

(စ)       ဗမာစာအပြင် ကိုယ့်ပြည်နယ် ဘာသာ စကားကို ရုံးသုံးဘာသာစကား အဖြစ် ထားရှိ ခွင့်(အိန္ဒိယနိုင်ငံကဲ့သို့)၊

(ဆ)     တိုင်းရင်းသား မိခင်ဘာသာစကားခြေခံ ပညာသင်ကြားခွင့်၊

(ဇ)       ပြည်နယ်အစိုးရအကြီးအကဲ ကိုယ့်ပြည်နယ် က ရွေးချယ်ဖွဲ့စည်းခွင့်၊

(ဈ)       ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သော အရာများဖြစ်သည့် ကာကွယ်ရေး၊ နိုင်ငံခြား ရေး၊ ငွေစက္ကူ၊ ကြေးနန်းစာတိုက်၊ အကြီး စားစီးပွားရေးနှင့် လုပ်ငန်းများ စသည်တို့ကို ဗဟိုကကိုင်ပြီး ကျန်သည့်အပိုင်း ခပ်များ များ ကို ပြည်နယ်လုပ်ပိုင်ခွင့်အဖြစ် ထားရှိ ရေး၊

(ည)     သဘာဝသယံဇာတ စီမံခန့်ခွဲခွင့်နှင့် အကျိုး အမြတ်ခွဲဝေခွင့်တွင် ပြည်နယ်က ဗဟိုထက် ပိုမိုရရှိရေး… စသည့်အချက်များကို အခြေခံ အားဖြင့် တွေ့မြင်ရမှာဖြစ်ပါသည်။

ဤအချက်များကို NLD ၏ မူဝါဒကြေညာ စာတမ်းတွင် ဖော်ပြထားခြင်းမရှိပေ။ NLD ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း (၁၁၄ ချက်)ထဲမှာလည်း အထက်ဖော်ပြပါအချက်များ လုံးဝ မပါရှိသည်ကို တွေ့ရပါမည်။ ထို့ကြောင့် အပေါ်ယံဖြင့် ဖက်ဒရယ်လက်ခံသည်၊ တိုင်းရင်းသား အရေးကို ဝန်တာထားသည်ဟု ပြောဆိုရုံဖြင့် မလုံ လောက်ဘဲ အထက်မှာဖော်ပြသည့် (၁၀)ချက်ထဲက မည်မျှလောက်ထိ လက်ခံသည်ဆိုသည့် အပေါ်မှာ မူတည်ပါမည်။ တစ်နည်းအားဖြင့် NLD ပါတီအနေဖြင့် တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးကို လက်ခံသည် ဟု ဆိုရလောက်အောင် ခိုင်လုံသည့်အထောက်အထား ကို လက်ရှိအချိန်ထိ မတွေ့ရသေးချေ။

 

NLD က တိုင်းရင်းသားအရေး လုပ်ပေးနိုင်သလား

တိုင်းရင်းသားများလိုချင်သည့် ဖက်ဒရယ်အရေး၊ ငြိမ်းချမ်းရေးနှင့် လူနည်းစုအခွင့်အရေးအတွက် NLD ပါတီတစ်ခုတည်းကအပြည့်အဝ ဆောင်ရွက်ပေးနိုင်မှာ မဟုတ်သော်လည်း ပြည်ထောင်စုအစိုးရအာဏာကို လက်ရှိပိုင်ဆိုင်ထားသည့် ပါတီအနေဖြင့် အတိုင်း အတာတစ်ခုထိ ဆောင်ရွက်ပေးနိုင်သည့် အာဏာ ရှိပါသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် စရာမလိုဘဲ၊ တပ်မတော်ကို အကြောင်းပြစရာမလိုဘဲ ပြည်ထောင်စု လွှတ်တော်နှင့် အစိုးရ၏ အာဏာဖြင့် တိုင်းရင်းသားများ လိုလားသည့်အချက်များ ခပ်များ များကို သူက ဆောင်ရွက်ပေးနိုင်ခဲ့သင့်ပါသည်။ သာဓက အားဖြင့် ဖော်ပြရလျှင် –

(က) တိုင်းရင်းသားများ မိခင်ဘာသာစကား အခြေပြု ပညာသင်ကြားစနစ် (Ethnic Mother Tongue Based Education System)။ ဘာသာစကား ပေါင်း ၇၀ဝ ကျော်ရှိသည့် အိန္ဒိယနိုင်ငံမှာပြင် ၎င်း စနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ NLD ပါတီခေါင်း ဆောင်များက မလိုလားဟုသိရသည်။

(ခ) သဘာဝသယံဇာတခွဲစေရေး။ NLD ပါတီက ၂၀၁၅-ရွေးကောက်ပွဲကြေညာစာတမ်းမှာ “မျှတသော သဘာဝ သယံဇာတ အကျိုးအမြတ်ခွဲဝေမှု ဖော်ဆောင် မည်”ဟု ကတိပေးထားခဲ့သော်လည်း ယနေ့အထိ ဘာမှ အကောင်အထည်ဖော်ပေးခြင်းမရှိပေ။ သယံ ဇာတအခွန်ဘဏ္ဍာခွဲဝေမှုနဲ့ပတ်သက်၍ ၂၀ဝ၈-ခြေ/ဥ က ကန့်သတ်ပိတ်ပြင်ထားခြင်း လုံးဝမရှိပေ။ ဗဟို အစိုးရ/လွှတ်တော်က Formula/method ရေးဆွဲပြီး ပြဋ္ဌာန်းဥပဒေဖြင့် ဖော်ဆောင်ခွင့် ရှိပါသည်။ တိုင်းရင်း သားများလိုလားသော ၇၀/၃၀ အချိုးကို လက်ခံပေး နိုင်ခြင်း မရှိသေးလျှင်ပြင် ပဏာမခြေလှမ်းအနေဖြင့် ၄၀ ရာခိုင်နှုန်းခန့်ကို ပြည်နယ်သို့ ခွဲဝေပေးပါက တိုင်း ရင်းသားပြည်သူများ သာဓုသုံးကြိမ် ခေါ်မိမှာဖြစ်ပါ သည်။

