• Today is: Friday, April 23, 2021

NLD ၏ တိုင်းရင်းသားပါတီများအပေါ် ကမ်းလှမ်းခြင်းအား သုံးသပ်ခြင်းနှင့် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်

Federal Journal
January22/ 2021

NLD ၏ တိုင်းရင်းသားပါတီများအပေါ် ကမ်းလှမ်းခြင်းအား သုံးသပ်ခြင်းနှင့် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် အနိုင်ရပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် တိုင်းရင်းသားပါတီများအပေါ် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ ထိုကမ်းလှမ်းမှုများနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီအချို့မှ ပြောရေးဆိုခွင့်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး NLD ၏ ကမ်းလှမ်းချက်အပေါ် မည်သို့မည်ပုံ ရှုမြင်သုံးသပ်သည်ဆိုတာကို ဖက်ဒရယ်ဂျာနယ်မှ တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ပါဝင်ဆွေးနွေးသူများမှာ ဦးအောင်ခမ်း (ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒုတိယ ဥက္ကဋ္ဌ)၊ ဦးမျိုးဆွေ (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ CEC)၊ ဦးစောညွန့်ရွှေ့ (ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်)တို့ ဖြစ်ပါတယ်။

NLD ပါတီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က နောင်အနာဂတ် ရှေးရှုရမည့် ပြည်ထောင်စု မြန်မာ နိုင်ငံအရေးကိစ္စဆိုပြီး တိုင်းရင်းသားပါတီတွေကို ကမ်းလှမ်းခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ NLD အစိုးရ တက်လာတုန်းက ဘယ်ပါတီနဲ့မှ မဟာမိတ်မဖွဲ့ဘူး ပြောခဲ့တယ်။ အခု ၂၀၂၀ မှာ ဘာကြောင့် တိုင်းရင်း သားပါတီတွေကို ကမ်းလှမ်းလဲဆိုတာ ဆရာတို့အမြင် တွေ ဆွေးနွေးပေးပါဦး။

(ဦးမျိုးဆွေ) ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ ၂၀၁၆ NLD အစိုးရတက်လာတဲ့အခါမှာ သူတို့နဲ့တိုင်းရင်းသား ပါတီတွေနဲ့က ဆက်ဆံမှု မရှိသလောက်ဖြစ်သွားတယ်။ ကျွန်တော်တို့ UNA အဖွဲ့ဝင်ပါတီတွေထဲက တချို့ ဆိုရင် စစ်အာဏာရှင်ခေတ် နိုင်ငံရေးအကြပ်အတည်း ကာလမှာ NLD ကို ဝိုင်းရံခဲ့တဲ့ပါတီတွေ ဖြစ်တယ်။ အဲဒီလိုပါတီတွေနဲ့တောင် NLD က ဆက်ဆံရေးပြတ် တောက်သွားတယ်။ ပိုဆိုးတာက NLD အစိုးရလက် ထက်မှာ ကျွန်တော်တို့ပြည်နယ်တွေမှာဖြစ်တဲ့ ပြဿနာ တွေကို အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံက တော်တော် စိတ်ပျက်စရာဖြစ်တယ်။ ဥပမာ မွန်ပြည်နယ်မှာ ချောင်းဆုံတံတားကို အမည်ပြောင်းတဲ့ကိစ္စမျိုး၊ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့ ကိစ္စ၊ ကျွန်တော်တို့ ရခိုင်ပြည် စစ်ရေးပဋိပက္ခတွေမှာ  အရပ်သားတွေ ထိခိုက်သေဆုံးတဲ့ကိစ္စတွေမှာ ဘာမှ မပြောဘဲနဲ့ လျစ်လျူရှူနေတဲ့ ကိစ္စမျိုးပေါ့။ NLD အစိုးရလက်ထက်မှာ စစ်ဘောင် ပိုကျယ်လာတာမျိုး တွေလည်း တွေ့ရတယ်ဗျ။ တိုင်းရင်းသားပါတီတွေ က NLD ကို တော်တော်စိတ်ပျက်လာကြတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ့်ပြည်နယ်မှာ အနိုင်ရအောင် အများကြီး ကြိုးစားလာကြတယ်။ ပါတီတွေ ပေါင်း ကြတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ ပြည်နယ်တွေမှာ လည်း NLD ပဲ အများဆုံး အနိုင်ရသွားတာပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ ကံကြမ္မာကို သူ့တစ်ပါတီတည်းကို ဆုံးဖြတ်ပိုင်ခွင့်ပေးသလို ဖြစ်တာပေါ့။ ကျွန်တော်တို့ ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို ဒီလို တစ်ဦးတစ် ယောက်၊ ပါတီတစ်ပါတီတည်းက တိုင်းပြည်ရေးရာ ကိစ္စတွေကို စီမံခန့်ခွဲဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အားနည်းချက်တွေလည်း အများကြီး ဖြစ်လာနိုင်တယ်။ တကယ့် တိုင်းရင်းသားဒေသတွေ မှာ ငြိမ်းချမ်းစေချင်တယ်။ စစ်ရေးပဋိပက္ခတွေ လျော့ ပါးအောင် လုပ်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်ဖို့လိုမယ်။ ဒီအတွက်ကြောင့်လည်း NLD ဟာ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ် ကမ်းလှမ်းလာတယ်လို့ ယူဆပါတယ်။

(ဦးအောင်ခမ်း) ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးပြတ်တောက်သွား တယ်။ သူတို့အနေနဲ့ အဲဒါကို ပြန်လည်ကုစားဖို့ တစ် ဖက်ကနေ ချွေးသိပ်ဖို့များလား၊ တကယ်ပဲ NLD က အပြောင်းအလဲကိုလုပ်ဖို့ ဆုံးဖြတ်ထားလား မသိဘူး။ ဘာဖြစ်ဖြစ် ဒီလိုမျိုး ကမ်းလှမ်းလာတာက တစ်ဖက် ကနေ ကောင်းတယ်လို့မြင်ပါတယ်။ ပြည်မပါတီတွေနဲ့ ပြည်နယ်ပါတီတွေဟာ အထူးသဖြင့် စဉ်းစားရမှာက ၁၉၄၇ ပင်လုံစာချုပ်ကို စဉ်းစားပြီးမှ အလုပ်လုပ်ဖို့ လိုတယ်။ အစိုးရဟာ နိုင်ငံတကာမှာ အခက်အခဲတွေ ကြုံနေတာတွေလည်း မြင်နေရတယ်။ နော်အုန်းလှကို လူ့အခွင့်အရေးဆုပေးတာမျိုးတွေ၊ ICJ ကိစ္စတွေပေါ့။ စစ်တပ်နဲ့ အရပ်ဖက်ဆက်ဆံရေးဟာလည်း အဆင် ပြေသလား၊ မပြေဘူးလားလည်း စဉ်းစားဖို့လိုတယ်။ ဒီလိုအခက်အခဲတွေကြောင့် တိုင်းရင်းသားဘက်ကို အားကိုးလာတဲ့ အပိုင်းများလားလို့ စဉ်းစားချက်တော့ ပေါ်လာတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်နဲ့အရပ် ဖက် ဆက်ဆံရေးဟာ ၂၀၁၅ နောက်ပိုင်းမှာ အထူး သဖြင့် NLD အစိုးရနဲ့ ဆက်ဆံရေးဟာ ကောင်းမယ် လို့ တွက်ပုံရပါတယ်။ ကျွန်တော့်အမြင်တော့ သိပ်တော့ ကောင်းတယ်လို့ မမြင်ဘူး။ ဆက်ဆံရေး နည်းနည်းကျဲ လာတယ်။ ဒါကြောင့် တိုင်းရင်းသားတွေကို အတူလုပ် ကြဖို့ ခေါ်သလားလို့ တွေးမိပါတယ်။ ဒါပေမဲ့ NLD အစိုးရဟာ စာရွက်ပေါ်မှာ စာနဲ့ပဲပြောတာ မဟုတ်ဘဲ လက်တွေ့လုပ်ဖို့ လိုပါတယ်။ နှစ်ပေါင်း ၇၀ ကျော်သွား ပြီ။ ပင်လုံစာချုပ်ဟာ အခုထိ အကောင်အထည်မဖော် နိုင်ဘူး။ လက်တွေ့မရှိဘဲ စကားပဲပြောနေတဲ့အခြေ အနေမျိုးလည်း ကျွန်တော်တို့မလိုလားဘူး။ လက် တွေ့ဆောင်ရွက်ကြဖို့ လိုတယ်ဆိုတာကို ကျွန်တော် ပြောလိုပါတယ်။

(ဦးစောညွှန့်ရွှေ) NLD ရဲ့ ကမ်းလှမ်းတာကို ကန့်ကွက်စရာ မရှိပါဘူး။ သူတို့ရဲ့ကြေညာချက်၊ ကမ်း  လှမ်းချက်က နည်းနည်း ယေဘုယျဆန်တယ်လို့ ကျွန်တော်တို့ တိုင်းရင်းသားအများစုက မြင်ပါတယ်။ NLD ရဲ့ ပြည်ထောင်စုအစိုးရမဖွဲ့ခင်ကာလမှာ ပြည် နယ်အစိုးရဖွဲ့ဖို့ကိစ္စတွေ ရှိမယ်။ နောက် တိုင်းရင်း သားအရေးနဲ့ပတ်သက်ပြီး သူတို့ ဘယ်လိုအကောင် အထည်ဖော် ဆောင်ရွက်မလဲဆိုတဲ့ တိကျတဲ့ ဆွေး နွေးချက်မျိုးကို သူတို့ကြေညာချက် ထုတ်သင့်တယ်။ သူတို့ကမ်းလှမ်းချက်ထဲမှာ နောင်အနာဂတ်ဆိုတာ အချိန်ဘယ်လောက်အထိ ကြာမှာလဲပေါ့။ ကျွန်တော် တို့က ငြိမ်းချမ်းရေးကာလကို ဖြတ်သန်းရမှာဖြစ်သလို နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုး တက်မှုကို တစ်ပါတည်း သွားရမှာဖြစ်တဲ့အတွက် သူတို့ကိစ္စမှာ တိကျဖို့လိုတယ်။ သူတို့ရဲ့ကမ်းလှမ်းချက် ကို သူတို့ကို အကြောင်းပြန်ကြားတဲ့ ပါတီကိုသာလျှင် ဦးစားပေး ဆွေးနွေးမယ်ဆိုတာ နိုင်ငံရေးသဘော တရား သိပ်မဆန်ဘူးလို့ မြင်တယ်။ နိုင်ငံရေးပါတီအဖွဲ့ အစည်း အချင်းချင်းဟာ လေးလေးစားစား ဆက်ဆံ ရမယ်။ အရင် ၂၀၁၅ ခုနှစ် အစိုးရဖွဲ့ပြီး NLD ပြောခဲ့ တာက ငြိမ်းချမ်းရေးကို လွှတ်တော်ထဲကရရှိအောင်  ဆောင်ရွက်ရမယ်၊ ၂၀ဝ၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲ က ပြင်မယ်လို့ ပြောခဲ့တယ်။ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ပြီးတော့ ပြည်ထောင်စုဖွဲ့ခါနီးမှာ ပြောတာ က ၂၀ဝ၈ ကို လွှတ်တော်ထဲက ပြင်လို့မရတော့ဘူး။ ညီလာခံမှာပဲ ပြင်ရမယ်လို့ ပြောတာတွေ ကြားရတယ်။  ပြီးသွားတဲ့ ညီလာခံ လေးကြိမ်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ငြိမ်းချမ်းရေးကိစ္စတွေအတွက် အဖြေ ထုတ်နိုင်တဲ့ တိကျတဲ့မူဝါဒမျိုးတွေ ပါလာတာ မတွေ့ ရဘူး။ လာမယ့် ၂၀၂၀-၂၀၂၅ သက်တမ်းအတွင်း NLD အစိုးရကနေ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စ တွေ၊ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်မယ့် ကိစ္စတွေကို ပြင်ဆင် ပါမယ်ဆိုတာက အများကြီး စဉ်းစားစရာတွေ ဖြစ်လာ တယ်။ လက်ရှိ ရွေးကောက်ပွဲမတိုင်ခင်မှာလည်း တိုင်း ရင်းသားပါတီတွေကို အများကြီး ဝေဖန်တိုက်ခိုက်တာ တွေ ကြားရတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပါတီ တွေ အနိုင်ရသွားခဲ့မယ်ဆိုရင်ပဲ စစ်ဖိနပ်အောက် ရောက်ပြီးတော့ ပေါ်တာထမ်းရမယ်ဆိုတဲ့ ကိစ္စတွေ ဘယ်အဖွဲ့တွေ၊ ဘယ်လော်ဘီတွေက ဘယ်လိုပဲပြော နေပါစေ အစိုးရတစ်ရပ်က ဒီအပေါ်မှာ ဖြေရှင်းချက် ထုတ်ရမယ်လို့ ကျွန်တော်တို့မြင်တယ်။ ကိုယ့်ပါတီ အပေါ်ကို တိုင်းရင်းသားပါတီတွေက လေးစားမှုရှိ လာအောင် နိုင်ငံရေးစကားဆန်ဆန်တွေ ပြောရမှာ ဖြစ်တယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေ သွားချင် တာက ဖက်ဒရယ်ဒီမိုကရေစီကို သွားချင်တာဖြစ်တယ်။ ကမ်းလှမ်းချက်မှာပါတာက ဒီမိုကရေစီဖယ်ဒရယ်ကို သွားမယ်ဆိုတဲ့ ကွာဟချက်တွေကို NLD အစိုးရအနေ နဲ့ ဘယ်လိုညှိနှိုင်းမလဲ။ ဒါတွေဟာ အရေးကြီးတဲ့ကိစ္စ တွေဖြစ်တယ်။