(ဂ) တိုင်းရင်းသားများ အထွဋ်အမြတ်ထားသော အမျိုးသားနေ့၊ ပြည်နယ်နေ့၊ နှစ်သစ်ကူးနေ့များကို အနည်းဆုံးပြည်နယ်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး ရေး။ သာဓကအားဖြင့် ချင်းအမျိုးသားနေ့ကို ပြည်နယ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးနိုင်ရန် တင်ပြခဲ့သော် လည်း NLD အစိုးရက ခွင့်မပြုဘဲ ယနေ့အထိ ပယ်ချ ခဲ့ပါသည်။

(ဃ) ပြည်နယ်နယ်နိမိတ် ပြန်လည်တိုင်းတာ (သတ်မှတ်)ပေးရေး။ တိုင်းရင်းသားများအနေဖြင့် သူတို့ ပြည်နယ်နယ်နိမိတ်များကို အစိုးရအဆက်ဆက် က ပြည်မနယ်ထဲသို့ တဖြည်းဖြည်း တိုက်စား/ဖဲ့ထုတ် ခဲ့သည်ဟု ခံစားကြသည်။ ချင်းပြည်နယ် နယ်နိမိတ် ဆိုလျှင် NLD အစိုးရ လက်ထက်ထဲမှာပြင် ထိုသို့ တိုက်စားခြင်းခံရသည်ဟု တီးတိန်နှင့် ကန်ပက်လက် မြို့နယ် ပြည်သူများက ထုတ်ဖော်ကြပါသည်။ NLD အစိုးရက ယနေ့အထိ မျက်ကွယ်ပြုထားပါသည်။

(င) ဘာသာရေးလွတ်လပ်ခွင့်နှင့် တန်းတူရေး။ ဗုဒ္ဓဘာသာမဟုတ်သော ဘာသာခြားများ၏ သာသနာ့ မြေ/အဆောက်အအုံများ ၉၉.၉၉ ရာခိုင်နှုန်းထက် မနည်းကို အစိုးရအဆက်ဆက်က အခွန်လွတ်သာသနာ့ မြေဂရမ် မထုတ်ပေးခဲ့ပါ။ ၎င်းကို NLD အစိုးရက မှတ်ပုံတင်(လိုင်စင်) ထုတ်ပေးခဲ့သင့်ပါသည်။ ချင်း ပြည်နယ်မြို့တော် ဟားခါးမြို့မှာ ခရစ်ယာန်ဘုရား ကျောင်းများ အမြောက်အများရှိရာ အားလုံးနီးပါးကို သာသနာလိုင်စင်မထုတ်ပေးသည်မှာ အလွန်အရုပ်ဆိုး အကျည်းတန်လှပါသည်။ ထို့ပြင် မျိုးစောင့်ဥပဒေများ ကို မဖျက်သိမ်းဘဲ ဆက်လက်ထားရှိခြင်းသည်လည်း တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်းစေပါသည်။ ဒီမိုကရေစီ နိုင်ငံမှာ သာသနာရေးဝန်ကြီးဌာနများ ထားရှိရိုးထုံးစံ မရှိသည့်အတွက် ၎င်းကိုလည်း ပယ်ဖျက်သင့်ပါသည်။

ခြုံငုံသုံးသပ်ပါက ဗမာပြည်မတွင် လူထု ထောက်ခံမှု အခိုင်အမာ ရရှိနေသေးသည့် NLD သည် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီခိုင်မာ ရေးအတွက် ဆက်လက်ပြီး အင်အားတောင့်တင်း ခိုင်မာဖို့ အလွန်အရေးကြီးပါသည်။ တိုင်းရင်းသားများ ယုံကြည်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ သမီးက ဦးဆောင်သည့်အတွက် တိုင်းရင်းသားအရေး၊ ငြိမ်း ချမ်းရေးအတွက်လည်း အခြား ဗမာခေါင်းဆောင်များ ထက် ပိုပြီး အခွင့်အရေးသာနေပါသည်။ သို့သော် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ NLD ပါတီ၏ တိုင်တွယ်မှုနှင့် ပါတီမူဝါဒသည် ယနေ့အထိ အားရ ကျေနပ်စရာမရှိသေးသည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရ တစ်ကြိမ်တာဝန်ယူပြီးသော ပါတီ တစ်ရပ်အနေဖြင့် တိုင်းရင်းသားအရေးကို အမှန် တကယ် ဝန်တာထားပါက အတိုက်အခံဘဝမှာနေခဲ့စဉ် က လက်လွတ်စပယ် ပြောဆိုရေးသားခဲ့ခြင်းမျိုးကို ဆင်ခြင်ပြီး ခိုင်မာသော မူဝါဒများ ချမှတ်ပြီး လက်တွေ့ အကောင်အထည် ဖော်ဆောင်ခြင်းဖြင့် သက်သေ ပြသင့်ကြောင်း အပြုသဘောဖြင့် အကြံပြုတိုက်တွန်းပါသည်။

ဆလိုင်းကျဲအိုဘိခ်ထောင်