NLD နဲ့ တိုင်းရင်းသားပါတီတွေ ဆွေးနွေးတဲ့အခါ မှာ တိုင်းရင်းသားဘက်က ဖက်ဒရယ်ဆိုင်ရာ မူဝါဒ တွေကို အလေးထား ဆွေးနွေးတာ ကောင်းမလား၊ အစိုးရဖွဲ့တဲ့နေရာမှာ ရာထူးနေရာရရှိဖို့ အလေးထား ဆွေးနွေးတာ ကောင်းမလား။

(ဦးအောင်ခမ်း) ကျွန်တော်တို့ကတော့ မူဝါဒ ဆိုင်ရာကို အလေးထားပြီးတော့မှ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူဝါဒဟာ အနာဂတ် နဲ့ပတ်သက်ပြီးတော့ ထားရမယ့် စံနှုန်းတွေဖြစ်တဲ့ အတွက် အရေးကြီးပါတယ်။ ပြည်နယ်တွေရဲ့သဘော သဘာဝကို ဘယ်လိုမျိုးလုပ်ကြမလဲ၊ ပြည်မကရော ဘယ်လိုသဘောထားရှိမလဲဆိုတဲ့ အပိုင်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုဆိုင်ရာ ကို ပေါင်းစည်းထားတဲ့ပါတီတွေနဲ့ NLD နဲ့ ဆွေးနွေး ဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်။ ပြည်နယ်ဆိုင်ရာကို ပြည်နယ်မှာ ဆွေးနွေးပြီးမှ ပြည်ထောင်စုဆိုင်ရာကို အားလုံးနဲ့ စုပေါင်းဆွေးနွေးသွားဖို့ လိုပါတယ်။

(ဦးမျိုးဆွေ) ကျွန်တော်တို့အနေနဲ့ကတော့ ရာထူးနေရာရဖို့ ဆွေးနွေးတာ မဖြစ်သင့်ဘူးထင်တယ်။ ခပ်ရိုင်းရိုင်းပြောရရင် ဒါက တစ်နပ်စားကိစ္စပဲ။ ရာထူး နေရာပေးရုံနဲ့ တိုင်းရင်းသားတွေရဲ့ပြဿနာကို ဖြေရှင်း ပေးနိုင်မှာ မဟုတ်ပါဘူး။ ဖက်ဒရယ်ဆိုင်ရာ မူဝါဒတွေ ကို အလေးထားပြီးတော့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီလို ဖက်ဒရယ်ဆိုင်ရာကို အလေးထားဆွေးနွေးမှသာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ရေရှည်တည်တံ့ငြိမ်းချမ်းရေး ကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။ နောက် အခု လို တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးတာက တစ်ကြိမ် တည်းမဟုတ်ဘဲနဲ့ နှစ်စဉ် တိုင်းရင်းသားပါတီတွေနဲ့ NLD အစိုးရနဲ့ အမြဲတမ်း ပုံမှန်ဆွေးနွေးသင့်တယ်လို့ မြင်ပါတယ်။ ဒါမှသာ ရေရှည်ပြည်ထောင်စုအတွက် အကျိုးဖြစ်ထွန်းမယ်လို့ ထင်ပါတယ်။

၂၀၁၅ မှာ တိုင်းရင်းသားပါတီတွေက အနိုင်ရပေမယ့် ပြည်နယ်အစိုးရဖွဲ့ခွင့် မရှိခဲ့ဘူး။ ပြည်နယ်ဝန်ကြီးချုပ် ကိုလည်း ခန့်အပ်ခွင့်မရှိခဲ့ဘူး။ ဥပမာ ရခိုင်ပြည်နယ် ပေါ့။ ပုဒ်မ ၂၆၁ ကြောင့် နိုင်ငံတော်သမ္မတကပဲ တိုက် ရိုက်ခန့်အပ်တာပေါ့။ အဲဒီတော့ တိုင်းရင်းသားပြည်သူ တွေစိတ်ထဲမှာ တွေးမိတာက ပြည်နယ်ဒေသခံပါတီ တွေက အစိုးရမဖွဲ့နိုင်တဲ့အခါကျတော့ အစိုးရဖွဲ့နိုင် တဲ့ ပါတီကိုပဲ မဲပေးမယ်ဆိုပြီး တွေးမိလာတာပေါ့။ အဲဒီတော့ ပုဒ်မ ၂၆၁ ကို တိုင်းရင်းသားပါတီတွေ ကိုယ့်ပြည်နယ် အစိုးရဖွဲ့ခွင့်ရအောင်၊ ပြည်နယ်ဝန်ကြီး ချုပ်ကို ခန့်အပ်ပိုင်ခွင့်ရအောင် ပြင်နိုင်မယ်ဆိုရင် တိုင်းရင်းသားပါတီတွေ သူတို့ရဲ့ သက်ဆိုင်ရာပြည်နယ် တွေမှာ အခြေအနေကောင်းလာနိုင်မလား။

(ဦးအောင်ခမ်း) ပုဒ်မ ၂၆၁ နဲ့ပတ်သက်ပြီးတော့  အမြန်ဆုံး ဒီဟာကို ပယ်ဖျက်သင့်တယ်။ ဘယ်လိုနည်း နဲ့မှ ဒီပုဒ်မက လက်ခံနိုင်စရာအကြောင်း မရှိပါဘူး။ ၂၀ဝ၈ အခြေခံဥပဒေပဲပြောပြော ဘယ်ဥပဒေပဲပြော ပြော ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ၂၀၁၅ နောက် ပိုင်းမှာ NLD အစိုးရအနေနဲ့ ဒီပုဒ်မကို ပြောင်းလဲနိုင် တယ်။ ဒါပေမဲ့ သူတို့ အာဏာရရှိပြီးနောက်ပိုင်းမှာ သူတို့ပြောခဲ့တဲ့ စကားနဲ့ သူတို့ ကတိမတည်ပါဘူး။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဖြစ်ပါတယ်။ NLD ဟာ အမြန်ဆုံး ပုဒ်မ ၂၆၁ ကို ပယ်ဖျက်ဖို့ မကြာခင် ဖွဲ့စည်းမယ့် အစိုးရသစ်လက်ထက်မှာ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုပါတယ်။

(ဦးစောညွန့်ရွှေ) ၂၀၁၅ မှာ အစိုးရဖွဲ့နိုင်ပြီး လွှတ်တော်မှာ နေရာအများဆုံးရပြီး ပြင်နိုင်တဲ့ကိစ္စ ကို ဘာကြောင့် မပြင်ခဲ့သလဲ။ ကျွန်တော်တို့က နေရာ ရခြင်း မရခြင်းဆိုတဲ့ကိစ္စတွေထက် လွှတ်တော်ကိုယ် စားလှယ်တွေဟာ ဒီအစိုးရအဖွဲ့ကို ဘယ်လိုထိန်း ကျောင်းသွားမလဲ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ရည်ရွယ်ချက်က ရာထူးနေရာရရှိဖို့ထက် ကျွန်တော်တို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လိုအပ်နေတဲ့နေရာ ဒေသတွေကို တင်ပြပြီးတော့ တိုင်းရင်းသားတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေ၊ နိမ့်ကျနေမှုတွေကို ပြန် လိုချင်တဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီတွေ တည်ထောင်ပြီးတော့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။

(ဦးမျိုးဆွေ) ပုဒ်မ ၂၆၁ ဆိုတာကလည်း ဒီမို ကရေစီစံနှုန်းနဲ့ညီတဲ့ ပုဒ်မ မဟုတ်ဘူး၊ ပြင်သင့်တဲ့ ပုဒ်မဖြစ်ပါတယ်။ ပြင်လိုက်မယ်ဆိုရင် တိုင်းရင်းသား ပါတီတွေက ပြည်ထောင်စုအဆင့်မှာ ဗဟိုအစိုးရမဖွဲ့ နိုင်သည့်တိုင်အောင် ပြည်နယ်အစိုးရကိုတော့ ဖွဲ့နိုင် လာမယ်။ ကိုယ့်တစ်ပါတီတည်းမဖွဲ့နိုင်ရင်လည်း တိုင်း ရင်းသားပါတီတွေ စုပေါင်းပြီးတော့ ပြည်နယ်မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်တာပေါ့။ ပုဒ်မ ၂၆၁ ကို ပြင် နိုင်ရင် တိုင်းရင်းသားပါတီတွေအပေါ်မှာ တိုင်းရင်း သားပြည်သူလူထုတွေအနေနဲ့ ပိုပြီးတော့ ယုံကြည် စိတ်ချအားကိုးမှုတွေ ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ကတော့ ယုံကြည်ပါတယ်။

အခု တိုင်းရင်းသားလူငယ်တွေလည်း နိုင်ငံရေးမှာ တက်တက်ြွကြွက ပါဝင်လာကြတယ်။ တိုင်းရင်းသား ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေက ပြည်နယ် အစိုးရလည်း ဖွဲ့ခွင့်မရှိသေးဘူး၊ ပြည်နယ်ဝန်ကြီးချုပ် လည်း ခန့်အပ်ပိုင်ခွင့် မရှိတဲ့အခါမှာ လူငယ်တွေက နိုင်ငံရေးလမ်းကြောင်းကို စိတ်ပျက်သွားပြီး တခြား နည်းလမ်းတစ်ခုကို ရွေးချယ်သွားမှာလည်း စိုးရိမ်စရာ ဖြစ်တယ်ပေါ့။ အဲဒီတော့ လူငယ်တွေ နိုင်ငံရေးကို စိတ်မပျက်ဘဲ ပိုပိုပြီး စိတ်ဝင်စားလာအောင် အစိုးရက ဘယ်လိုမျိုး လုပ်ဆောင်ပေးရင် ကောင်းမလဲ။

(ဦးမျိုးဆွေ) တိုင်းရင်းသားလူငယ်တွေ နိုင်ငံ ရေးကို စိတ်ဝင်စားလာအောင်လုပ်ဖို့ဆိုတာ ပုဒ်မ ၂၆၁ ကို ပြင်နိုင်ရုံနဲ့ မလုံလောက်ဘူး။ ပုဒ်မ ၂၆၁ လို မြို့နယ် ခရိုင် အုပ်ချုပ်ရေးတွေကို လက်ရှိ ထွေ/အုပ်အစား လူထုက တိုက်ရိုက်ရွေးချယ်တဲ့ စနစ်မျိုး ပြောင်းနိုင် ဖို့ လုပ်သင့်တယ်လို့ ထင်တယ်။ နောက်ပြီး ဖက်ဒရယ် နိုင်ငံတွေကို ကြည့်လိုက်ရင် ပြည်ထောင်စုအဆင့် ရှိမယ်၊ ပြည်နယ်အဆင့်ရှိမယ်၊ ဒေသန္တရအဆင့် ရှိမယ်။ မြို့နယ်ခရိုင် အုပ်ချုပ်ရေးတွေကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တဲ့စနစ်ကို လုပ်လာနိုင်လို့ရှိရင် ပိုပြီးတော့ လူငယ်တွေဟာ နိုင်ငံရေးကို စိတ်ဝင်စား လာမယ်။ ဖက်ဒရယ်နိုင်ငံတစ်ခု တည်ထောင်မယ်ဆို လို့ရှိရင် ဒီအဆင့်က မဖြစ်မနေ ဖြတ်သန်းရမယ့်အဆင့် ဖြစ်တဲ့အတွက် ဒီအဆင့်ကို အရင်ဆုံးသွားတာက ကျွန်တော်တို့နိုင်ငံအတွက် ပိုပြီးတော့ လွယ်လိမ့်မယ်။ ဖက်ဒရယ်ပီပြင်လာတဲ့အခါမှာ ဒေသန္တရတွေက ပြည် နယ်အောက်ကို ဝင်သွားမယ်။ လာမယ့် ငါးနှစ်သက် တမ်းမှာ NLD အစိုးရက ဒီဟာကို အကောင်အထည် ဖော်နိုင်မယ်ဆိုရင်တော့ လူငယ်တွေက နိုင်ငံရေးမှာ ပိုပြီးတော့ စိတ်ဝင်စားလာမယ်လို့ ကျွန်တော်မြင်ပါ တယ်။

(ဦးစောညွန့်ရွှေ) မြေသိမ်းတဲ့ကိစ္စတွေဆိုရင် တိုင်းရင်းသားဒေသတွေမှာ အများဆုံး အသိမ်းခံရတဲ့ ကိစ္စတွေဖြစ်တယ်။ ဒီမြေယာသိမ်းဆည်းခံရတဲ့ မြေ တွေဟာ တကယ်တော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း တွေ မဟုတ်ဘူး။ လူထုမသိဘဲ သိမ်းဆည်းခံရတာတွေ ရှိတယ်။ အခုလက်ရှိ ကယားပြည်နယ်မှာ အကောင် အထည်ဖော်မယ့် စီမံကိန်းတွေဆိုရင် ဒေသခံတိုင်းရင်း သားတွေက ဘာမှမသိလိုက်ဘူး။ နှစ်ကြာလာတဲ့အခါ ဒီစီမံကိန်းတွေရဲ့ အကျိုးဆက်ကို တိုင်းရင်းသားတွေ ခံရမယ်ဆိုတာ သိလာတဲ့အခါကျတော့ ဒါတွေကို ကျွန်တော်တို့တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ က တင်ပြနိုင်မှရတာ။ ဒါတွေကို အစိုးရ မဖြစ်အောင် ဘယ်လိုတားဆီးမလဲ။ အခု လူထုတွေနားမလည်ဘဲနဲ့ အစိုးရက လုပ်ချင်တာ လုပ်သွားတဲ့ကိစ္စကို လူငယ်တွေ အနေနဲ့က အမြင်ပြောင်းလာတယ်။ ဒီအစိုးရ မဟုတ် ဘူး။ ငါတို့ရဲ့လွတ်လပ်စွာ ပြောဆိုခွင့်တွေ၊ ဆန္ဒပြခွင့် တွေ၊ ဟောပြောခွင့်တွေ မရဘူး။ ဒီလိုအခွင့်အရေးတွေ မှ မပေးရင် တိုင်းရင်းသားလူငယ်တွေက ဒီမိုကရေစီ ဆိုတာလည်း မကောင်းဘူး၊ ဖက်ဒရယ်ဆိုတာလည်း မကောင်းဘူးဆိုတဲ့ အမြင်မျိုး ပြောင်းသွားနိုင်တယ်။ ကျွန်တော်တို့ဆီမှာဆိုရင် လူငယ်တွေ မျိုးနွယ်စုအလိုက် အသင်းအဖွဲ့တွေရှိတယ်၊ လူမျိုးအလိုက် ကိုယ်စားပြု တဲ့အဖွဲ့တွေ ရှိတယ်။ ဒီလိုတိုင်းရင်းသားအဖွဲ့တွေ အဆင့်ဆင့်နဲ့ တွေ့ဆုံဆွေးနွေးမှသာလျှင် ဒီတိုင်းရင်း သားတွေရဲ့ နိုင်ငံရေးရေချိန်ကို မြှင့်တင်ပေးရာလည်း ရောက်မယ်။ ဒီလိုမှ မှန်ကန်တဲ့ နိုင်ငံရေးရေချိန်၊ ဖက် ဒရယ်ကို ဘယ်လိုလမ်းကြောင်းနဲ့ သွားမယ်ဆိုတဲ့ဟာ ကို ဘယ်လိုလမ်းကြောင်းနဲ့ သွားမယ်ဆိုတာ တိုင်းရင်း သားလူငယ်တွေ ပိုနားလည်လာမယ်လို့ ထင်ပါတယ်။ ဒါမှသာလျှင်လည်း ဖွံ့ဖြိုးရေးကိစ္စတွေ၊ ငြိမ်းချမ်းရေး ကိစ္စတွေ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးတွေ ဖြစ်လာ နိုင်မယ်လို့ ထင်ပါတယ်။

တိုင်းရင်းသားတွေက ဖက်ဒရယ်စနစ်ကို လိုချင်နေကြ တယ်။ ဘာကြောင့် တိုင်းရင်းသားတွေ ဖက်ဒရယ်ကို တောင်းဆိုနေရလဲဆိုတာ အကျဉ်းချုပ်လေး ပြောပြ ပေးပါ။

(ဦးစောညွန့်ရွှေ) တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ဆိုတာက ဒီမိုကရေစီနဲ့ ကွာပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေအမြင်မှာ ဒီမိုကရေစီ ဆိုတာ နောက်မှ အကောင်အထည်ဖော်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားအခွင့် အရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ကျွန်တော် ဖတ်ဖူးတာတစ်ခု ဥပမာပြောပါမယ်၊ ဖက်ဒရယ်ဆိုတာ အဆောက်အဦတစ်ခု ဆောက်မယ့်ပုံစံနဲ့ တင်စားထား တယ်။ ကိုယ်လိုချင်တဲ့နိုင်ငံက ဘယ်လိုပုံစံလဲ၊ ဘယ်လို တည်ဆောက်မလဲ စဉ်းစားပြီးရင် ညီမျှတဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖက်ဒရယ်ကို ဘယ်လိုဖန်တီးမလဲ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ ပြည်နယ်တွေ ရဲ့ အခွင့်အရေးတွေကို ဘယ်လိုဖန်တီးမလဲ၊ ပြည် ထောင်စုအဆင့်က ဘာတွေကို ကိုင်တွယ်ထားမလဲ ဆိုတဲ့ အခြေခံ စဉ်းစားချက်ကနေ အရင်သွားရမှာ ဖြစ်ပါတယ်။ ဒီလို ဖက်ဒရယ်အခြေခံအုတ်မြစ် ခိုင်မာ မှသာလျှင် ဒီမိုကရေစီဆိုတဲ့ အတိုင်းအတာတစ်ခုက အောင်မြင်မှာ ဖြစ်ပါတယ်။

(ဦးမျိုးဆွေ) ကျွန်တော်တို့နိုင်ငံက တိုင်းရင်း သားလူမျိုးစုတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံ ဆိုတဲ့အခါမှာ ဖက်ဒရယ်စနစ်သည် ကျွန်တော်တို့နိုင်ငံ အတွက် အသင့်လျော်ဆုံးလို့ မြင်ပါတယ်။ ဖက်ဒရယ် စနစ်ဆိုတာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်း သားခေါင်းဆောင်တွေက ပင်လုံစာချုပ်မှာ အခြေခံ အုတ်မြစ်ချပြီးသားပါ။ ဖက်ဒရယ်ကို ကျွန်တော်တို့ တိုင်းရင်းသားတွေက ဘယ်လိုယုံကြည်လဲဆိုတော့ ကိုယ့်ပြည်နယ် ဖွဲ့စည်းပုံနဲ့ ကိုယ့်ပြည်နယ်ကို ကျွန်တော်တို့က ကိုယ့်ဘာသာ စီမံခန့်ခွဲလို့ရမယ်၊ အုပ် ချုပ်လို့ရမယ်ဆိုရင် ကျွန်တော်တို့တိုင်းရင်းသားဒေသ တွေက ဒီထက်မက အများကြီး တိုးတက်လာနိုင်တယ် လို့ ကျွန်တော်တို့က ယုံကြည်တယ်။ ကျွန်တော်တို့ ရခိုင်ကို ကျွန်တော် ဥပမာနည်းနည်းပေးလိုက်မယ်။ သမိုင်းမှာပြန်ကြည့်ရင် မြောက်ဦးခေတ်မှာ ကျွန်တော် တို့ဟာ ချမ်းသာခဲ့တယ်။ နောက်တစ်ခါ အင်္ဂလိပ်ခေတ် မှာလည်း ကျွန်တော်တို့ဒေသက စီးပွားရေးကောင်း တယ်၊ ပြည်သူတွေကလည်း ချမ်းသာခဲ့တယ်။ ဒါ ဘာကြောင့်လဲဆိုရင် ပြန်ကြည့်လိုက်တဲ့အခါ ကျွန်တော် တို့ရခိုင်တွေဟာ ကမ္ဘာနဲ့ တိုက်ရိုက်ကုန်သွယ်လို့ ရခဲ့ တယ်။ ကုန်သွယ်ရေးလမ်းကြောင်း ကောင်းခဲ့တဲ့ အတွက် ကျွန်တော်တို့ဟာ စီးပွားရေးကောင်းခဲ့ကြ တယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ကုန် သွယ်ရေးလမ်းကြောင်းတွေအားလုံးကို ရန်ကုန်ဗဟိုပြု ဝါဒနဲ့ သွားလိုက်တဲ့အခါမှာ ကျွန်တော်တို့ ရခိုင်က ထွက်တဲ့ သယံဇာတတွေကို နိုင်ငံခြားကို တင်ပို့ဖို့ လုပ်တဲ့အခါမှာ ရန်ကုန်ကတစ်ဆင့်ပဲပိုရတဲ့ စနစ်ကို ရောက်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ရခိုင်ဒေသ မှာ စီးပွားရေးလမ်းကြောင်းတွေလည်း မရှိတော့ဘူး၊  အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မရှိတော့တဲ့ အခါမှာ ကျွန်တော်တို့ဒေသက ဆင်းရဲလာတယ်။ ဖက်ဒရယ်ရလို့ ကိုယ့်ပြည်နယ်ဖွဲ့စည်းပုံနဲ့ ကိုယ့်ဒေသ ကိုယ် စီမံခန့်ခွဲရမယ်ဆိုရင် ကျွန်တော်တို့ဒေသဟာ ချက်ချင်းပြောင်းလဲသွားနိုင်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့က ဖက်ဒရယ်ကိုလိုချင်၊ တောင်းဆိုနေရတာ ဖြစ်တယ်။ ပင်လယ်ထွက်ပေါက် မရှိတဲ့ ]ဝ}ဒေသ၊ မိုင်းလားဒေသတို့တောင်မှ အခုကြည့် လိုက်မယ်ဆိုလို့ရှိရင် ပြည်ထောင်စုမှာရှိတဲ့ အစိတ်အပိုင်း တွေထက် ဘာကြောင့် သူတို့ အများကြီး ဖွံ့ဖြိုးတိုး တက်နေလဲ။ ဒါတွေကိုကြည့်ပြီးတော့ တိုင်းရင်းသား တွေက ဖက်ဒရယ်ကို လိုချင်နေကြတာ ဖြစ်တယ်။ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်ခွင့်ရရင် ကျွန်တော်တို့ ဒေသတွေဟာ မလွဲမသွေ တိုးတက်လာမယ်။ ပြည် နယ်တွေအသီးသီးက တိုးတက်လာလို့ရှိရင် ပြည်နယ် တွေပေါင်းထားတဲ့ ပြည်ထောင်စုဆိုတာလည်း မလွဲ မသွေ တိုးတက်လာမှာ ဖြစ်တယ်။

(ဦးအောင်ခမ်း) ကျွန်တော်တို့ ကချင်တွေဟာ ပင်လုံစာချုပ်အရ ပြည်ထောင်စုကြီးထဲမှာ ပါဝင်လာ တာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ဖက် ဒရယ်ပြည်ထောင်စုကိုပဲ တည်ဆောက်ဖို့လိုတယ်ဆို တာကို တောင်းဆိုတာ ဖြစ်တယ်။ တန်းတူညီတူရှိတဲ့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ နိုင်ငံဖြစ်ဖို့လိုတယ်။ ပြည်နယ် အသီးသီးဟာ ဒါကို လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိအစိုးရအပါအဝင် စစ်တပ်ကလည်း ဒါကို သဘော တူညှိပေးဖို့လိုတယ်။ အမြန်ဆုံးလည်း အကောင် အထည်ဖော်ဖို့ လိုတယ်ဆိုတာကို ကျွန်တော်ပြောလို တယ်။ အနိမ့်ဆုံး စီးပွားရေးတွေ၊ စာပေတွေကို အစိုးရက အကူအညီမပေးသည့်တိုင် ခွင့်ပြုပေးဖို့ လို တယ်။ ဖက်ဒရယ်နိုင်ငံဖြစ်ပြီဆိုရင် ကျွန်တော်တို့တိုင်း ရင်းသားတွေဟာ တိုးတက်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ တိုးတက်မှာပါ။ ဒါကြောင့် တိုင်းရင်းသားတွေအားလုံး ပါဝင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ဟာကို တင်ပြလိုပါ တယ်။

NLD ပြောတာက ဒီမိုကရေစီဖက်ဒရယ်ကို သွားမယ်။ တိုင်းရင်းသားတွေက ဖက်ဒရယ်ဒီမိုကရေစီလို့ သုံး တယ်။ စကားအသုံးအနှုန်း ကွာတယ်ပေါ့နော်။ အနှစ် သာရက ဘယ်လိုကွာခြားမှုရှိမလဲ။

(ဦးအောင်ခမ်း) ဒီဟာက မတူပါဘူး။ ဒီမိုကရေစီ က လူအများစုကို ညွှန်းတာဖြစ်ပါတယ်။ အခု ဗမာ လူမျိုးတွေဟာ တိုင်းရင်းသားပြည်နယ်အသီးသီးမှာ နေထိုင်နေတယ်ဆိုတာကို ပြောလိုပါတယ်။ ဒါကြောင့် အခြေခံဥပဒေပြင်တဲ့အခါမှာ တိုင်းရင်းသားပြည်နယ် တွေရဲ့ အခြေခံဥပဒေကို အမြန်ဆုံးရေးဆွဲပြီးမှ တိုင်း ရင်းသားနယ်မြေတွေကို လူဦးရေအကန့်အသတ်နဲ့ပဲ ထားရတော့မယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်တော် တို့ဟာ အမြဲတမ်း နစ်နာမယ်၊ အမြဲတမ်း ဖိနှိပ်ခံနေရ မယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ လူများရာ ဒီမိုက ရေစီစနစ်ကို လက်မခံနိုင်ရခြင်း ဖြစ်ပါတယ်။ ဒီမိုက ရေစီဖက်ဒရယ်ဆိုတာ ဗမာအတွက် ကောင်းပါတယ်။ တိုင်းရင်းသားတွေအတွက်တော့ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။ ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်ဖို့လိုပဲ ကျွန်တော်တို့ တင်ပြခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုဖက်ဒရယ်နိုင်ငံစစ်စစ်ကို တည်ဆောက်ဖို့ ပြောလိုပါတယ်။

(ဦးစောညွန့်ရွှေ) ကျွန်တော်တို့တိုင်းရင်းသား တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ မရှိဘူး။ ရိုးရာယဉ်ကျေး မှုဓလေ့ထုံးစံအရ ပွဲလမ်းသဘင်လုပ်မယ်ဆိုရင်တောင် စာတင်နေရတဲ့ကိစ္စ၊ အခု တိုင်းရင်းသားရေးရာစာပေ မြှင်တင်ဖို့ လုပ်နေကြတယ်။ ဒါပေမဲ့ အခုအချိန်ထိ စာသင်ကျောင်းတွေမှာ ကျောင်းချိန်ပြင်ပမှပဲ သင် ကြားခွင့်ရသေးတယ်။ တိုင်းရင်းသားတွေက ပင်လုံ စာချုပ်အရ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ လိုချင်လို့ တစိုက်မတ်မတ် တောင်းဆိုလာတယ်ဆို တာက အားလုံးလက်ခံရမယ့် ကိစ္စ ဖြစ်တယ်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၃ မှာ ဗိုလ်ချုပ်အောင်ဆန်းက ကယား ပြည်နယ်ကို လာရောက်ပြီးတော့ မြို့လယ်ခေါင်မှာ ပြောသွားတာ ]]ဗမာတွေဟာ ဒီတိုင်းရင်းသားဒေသ တွေကို မချယ်လှယ်ပါဘူး၊ မအုပ်ချုပ်ပါဘူး။ ကျွန်တော် တို့ လွတ်လပ်ရေး အတူတူယူရအောင်၊ အင်္ဂလိပ်ကျွန် မဖြစ်ရသလို ဗမာကျွန်လည်း မဖြစ်စေရပါဘူး}}ဆိုပြီး ပြောခဲ့တာတွေ ရှိတယ်။ သမိုင်းဆိုတာ ဖျောက်ဖျက် လို့မရတဲ့ ကိစ္စတွေဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်း သားတွေဟာ တန်းတူရေး အခုထိ မရှိသေးဘူး။ တိုင်း ရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဆိုတဲ့ဟာကို အစိုးရ ကစပြီးတော့ ကမ်းလှမ်းမှသာလျှင် ငြိမ်းချမ်းရေး၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုရော တစ်ခါတည်း ကျွဲကူး ရေပါသွားမှာ ဖြစ်တယ်။ အစိုးရက ကြေညာချက်လေး ထုတ်၊ ကမ်းလှမ်းရုံနဲ့ မရဘူး။ ထဲထဲဝင်ဝင် ဘာလုပ် မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ဦးတည်ချက်တွေ ထား ရမယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ လမ်းကြောင်းတွေ၊ ပင်လုံရဲ့ ကတိကဝတ်တွေကို စတင်အကောင်အထည်ဖော်မယ် ဆိုရင် ကျွန်တော်တို့နိုင်ငံက မြန်မြန်ဖွံ့ဖြိုးတိုးတက်ပြီး တော့ ငြိမ်းချမ်းရေးလည်း မြန်မြန်ရမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

၂၀၁၀ အစိုးရလက်ထက်မှာရော ၂၀၁၅ အစိုးရလက် ထက်မှာရော တိုင်းရင်းသားတွေထဲက တစ်ယောက် ယောက်ကို အစိုးရထိပ်ပိုင်းရာထူး ပေးတာပေါ့၊ ဥပမာ ဒုသမ္မတရာထူးပေါ့။ တိုင်းရင်းသားတွေကို ရာထူးနေရာပေးတာက တိုင်းရင်းသားအခွင့်အရေး တွေကို ဖော်ဆောင်ပေးတယ်လို့ ပြောလို့ရသလား။

(ဦးမျိုးဆွေ) သမိုင်းကိုပြန်ကြည့်ပြီး ပြောမယ် ဆိုရင် ဖဆပလခေတ်မှာ စပ်ရွှေသိုက်၊ မန်းဝင်းမောင် တို့ကို သမ္မတနေရာအထိ ပေးခဲ့တယ်။ အခု ကျွန်တော် တို့ခေတ်မှာလည်း ဒုသမ္မတရာထူးနေရာကို တိုင်းရင်း သားတွေကို အလှည့်ကျပေးတယ်။ ဒါတွေက တိုင်းရင်း သားတွေကို အလေးပေးတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ရာထူးနေရာပေးရုံနဲ့တော့ ဘယ်လိုမှ မဖြည့်ဆည်းနိုင် ပါဘူး။ ဖွဲ့စည်းပုံကိုပြင်ပြီးတော့ တိုင်းရင်းသားတွေ ပြောနေတဲ့ ဖက်ဒရယ်ပေါ့၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ မှန်မှန်ကန်ကန်ရမှသာလျှင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖြည့်ဆည်း ပေးနိုင်မယ်လို့ ပြောလိုပါတယ်။

(ဦးအောင်ခမ်း) သမ္မတရာထူးတွေ၊ အဆောင် အယောင်တွေဆိုတာထက် မူဝါဒဆိုင်ရာကို အလေး ထားပြီးမှ ဆောင်ရွက်သင့်ပါတယ်။ အဓိကçက နိုင်ငံ ရေးစနစ်ကို ပြောင်းလဲဖို့ ဆန္ဒရှိဖို့လိုတယ်။ လက်ရှိ အစိုးရရော စစ်တပ်ရော ဒါကို လက်ခံဖို့လိုတယ်။ အားလုံး သဘောတူတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုပဲ ကျွန်တော်တို့ သွားချင်တယ်။

(ဦးစောညွန့်ရွှေ) အခု ကျွန်တော်တို့နိုင်ငံမှာက မြန်မာနိုင်ငံတစ်ဝန်းလုံးမှာနေကြတဲ့ ပြည်သူတွေ အတွက်သော်လည်းကောင်း၊ တိုင်းရင်းသားတွေအတွက် သော်လည်းကောင်း တန်းတူညီမျှရေးဟာ အခုထိ မရှိ သေးဘူး။ ဗီနိုင်းတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ မြန်မာ နိုင်ငံ တိုးတက်ဖို့ အမျိုးမျိုးရေးနေကြတယ်။ ဒါပေမဲ့ အောက်ခြေမှာ ပြုပြင်ပြောင်းလဲဖို့ ဘာမှ အကောင် အထည်ဖော်တာ မရှိဘူး။ တကယ့် အနှစ်သာရမပါဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စ တွေဟာ အလှမ်းဝေးနေဦးမှာပဲ။ ကိုယ့်ပြည်သူတွေ တကယ်ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်စေချင်တယ်ဆိုရင် လက်တွေ့အကောင် အထည်ဖော်ဖို့ လိုတယ်။

နောက်ဆုံးမေးခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ မတူကွဲပြားတဲ့လူမျိုးစာများစွာ ရှိကြတယ်။ မြန်မာနိုင်ငံနဲ့ကိုက်ညီအောင် ဘယ်လိုဖက်ဒရယ်စနစ် ကို ဖော်ဆောင်သင့်လဲ။

(ဦးအောင်ခမ်း) ဖက်ဒရယ်စနစ် တည်ဆောက် တဲ့အခါမှာ ပြည်ထောင်စုနဲ့ဆိုင်တဲ့ဟာ အားလုံးပါဝင်ဖို့ လိုတယ်။ ပြည်နယ်နဲ့ဆိုင်တဲ့ဟာ သီးသန့်ရှိရမယ်။ ဒေသန္တရဆိုင်ရာတွေက ပြည်နယ်ရဲ့လက်အောက်ထဲ မှာပဲ ရှိရမယ်။ ကျွန်တော်တို့ ကချင်မှာ လူမျိုးစုတွေ အများကြီးရှိပါတယ်။ ကချင်ပြည်နယ်မှာနေထိုင်တဲ့ အခြားလူမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စုအဆင့်မှာ ဖက်ဒရယ်စနစ် ကျင့်သုံးဖို့ ရှိသလို ပြည်နယ်မှာလည်း လိုတယ်။ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်တွေနဲ့သွားဖို့ လိုတယ်။ အနာဂတ်ပြည်ထောင်စုဟာ စစ်မှန်တဲ့ဖက်ဒရယ်ပြည် ထောင်စုဖြစ်ဖို့ လိုတယ်ဆိုတာကို ပြောလို့ရတယ်။

(ဦးစောညွန့်ရွှေ) အဓိကçက ပင်လုံရဲ့ကတိ ကဝတ်ပါပဲ။ တန်းတူရေးပေါ့။ ကျွန်တော်တို့ ကယား ပြည်နယ်ဆိုလည်း မြို့နယ်အလိုက် တိုင်းရင်းသား မျိုးနွယ်စုပါဝင်မှု မတူကြဘူး။ အောက်ခြေအခြေခံကျ တဲ့ တိုင်းရင်းသားတွေအတွက် ထည့်စဉ်းစားပေးတဲ့ စစ်မှန်တဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပြီး မှ ပြည်ထောင်စုကိုသွားမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှု ကိစ္စတွေ ဖြစ်မှာဖြစ်တယ်။

(ဦးမျိုးဆွေ) ကျွန်တော်တို့ပါတီအနေနဲ့ကတော့ ၁၉၆၂ ခုနှစ် ပင်လုံညီလာခံမှာပေါ့။ ရှမ်းမူလို့လည်း ခေါ်တယ်။ အဲဒီမူမှာ လူမျိုးကိုအခြေခံတဲ့ အဓိကပြည် နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်နယ်မူနဲ့သွားဖို့ ပေါ့။ ကျွန်တော်တို့ပါတီက ၁၉၈၈ ပါတီတည်ထောင် ကတည်းက ရှမ်းမူနဲ့သွားဖို့ သဘောထားရှိခဲ့တယ်။ အခုအချိန်ထိ ကျွန်တော်တို့က ဒီအပေါ်မှာ ပြောင်းလဲ ခြင်း မရှိသေးပါဘူး။ ခေတ်စနစ်ကလည်း ပြောင်းလဲ နေတော့ အားလုံးသဘောတူညီနိုင်တဲ့ အနေအထား တစ်ခုကတော့ ပြည်နယ်တွေကို ဘယ်လိုသတ်မှတ် မလဲ၊ ဖွဲ့စည်းမလဲဆိုတဲ့ဟာကတော့ အားလုံး ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့ ဘုံသဘောတူညီချက် နဲ့ လုပ်ရမယ့်ကိစ္စလို့တော့ မြင်တယ်။ လူမျိုးကို အခြေခံ တဲ့ ပြည်နယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမျိုး ဖြစ်သင့်တယ်လို့ မြင်တယ်။

ဆရာတို့အားလုံးကို ကျေးဇူးတင်ပါတယ်။

NLD ၏ တိုင္းရင္းသားပါတီမ်ားအေပၚ ကမ္းလွမ္းျခင္းအား သံုးသပ္ျခင္းႏွင့္ တိုင္းရင္းသားမ်ား လိုလားေသာ ဖက္ဒရယ္

၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲအၿပီးတြင္ အႏိုင္ရပါတီျဖစ္ေသာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အေနျဖင့္ တိုင္းရင္းသားပါတီမ်ားအေပၚ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ခဲ့သည္။ ထိုကမ္းလွမ္းမႈမ်ားႏွင့္ ပတ္သက္၍ တိုင္းရင္းသားပါတီအခ်ိဳ႕မွ ေျပာေရးဆိုခြင့္ရွိသူမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးၿပီး NLD ၏ ကမ္းလွမ္းခ်က္အေပၚ မည္သို႔မည္ပံု ႐ႈျမင္သံုးသပ္သည္ဆိုတာကို ဖက္ဒရယ္ဂ်ာနယ္မွ ေတြ႕ဆံု ေဆြးေႏြးခဲ့ သည္။ ပါဝင္ေဆြးေႏြးသူမ်ားမွာ ဦးေအာင္ခမ္း (ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ၊ ဒုတိယ ဥကၠ႒)၊ ဦးမ်ိဳးေဆြ (ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ CEC)၊ ဦးေစာညြန္႔ေရႊ႔ (ကယား ျပည္နယ္ ဒီမိုကရက္တစ္ပါတီ၊ ဗဟိုေကာ္မတီအဖြဲ႕ဝင္)တို႔ ျဖစ္ပါတယ္။

NLD ပါတီက ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၂ ရက္ေန႔က ေနာင္အနာဂတ္ ေရွး႐ႈရမည့္ ျပည္ေထာင္စု ျမန္မာ ႏိုင္ငံအေရးကိစၥဆိုၿပီး တိုင္းရင္းသားပါတီေတြကို ကမ္းလွမ္းခဲ့တယ္။ ၂၀၁၅ ခုႏွစ္မွာ NLD အစိုးရ တက္လာတုန္းက ဘယ္ပါတီနဲ႔မွ မဟာမိတ္မဖြဲ႕ဘူး ေျပာခဲ့တယ္။ အခု ၂၀၂၀ မွာ ဘာေၾကာင့္ တိုင္းရင္း သားပါတီေတြကို ကမ္းလွမ္းလဲဆိုတာ ဆရာတို႔အျမင္ ေတြ ေဆြးေႏြးေပးပါဦး။

(ဦးမ်ိဳးေဆြ) ၂၀၁၅ ေရြးေကာက္ပြဲၿပီးလို႔ ၂၀၁၆ NLD အစိုးရတက္လာတဲ့အခါမွာ သူတို႔နဲ႔တိုင္းရင္းသား ပါတီေတြနဲ႔က ဆက္ဆံမႈ မရွိသေလာက္ျဖစ္သြားတယ္။ ကြ်န္ေတာ္တို႔ UNA အဖြဲ႕ဝင္ပါတီေတြထဲက တခ်ိဳ႕ ဆိုရင္ စစ္အာဏာရွင္ေခတ္ ႏိုင္ငံေရးအၾကပ္အတည္း ကာလမွာ NLD ကို ဝိုင္းရံခဲ့တဲ့ပါတီေတြ ျဖစ္တယ္။ အဲဒီလိုပါတီေတြနဲ႔ေတာင္ NLD က ဆက္ဆံေရးျပတ္ ေတာက္သြားတယ္။ ပိုဆိုးတာက NLD အစိုးရလက္ ထက္မွာ ကြ်န္ေတာ္တို႔ျပည္နယ္ေတြမွာျဖစ္တဲ့ ျပႆနာ ေတြကို အစိုးရရဲ႕ ကိုင္တြယ္ေျဖရွင္းပံုက ေတာ္ေတာ္ စိတ္ပ်က္စရာျဖစ္တယ္။ ဥပမာ မြန္ျပည္နယ္မွာ ေခ်ာင္းဆံုတံတားကို အမည္ေျပာင္းတဲ့ကိစၥမ်ိဳး၊ ကယားျပည္နယ္မွာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ စိုက္ထူတဲ့ ကိစၥ၊ ကြ်န္ေတာ္တို႔ ရခိုင္ျပည္ စစ္ေရးပဋိပကၡေတြမွာ  အရပ္သားေတြ ထိခိုက္ေသဆံုးတဲ့ကိစၥေတြမွာ ဘာမွ မေျပာဘဲနဲ႔ လ်စ္လ်ဴ႐ွဴေနတဲ့ ကိစၥမ်ိဳးေပါ့။ NLD အစိုးရလက္ထက္မွာ စစ္ေဘာင္ ပိုက်ယ္လာတာမ်ိဳး ေတြလည္း ေတြ႕ရတယ္ဗ်။ တိုင္းရင္းသားပါတီေတြ က NLD ကို ေတာ္ေတာ္စိတ္ပ်က္လာၾကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲမွာ ကိုယ့္ျပည္နယ္မွာ အႏိုင္ရေအာင္ အမ်ားႀကီး ႀကိဳးစားလာၾကတယ္။ ပါတီေတြ ေပါင္း ၾကတယ္။ ဒါေပမဲ့ သိတဲ့အတိုင္းပဲ ျပည္နယ္ေတြမွာ လည္း NLD ပဲ အမ်ားဆံုး အႏိုင္ရသြားတာေပါ့။ ကြ်န္ေတာ္တို႔ႏိုင္ငံရဲ႕ ကံၾကမၼာကို သူ႔တစ္ပါတီတည္းကို ဆံုးျဖတ္ပိုင္ခြင့္ေပးသလို ျဖစ္တာေပါ့။ ကြ်န္ေတာ္တို႔ ရဲ႕ ျပည္ေထာင္စုျမန္မာႏိုင္ငံကို ဒီလို တစ္ဦးတစ္ ေယာက္၊ ပါတီတစ္ပါတီတည္းက တိုင္းျပည္ေရးရာ ကိစၥေတြကို စီမံခန္႔ခြဲဖို႔ဆိုတာ လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ အားနည္းခ်က္ေတြလည္း အမ်ားႀကီး ျဖစ္လာႏိုင္တယ္။ တကယ့္ တိုင္းရင္းသားေဒသေတြ မွာ ၿငိမ္းခ်မ္းေစခ်င္တယ္။ စစ္ေရးပဋိပကၡေတြ ေလ်ာ့ ပါးေအာင္ လုပ္မယ္ဆိုလို႔ရွိရင္ တိုင္းရင္းသားေတြရဲ႕ အသံကို နားေထာင္ဖို႔လိုမယ္။ ဒီအတြက္ေၾကာင့္လည္း NLD ဟာ တိုင္းရင္းသားေတြနဲ႔ ေဆြးေႏြးဖို႔ ဖိတ္ေခၚ ကမ္းလွမ္းလာတယ္လို႔ ယူဆပါတယ္။

(ဦးေအာင္ခမ္း) ၂၀၁၅ ေရြးေကာက္ပြဲအၿပီးမွာ တိုင္းရင္းသားေတြနဲ႔ ဆက္ဆံေရးျပတ္ေတာက္သြား တယ္။ သူတို႔အေနနဲ႔ အဲဒါကို ျပန္လည္ကုစားဖို႔ တစ္ ဖက္ကေန ေခြ်းသိပ္ဖို႔မ်ားလား၊ တကယ္ပဲ NLD က အေျပာင္းအလဲကိုလုပ္ဖို႔ ဆံုးျဖတ္ထားလား မသိဘူး။ ဘာျဖစ္ျဖစ္ ဒီလိုမ်ိဳး ကမ္းလွမ္းလာတာက တစ္ဖက္ ကေန ေကာင္းတယ္လို႔ျမင္ပါတယ္။ ျပည္မပါတီေတြနဲ႔ ျပည္နယ္ပါတီေတြဟာ အထူးသျဖင့္ စဥ္းစားရမွာက ၁၉၄၇ ပင္လံုစာခ်ဳပ္ကို စဥ္းစားၿပီးမွ အလုပ္လုပ္ဖို႔ လိုတယ္။ အစိုးရဟာ ႏိုင္ငံတကာမွာ အခက္အခဲေတြ ႀကံဳေနတာေတြလည္း ျမင္ေနရတယ္။ ေနာ္အုန္းလွကို လူ႔အခြင့္အေရးဆုေပးတာမ်ိဳးေတြ၊ ICJ ကိစၥေတြေပါ့။ စစ္တပ္နဲ႔ အရပ္ဖက္ဆက္ဆံေရးဟာလည္း အဆင္ ေျပသလား၊ မေျပဘူးလားလည္း စဥ္းစားဖို႔လိုတယ္။ ဒီလိုအခက္အခဲေတြေၾကာင့္ တိုင္းရင္းသားဘက္ကို အားကိုးလာတဲ့ အပိုင္းမ်ားလားလို႔ စဥ္းစားခ်က္ေတာ့ ေပၚလာတယ္။ ဘာလို႔လဲဆိုေတာ့ စစ္တပ္နဲ႔အရပ္ ဖက္ ဆက္ဆံေရးဟာ ၂၀၁၅ ေနာက္ပိုင္းမွာ အထူး သျဖင့္ NLD အစိုးရနဲ႔ ဆက္ဆံေရးဟာ ေကာင္းမယ္ လို႔ တြက္ပံုရပါတယ္။ ကြ်န္ေတာ့္အျမင္ေတာ့ သိပ္ေတာ့ ေကာင္းတယ္လို႔ မျမင္ဘူး။ ဆက္ဆံေရး နည္းနည္းက်ဲ လာတယ္။ ဒါေၾကာင့္ တိုင္းရင္းသားေတြကို အတူလုပ္ ၾကဖို႔ ေခၚသလားလို႔ ေတြးမိပါတယ္။ ဒါေပမဲ့ NLD အစိုးရဟာ စာရြက္ေပၚမွာ စာနဲ႔ပဲေျပာတာ မဟုတ္ဘဲ လက္ေတြ႕လုပ္ဖို႔ လိုပါတယ္။ ႏွစ္ေပါင္း ၇၀ ေက်ာ္သြား ၿပီ။ ပင္လံုစာခ်ဳပ္ဟာ အခုထိ အေကာင္အထည္မေဖာ္ ႏိုင္ဘူး။ လက္ေတြ႕မရွိဘဲ စကားပဲေျပာေနတဲ့အေျခ အေနမ်ိဳးလည္း ကြ်န္ေတာ္တို႔မလိုလားဘူး။ လက္ ေတြ႕ေဆာင္ရြက္ၾကဖို႔ လိုတယ္ဆိုတာကို ကြ်န္ေတာ္ ေျပာလိုပါတယ္။

(ဦးေစာညႊန္႔ေရႊ) NLD ရဲ႕ ကမ္းလွမ္းတာကို ကန္႔ကြက္စရာ မရွိပါဘူး။ သူတို႔ရဲ႕ေၾကညာခ်က္၊ ကမ္း  လွမ္းခ်က္က နည္းနည္း ေယဘုယ်ဆန္တယ္လို႔ ကြ်န္ေတာ္တို႔ တိုင္းရင္းသားအမ်ားစုက ျမင္ပါတယ္။ NLD ရဲ႕ ျပည္ေထာင္စုအစိုးရမဖြဲ႕ခင္ကာလမွာ ျပည္ နယ္အစိုးရဖြဲ႕ဖို႔ကိစၥေတြ ရွိမယ္။ ေနာက္ တိုင္းရင္း သားအေရးနဲ႔ပတ္သက္ၿပီး သူတို႔ ဘယ္လိုအေကာင္ အထည္ေဖာ္ ေဆာင္ရြက္မလဲဆိုတဲ့ တိက်တဲ့ ေဆြး ေႏြးခ်က္မ်ိဳးကို သူတို႔ေၾကညာခ်က္ ထုတ္သင့္တယ္။ သူတို႔ကမ္းလွမ္းခ်က္ထဲမွာ ေနာင္အနာဂတ္ဆိုတာ အခ်ိန္ဘယ္ေလာက္အထိ ၾကာမွာလဲေပါ့။ ကြ်န္ေတာ္ တို႔က ၿငိမ္းခ်မ္းေရးကာလကို ျဖတ္သန္းရမွာျဖစ္သလို ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ျပည္နယ္ေတြရဲ႕ ဖြံ႕ၿဖိဳးတိုး တက္မႈကို တစ္ပါတည္း သြားရမွာျဖစ္တဲ့အတြက္ သူတို႔ကိစၥမွာ တိက်ဖို႔လိုတယ္။ သူတို႔ရဲ႕ကမ္းလွမ္းခ်က္ ကို သူတို႔ကို အေၾကာင္းျပန္ၾကားတဲ့ ပါတီကိုသာလွ်င္ ဦးစားေပး ေဆြးေႏြးမယ္ဆိုတာ ႏိုင္ငံေရးသေဘာ တရား သိပ္မဆန္ဘူးလို႔ ျမင္တယ္။ ႏိုင္ငံေရးပါတီအဖြဲ႕ အစည္း အခ်င္းခ်င္းဟာ ေလးေလးစားစား ဆက္ဆံ ရမယ္။ အရင္ ၂၀၁၅ ခုႏွစ္ အစိုးရဖြဲ႕ၿပီး NLD ေျပာခဲ့ တာက ၿငိမ္းခ်မ္းေရးကို လႊတ္ေတာ္ထဲကရရွိေအာင္  ေဆာင္ရြက္ရမယ္၊ ၂၀ဝ၈ ဖြဲ႕စည္းပံုကို လႊတ္ေတာ္ထဲ က ျပင္မယ္လို႔ ေျပာခဲ့တယ္။ ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္ႏိုင္ၿပီးေတာ့ ျပည္ေထာင္စုဖြဲ႕ခါနီးမွာ ေျပာတာ က ၂၀ဝ၈ ကို လႊတ္ေတာ္ထဲက ျပင္လို႔မရေတာ့ဘူး။ ညီလာခံမွာပဲ ျပင္ရမယ္လို႔ ေျပာတာေတြ ၾကားရတယ္။  ၿပီးသြားတဲ့ ညီလာခံ ေလးႀကိမ္မွာ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြ ၿငိမ္းခ်မ္းေရးကိစၥေတြအတြက္ အေျဖ ထုတ္ႏိုင္တဲ့ တိက်တဲ့မူဝါဒမ်ိဳးေတြ ပါလာတာ မေတြ႕ ရဘူး။ လာမယ့္ ၂၀၂၀-၂၀၂၅ သက္တမ္းအတြင္း NLD အစိုးရကေန ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ ကိစၥ ေတြ၊ ၂၀ဝ၈ ဖြဲ႕စည္းပံုျပင္မယ့္ ကိစၥေတြကို ျပင္ဆင္ ပါမယ္ဆိုတာက အမ်ားႀကီး စဥ္းစားစရာေတြ ျဖစ္လာ တယ္။ လက္ရွိ ေရြးေကာက္ပြဲမတိုင္ခင္မွာလည္း တိုင္း ရင္းသားပါတီေတြကို အမ်ားႀကီး ေဝဖန္တိုက္ခိုက္တာ ေတြ ၾကားရတယ္။ ကြ်န္ေတာ္တို႔ တိုင္းရင္းသားပါတီ ေတြ အႏိုင္ရသြားခဲ့မယ္ဆိုရင္ပဲ စစ္ဖိနပ္ေအာက္ ေရာက္ၿပီးေတာ့ ေပၚတာထမ္းရမယ္ဆိုတဲ့ ကိစၥေတြ ဘယ္အဖြဲ႕ေတြ၊ ဘယ္ေလာ္ဘီေတြက ဘယ္လိုပဲေျပာ ေနပါေစ အစိုးရတစ္ရပ္က ဒီအေပၚမွာ ေျဖရွင္းခ်က္ ထုတ္ရမယ္လို႔ ကြ်န္ေတာ္တို႔ျမင္တယ္။ ကိုယ့္ပါတီ အေပၚကို တိုင္းရင္းသားပါတီေတြက ေလးစားမႈရွိ လာေအာင္ ႏိုင္ငံေရးစကားဆန္ဆန္ေတြ ေျပာရမွာ ျဖစ္တယ္။ ကြ်န္ေတာ္တို႔တိုင္းရင္းသားေတြ သြားခ်င္ တာက ဖက္ဒရယ္ဒီမိုကေရစီကို သြားခ်င္တာျဖစ္တယ္။ ကမ္းလွမ္းခ်က္မွာပါတာက ဒီမိုကေရစီဖယ္ဒရယ္ကို သြားမယ္ဆိုတဲ့ ကြာဟခ်က္ေတြကို NLD အစိုးရအေန နဲ႔ ဘယ္လိုညႇိႏိႈင္းမလဲ။ ဒါေတြဟာ အေရးႀကီးတဲ့ကိစၥ ေတြျဖစ္တယ္။

NLD နဲ႔ တိုင္းရင္းသားပါတီေတြ ေဆြးေႏြးတဲ့အခါ မွာ တိုင္းရင္းသားဘက္က ဖက္ဒရယ္ဆိုင္ရာ မူဝါဒ ေတြကို အေလးထား ေဆြးေႏြးတာ ေကာင္းမလား၊ အစိုးရဖြဲ႕တဲ့ေနရာမွာ ရာထူးေနရာရရွိဖို႔ အေလးထား ေဆြးေႏြးတာ ေကာင္းမလား။

(ဦးေအာင္ခမ္း) ကြ်န္ေတာ္တို႔ကေတာ့ မူဝါဒ ဆိုင္ရာကို အေလးထားၿပီးေတာ့မွ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မူဝါဒဟာ အနာဂတ္ နဲ႔ပတ္သက္ၿပီးေတာ့ ထားရမယ့္ စံႏႈန္းေတြျဖစ္တဲ့ အတြက္ အေရးႀကီးပါတယ္။ ျပည္နယ္ေတြရဲ႕သေဘာ သဘာဝကို ဘယ္လိုမ်ိဳးလုပ္ၾကမလဲ၊ ျပည္မကေရာ ဘယ္လိုသေဘာထားရွိမလဲဆိုတဲ့ အပိုင္းေတြကို ေဆြးေႏြးသြားမွာျဖစ္ပါတယ္။ ျပည္ေထာင္စုဆိုင္ရာ ကို ေပါင္းစည္းထားတဲ့ပါတီေတြနဲ႔ NLD နဲ႔ ေဆြးေႏြး ဖို႔ ကြ်န္ေတာ္တို႔ ဆႏၵရွိပါတယ္။ ျပည္နယ္ဆိုင္ရာကို ျပည္နယ္မွာ ေဆြးေႏြးၿပီးမွ ျပည္ေထာင္စုဆိုင္ရာကို အားလံုးနဲ႕ စုေပါင္းေဆြးေႏြးသြားဖို႔ လိုပါတယ္။

(ဦးမ်ိဳးေဆြ) ကြ်န္ေတာ္တို႔အေနနဲ႔ကေတာ့ ရာထူးေနရာရဖို႔ ေဆြးေႏြးတာ မျဖစ္သင့္ဘူးထင္တယ္။ ခပ္႐ိုင္း႐ိုင္းေျပာရရင္ ဒါက တစ္နပ္စားကိစၥပဲ။ ရာထူး ေနရာေပး႐ံုနဲ႔ တိုင္းရင္းသားေတြရဲ႕ျပႆနာကို ေျဖရွင္း ေပးႏိုင္မွာ မဟုတ္ပါဘူး။ ဖက္ဒရယ္ဆိုင္ရာ မူဝါဒေတြ ကို အေလးထားၿပီးေတာ့ ေဆြးေႏြးရမွာ ျဖစ္ပါတယ္။ ဒီလို ဖက္ဒရယ္ဆိုင္ရာကို အေလးထားေဆြးေႏြးမွသာ ကြ်န္ေတာ္တို႔တိုင္းျပည္ရဲ႕ ေရရွည္တည္တံ့ၿငိမ္းခ်မ္းေရး ကို အေထာက္အကူျပဳမွာ ျဖစ္ပါတယ္။ ေနာက္ အခု လို တိုင္းရင္းသားပါတီေတြနဲ႔ ေဆြးေႏြးတာက တစ္ႀကိမ္ တည္းမဟုတ္ဘဲနဲ႔ ႏွစ္စဥ္ တိုင္းရင္းသားပါတီေတြနဲ႔ NLD အစိုးရနဲ႔ အၿမဲတမ္း ပံုမွန္ေဆြးေႏြးသင့္တယ္လို႔ ျမင္ပါတယ္။ ဒါမွသာ ေရရွည္ျပည္ေထာင္စုအတြက္ အက်ိဳးျဖစ္ထြန္းမယ္လို႔ ထင္ပါတယ္။

၂၀၁၅ မွာ တိုင္းရင္းသားပါတီေတြက အႏိုင္ရေပမယ့္ ျပည္နယ္အစိုးရဖြဲ႕ခြင့္ မရွိခဲ့ဘူး။ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ကိုလည္း ခန္႔အပ္ခြင့္မရွိခဲ့ဘူး။ ဥပမာ ရခိုင္ျပည္နယ္ ေပါ့။ ပုဒ္မ ၂၆၁ ေၾကာင့္ ႏိုင္ငံေတာ္သမၼတကပဲ တိုက္ ႐ိုက္ခန္႔အပ္တာေပါ့။ အဲဒီေတာ့ တိုင္းရင္းသားျပည္သူ ေတြစိတ္ထဲမွာ ေတြးမိတာက ျပည္နယ္ေဒသခံပါတီ ေတြက အစိုးရမဖြဲ႕ႏိုင္တဲ့အခါက်ေတာ့ အစိုးရဖြဲ႕ႏိုင္ တဲ့ ပါတီကိုပဲ မဲေပးမယ္ဆိုၿပီး ေတြးမိလာတာေပါ့။ အဲဒီေတာ့ ပုဒ္မ ၂၆၁ ကို တိုင္းရင္းသားပါတီေတြ ကိုယ့္ျပည္နယ္ အစိုးရဖြဲ႕ခြင့္ရေအာင္၊ ျပည္နယ္ဝန္ႀကီး ခ်ဳပ္ကို ခန္႔အပ္ပိုင္ခြင့္ရေအာင္ ျပင္ႏိုင္မယ္ဆိုရင္ တိုင္းရင္းသားပါတီေတြ သူတို႔ရဲ႕ သက္ဆိုင္ရာျပည္နယ္ ေတြမွာ အေျခအေနေကာင္းလာႏိုင္မလား။

(ဦးေအာင္ခမ္း) ပုဒ္မ ၂၆၁ နဲ႔ပတ္သက္ၿပီးေတာ့  အျမန္ဆံုး ဒီဟာကို ပယ္ဖ်က္သင့္တယ္။ ဘယ္လိုနည္း နဲ႔မွ ဒီပုဒ္မက လက္ခံႏိုင္စရာအေၾကာင္း မရွိပါဘူး။ ၂၀ဝ၈ အေျခခံဥပေဒပဲေျပာေျပာ ဘယ္ဥပေဒပဲေျပာ ေျပာ ကြ်န္ေတာ္တို႔ လက္မခံႏိုင္ပါဘူး။ ၂၀၁၅ ေနာက္ ပိုင္းမွာ NLD အစိုးရအေနနဲ႔ ဒီပုဒ္မကို ေျပာင္းလဲႏိုင္ တယ္။ ဒါေပမဲ့ သူတို႔ အာဏာရရွိၿပီးေနာက္ပိုင္းမွာ သူတို႔ေျပာခဲ့တဲ့ စကားနဲ႔ သူတို႔ ကတိမတည္ပါဘူး။ အေျပာတစ္မ်ိဳး၊ အလုပ္တစ္မ်ိဳး ျဖစ္ပါတယ္။ NLD ဟာ အျမန္ဆံုး ပုဒ္မ ၂၆၁ ကို ပယ္ဖ်က္ဖို႔ မၾကာခင္ ဖြဲ႕စည္းမယ့္ အစိုးရသစ္လက္ထက္မွာ အျမန္ဆံုး အေကာင္အထည္ေဖာ္ဖို႔ လိုပါတယ္။

(ဦးေစာညြန္႔ေရႊ) ၂၀၁၅ မွာ အစိုးရဖြဲ႕ႏိုင္ၿပီး လႊတ္ေတာ္မွာ ေနရာအမ်ားဆံုးရၿပီး ျပင္ႏိုင္တဲ့ကိစၥ ကို ဘာေၾကာင့္ မျပင္ခဲ့သလဲ။ ကြ်န္ေတာ္တို႔က ေနရာ ရျခင္း မရျခင္းဆိုတဲ့ကိစၥေတြထက္ လႊတ္ေတာ္ကိုယ္ စားလွယ္ေတြဟာ ဒီအစိုးရအဖြဲ႕ကို ဘယ္လိုထိန္း ေက်ာင္းသြားမလဲ၊ ကြ်န္ေတာ္တို႔ တိုင္းရင္းသားေတြရဲ႕ ရည္ရြယ္ခ်က္က ရာထူးေနရာရရွိဖို႔ထက္ ကြ်န္ေတာ္တို႔ ျပည္နယ္ေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ လိုအပ္ေနတဲ့ေနရာ ေဒသေတြကို တင္ျပၿပီးေတာ့ တိုင္းရင္းသားေတြရဲ႕ ဆံုး႐ံႈးေနတဲ့အခြင့္အေရးေတြ၊ နိမ့္က်ေနမႈေတြကို ျပန္ လိုခ်င္တဲ့အတြက္ေၾကာင့္ တိုင္းရင္းသားပါတီေတြ တည္ေထာင္ၿပီးေတာ့ ေရြးေကာက္ပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္ရျခင္း ျဖစ္ပါတယ္။

(ဦးမ်ိဳးေဆြ) ပုဒ္မ ၂၆၁ ဆိုတာကလည္း ဒီမို ကေရစီစံႏႈန္းနဲ႔ညီတဲ့ ပုဒ္မ မဟုတ္ဘူး၊ ျပင္သင့္တဲ့ ပုဒ္မျဖစ္ပါတယ္။ ျပင္လိုက္မယ္ဆိုရင္ တိုင္းရင္းသား ပါတီေတြက ျပည္ေထာင္စုအဆင့္မွာ ဗဟိုအစိုးရမဖြဲ႕ ႏိုင္သည့္တိုင္ေအာင္ ျပည္နယ္အစိုးရကိုေတာ့ ဖြဲ႕ႏိုင္ လာမယ္။ ကိုယ့္တစ္ပါတီတည္းမဖြဲ႕ႏိုင္ရင္လည္း တိုင္း ရင္းသားပါတီေတြ စုေပါင္းၿပီးေတာ့ ျပည္နယ္မွာ ညြန္႔ေပါင္းအစိုးရ ဖြဲ႕ႏိုင္တာေပါ့။ ပုဒ္မ ၂၆၁ ကို ျပင္ ႏိုင္ရင္ တိုင္းရင္းသားပါတီေတြအေပၚမွာ တိုင္းရင္း သားျပည္သူလူထုေတြအေနနဲ႔ ပိုၿပီးေတာ့ ယံုၾကည္ စိတ္ခ်အားကိုးမႈေတြ ျဖစ္လာႏိုင္တယ္လို႔ ကြ်န္ေတာ္ ကေတာ့ ယံုၾကည္ပါတယ္။

အခု တိုင္းရင္းသားလူငယ္ေတြလည္း ႏိုင္ငံေရးမွာ တက္တက္ျြကျြက ပါဝင္လာၾကတယ္။ တိုင္းရင္းသား ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြက ျပည္နယ္ အစိုးရလည္း ဖြဲ႕ခြင့္မရွိေသးဘူး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ လည္း ခန္႔အပ္ပိုင္ခြင့္ မရွိတဲ့အခါမွာ လူငယ္ေတြက ႏိုင္ငံေရးလမ္းေၾကာင္းကို စိတ္ပ်က္သြားၿပီး တျခား နည္းလမ္းတစ္ခုကို ေရြးခ်ယ္သြားမွာလည္း စိုးရိမ္စရာ ျဖစ္တယ္ေပါ့။ အဲဒီေတာ့ လူငယ္ေတြ ႏိုင္ငံေရးကို စိတ္မပ်က္ဘဲ ပိုပိုၿပီး စိတ္ဝင္စားလာေအာင္ အစိုးရက ဘယ္လိုမ်ိဳး လုပ္ေဆာင္ေပးရင္ ေကာင္းမလဲ။

(ဦးမ်ိဳးေဆြ) တိုင္းရင္းသားလူငယ္ေတြ ႏိုင္ငံ ေရးကို စိတ္ဝင္စားလာေအာင္လုပ္ဖို႔ဆိုတာ ပုဒ္မ ၂၆၁ ကို ျပင္ႏိုင္႐ံုနဲ႔ မလံုေလာက္ဘူး။ ပုဒ္မ ၂၆၁ လို ၿမိဳ႕နယ္ ခ႐ိုင္ အုပ္ခ်ဳပ္ေရးေတြကို လက္ရွိ ေထြ/အုပ္အစား လူထုက တိုက္႐ိုက္ေရြးခ်ယ္တဲ့ စနစ္မ်ိဳး ေျပာင္းႏိုင္ ဖို႔ လုပ္သင့္တယ္လို႔ ထင္တယ္။ ေနာက္ၿပီး ဖက္ဒရယ္ ႏိုင္ငံေတြကို ၾကည့္လိုက္ရင္ ျပည္ေထာင္စုအဆင့္ ရွိမယ္၊ ျပည္နယ္အဆင့္ရွိမယ္၊ ေဒသႏၱရအဆင့္ ရွိမယ္။ ၿမိဳ႕နယ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးေတြကို ျပည္သူလူထုက တိုက္႐ိုက္ ေရြးေကာက္တဲ့စနစ္ကို လုပ္လာႏိုင္လို႔ရွိရင္ ပိုၿပီးေတာ့ လူငယ္ေတြဟာ ႏိုင္ငံေရးကို စိတ္ဝင္စား လာမယ္။ ဖက္ဒရယ္ႏိုင္ငံတစ္ခု တည္ေထာင္မယ္ဆို လို႔ရွိရင္ ဒီအဆင့္က မျဖစ္မေန ျဖတ္သန္းရမယ့္အဆင့္ ျဖစ္တဲ့အတြက္ ဒီအဆင့္ကို အရင္ဆံုးသြားတာက ကြ်န္ေတာ္တို႔ႏိုင္ငံအတြက္ ပိုၿပီးေတာ့ လြယ္လိမ့္မယ္။ ဖက္ဒရယ္ပီျပင္လာတဲ့အခါမွာ ေဒသႏၱရေတြက ျပည္ နယ္ေအာက္ကို ဝင္သြားမယ္။ လာမယ့္ ငါးႏွစ္သက္ တမ္းမွာ NLD အစိုးရက ဒီဟာကို အေကာင္အထည္ ေဖာ္ႏိုင္မယ္ဆိုရင္ေတာ့ လူငယ္ေတြက ႏိုင္ငံေရးမွာ ပိုၿပီးေတာ့ စိတ္ဝင္စားလာမယ္လို႔ ကြ်န္ေတာ္ျမင္ပါ တယ္။

(ဦးေစာညြန္႔ေရႊ) ေျမသိမ္းတဲ့ကိစၥေတြဆိုရင္ တိုင္းရင္းသားေဒသေတြမွာ အမ်ားဆံုး အသိမ္းခံရတဲ့ ကိစၥေတြျဖစ္တယ္။ ဒီေျမယာသိမ္းဆည္းခံရတဲ့ ေျမ ေတြဟာ တကယ္ေတာ့ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္း ေတြ မဟုတ္ဘူး။ လူထုမသိဘဲ သိမ္းဆည္းခံရတာေတြ ရွိတယ္။ အခုလက္ရွိ ကယားျပည္နယ္မွာ အေကာင္ အထည္ေဖာ္မယ့္ စီမံကိန္းေတြဆိုရင္ ေဒသခံတိုင္းရင္း သားေတြက ဘာမွမသိလိုက္ဘူး။ ႏွစ္ၾကာလာတဲ့အခါ ဒီစီမံကိန္းေတြရဲ႕ အက်ိဳးဆက္ကို တိုင္းရင္းသားေတြ ခံရမယ္ဆိုတာ သိလာတဲ့အခါက်ေတာ့ ဒါေတြကို ကြ်န္ေတာ္တို႔တိုင္းရင္းသားပါတီ ကိုယ္စားလွယ္ေတြ က တင္ျပႏိုင္မွရတာ။ ဒါေတြကို အစိုးရ မျဖစ္ေအာင္ ဘယ္လိုတားဆီးမလဲ။ အခု လူထုေတြနားမလည္ဘဲနဲ႔ အစိုးရက လုပ္ခ်င္တာ လုပ္သြားတဲ့ကိစၥကို လူငယ္ေတြ အေနနဲ႔က အျမင္ေျပာင္းလာတယ္။ ဒီအစိုးရ မဟုတ္ ဘူး။ ငါတို႔ရဲ႕လြတ္လပ္စြာ ေျပာဆိုခြင့္ေတြ၊ ဆႏၵျပခြင့္ ေတြ၊ ေဟာေျပာခြင့္ေတြ မရဘူး။ ဒီလိုအခြင့္အေရးေတြ မွ မေပးရင္ တိုင္းရင္းသားလူငယ္ေတြက ဒီမိုကေရစီ ဆိုတာလည္း မေကာင္းဘူး၊ ဖက္ဒရယ္ဆိုတာလည္း မေကာင္းဘူးဆိုတဲ့ အျမင္မ်ိဳး ေျပာင္းသြားႏိုင္တယ္။ ကြ်န္ေတာ္တို႔ဆီမွာဆိုရင္ လူငယ္ေတြ မ်ိဳးႏြယ္စုအလိုက္ အသင္းအဖြဲ႕ေတြရွိတယ္၊ လူမ်ိဳးအလိုက္ ကိုယ္စားျပဳ တဲ့အဖြဲ႕ေတြ ရွိတယ္။ ဒီလိုတိုင္းရင္းသားအဖြဲ႕ေတြ အဆင့္ဆင့္နဲ႔ ေတြ႕ဆံုေဆြးေႏြးမွသာလွ်င္ ဒီတိုင္းရင္း သားေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ကို ျမႇင့္တင္ေပးရာလည္း ေရာက္မယ္။ ဒီလိုမွ မွန္ကန္တဲ့ ႏိုင္ငံေရးေရခ်ိန္၊ ဖက္ ဒရယ္ကို ဘယ္လိုလမ္းေၾကာင္းနဲ႔ သြားမယ္ဆိုတဲ့ဟာ ကို ဘယ္လိုလမ္းေၾကာင္းနဲ႔ သြားမယ္ဆိုတာ တိုင္းရင္း သားလူငယ္ေတြ ပိုနားလည္လာမယ္လို႔ ထင္ပါတယ္။ ဒါမွသာလွ်င္လည္း ဖြံ႕ၿဖိဳးေရးကိစၥေတြ၊ ၿငိမ္းခ်မ္းေရး ကိစၥေတြ၊ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးေတြ ျဖစ္လာ ႏိုင္မယ္လို႔ ထင္ပါတယ္။

တိုင္းရင္းသားေတြက ဖက္ဒရယ္စနစ္ကို လိုခ်င္ေနၾက တယ္။ ဘာေၾကာင့္ တိုင္းရင္းသားေတြ ဖက္ဒရယ္ကို ေတာင္းဆိုေနရလဲဆိုတာ အက်ဥ္းခ်ဳပ္ေလး ေျပာျပ ေပးပါ။

(ဦးေစာညြန္႔ေရႊ) တိုင္းရင္းသားေတြလိုခ်င္တဲ့ ဖက္ဒရယ္ဆိုတာက ဒီမိုကေရစီနဲ႔ ကြာပါတယ္။ ကြ်န္ေတာ္တို႔ တိုင္းရင္းသားေတြအျမင္မွာ ဒီမိုကေရစီ ဆိုတာ ေနာက္မွ အေကာင္အထည္ေဖာ္ရမယ့္ ကိစၥ ျဖစ္ပါတယ္။ ဖက္ဒရယ္ဆိုတာ တိုင္းရင္းသားအခြင့္ အေရးအတြက္ အေျခခံအုတ္ျမစ္ ျဖစ္ပါတယ္။ ကြ်န္ေတာ္ ဖတ္ဖူးတာတစ္ခု ဥပမာေျပာပါမယ္၊ ဖက္ဒရယ္ဆိုတာ အေဆာက္အဦတစ္ခု ေဆာက္မယ့္ပံုစံနဲ႔ တင္စားထား တယ္။ ကိုယ္လိုခ်င္တဲ့ႏိုင္ငံက ဘယ္လိုပံုစံလဲ၊ ဘယ္လို တည္ေဆာက္မလဲ စဥ္းစားၿပီးရင္ ညီမွ်တဲ့ အေျခခံ အုတ္ျမစ္ျဖစ္တဲ့ ဖက္ဒရယ္ကို ဘယ္လိုဖန္တီးမလဲ။ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြ၊ ျပည္နယ္ေတြ ရဲ႕ အခြင့္အေရးေတြကို ဘယ္လိုဖန္တီးမလဲ၊ ျပည္ ေထာင္စုအဆင့္က ဘာေတြကို ကိုင္တြယ္ထားမလဲ ဆိုတဲ့ အေျခခံ စဥ္းစားခ်က္ကေန အရင္သြားရမွာ ျဖစ္ပါတယ္။ ဒီလို ဖက္ဒရယ္အေျခခံအုတ္ျမစ္ ခိုင္မာ မွသာလွ်င္ ဒီမိုကေရစီဆိုတဲ့ အတိုင္းအတာတစ္ခုက ေအာင္ျမင္မွာ ျဖစ္ပါတယ္။

(ဦးမ်ိဳးေဆြ) ကြ်န္ေတာ္တို႔ႏိုင္ငံက တိုင္းရင္း သားလူမ်ိဳးစုေတြနဲ႔ စုဖြဲ႕ထားတဲ့ ျပည္ေထာင္စုႏိုင္ငံ ဆိုတဲ့အခါမွာ ဖက္ဒရယ္စနစ္သည္ ကြ်န္ေတာ္တို႔ႏိုင္ငံ အတြက္ အသင့္ေလ်ာ္ဆံုးလို႔ ျမင္ပါတယ္။ ဖက္ဒရယ္ စနစ္ဆိုတာလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ တိုင္းရင္း သားေခါင္းေဆာင္ေတြက ပင္လံုစာခ်ဳပ္မွာ အေျခခံ အုတ္ျမစ္ခ်ၿပီးသားပါ။ ဖက္ဒရယ္ကို ကြ်န္ေတာ္တို႔ တိုင္းရင္းသားေတြက ဘယ္လိုယံုၾကည္လဲဆိုေတာ့ ကိုယ့္ျပည္နယ္ ဖြဲ႕စည္းပံုနဲ႔ ကိုယ့္ျပည္နယ္ကို ကြ်န္ေတာ္တို႔က ကိုယ့္ဘာသာ စီမံခန္႔ခြဲလို႔ရမယ္၊ အုပ္ ခ်ဳပ္လို႔ရမယ္ဆိုရင္ ကြ်န္ေတာ္တို႔တိုင္းရင္းသားေဒသ ေတြက ဒီထက္မက အမ်ားႀကီး တိုးတက္လာႏိုင္တယ္ လို႔ ကြ်န္ေတာ္တို႔က ယံုၾကည္တယ္။ ကြ်န္ေတာ္တို႔ ရခိုင္ကို ကြ်န္ေတာ္ ဥပမာနည္းနည္းေပးလိုက္မယ္။ သမိုင္းမွာျပန္ၾကည့္ရင္ ေျမာက္ဦးေခတ္မွာ ကြ်န္ေတာ္ တို႔ဟာ ခ်မ္းသာခဲ့တယ္။ ေနာက္တစ္ခါ အဂၤလိပ္ေခတ္ မွာလည္း ကြ်န္ေတာ္တို႔ေဒသက စီးပြားေရးေကာင္း တယ္၊ ျပည္သူေတြကလည္း ခ်မ္းသာခဲ့တယ္။ ဒါ ဘာေၾကာင့္လဲဆိုရင္ ျပန္ၾကည့္လိုက္တဲ့အခါ ကြ်န္ေတာ္ တို႔ရခိုင္ေတြဟာ ကမၻာနဲ႔ တိုက္႐ိုက္ကုန္သြယ္လို႔ ရခဲ့ တယ္။ ကုန္သြယ္ေရးလမ္းေၾကာင္း ေကာင္းခဲ့တဲ့ အတြက္ ကြ်န္ေတာ္တို႔ဟာ စီးပြားေရးေကာင္းခဲ့ၾက တယ္။ ဒါေပမဲ့ လြတ္လပ္ေရးရၿပီးတဲ့ေနာက္မွာ ကုန္ သြယ္ေရးလမ္းေၾကာင္းေတြအားလံုးကို ရန္ကုန္ဗဟိုျပဳ ဝါဒနဲ႔ သြားလိုက္တဲ့အခါမွာ ကြ်န္ေတာ္တို႔ ရခိုင္က ထြက္တဲ့ သယံဇာတေတြကို ႏိုင္ငံျခားကို တင္ပို႔ဖို႔ လုပ္တဲ့အခါမွာ ရန္ကုန္ကတစ္ဆင့္ပဲပိုရတဲ့ စနစ္ကို ေရာက္သြားတယ္။ အဲဒီေတာ့ ကြ်န္ေတာ္တို႔ရခိုင္ေဒသ မွာ စီးပြားေရးလမ္းေၾကာင္းေတြလည္း မရွိေတာ့ဘူး၊  အလုပ္အကိုင္ အခြင့္အလမ္းေတြလည္း မရွိေတာ့တဲ့ အခါမွာ ကြ်န္ေတာ္တို႔ေဒသက ဆင္းရဲလာတယ္။ ဖက္ဒရယ္ရလို႔ ကိုယ့္ျပည္နယ္ဖြဲ႕စည္းပံုနဲ႔ ကိုယ့္ေဒသ ကိုယ္ စီမံခန္႔ခြဲရမယ္ဆိုရင္ ကြ်န္ေတာ္တို႔ေဒသဟာ ခ်က္ခ်င္းေျပာင္းလဲသြားႏိုင္တယ္လို႔ ယံုၾကည္တယ္။ ဒါေၾကာင့္မို႔လည္း ကြ်န္ေတာ္တို႔က ဖက္ဒရယ္ကိုလိုခ်င္၊ ေတာင္းဆိုေနရတာ ျဖစ္တယ္။ ပင္လယ္ထြက္ေပါက္ မရွိတဲ့ ]ဝ}ေဒသ၊ မိုင္းလားေဒသတို႔ေတာင္မွ အခုၾကည့္ လိုက္မယ္ဆိုလို႔ရွိရင္ ျပည္ေထာင္စုမွာရွိတဲ့ အစိတ္အပိုင္း ေတြထက္ ဘာေၾကာင့္ သူတို႔ အမ်ားႀကီး ဖြံ႕ၿဖိဳးတိုး တက္ေနလဲ။ ဒါေတြကိုၾကည့္ၿပီးေတာ့ တိုင္းရင္းသား ေတြက ဖက္ဒရယ္ကို လိုခ်င္ေနၾကတာ ျဖစ္တယ္။ ကိုယ့္ျပည္နယ္ ကိုယ္အုပ္ခ်ဳပ္ခြင့္ရရင္ ကြ်န္ေတာ္တို႔ ေဒသေတြဟာ မလြဲမေသြ တိုးတက္လာမယ္။ ျပည္ နယ္ေတြအသီးသီးက တိုးတက္လာလို႔ရွိရင္ ျပည္နယ္ ေတြေပါင္းထားတဲ့ ျပည္ေထာင္စုဆိုတာလည္း မလြဲ မေသြ တိုးတက္လာမွာ ျဖစ္တယ္။

(ဦးေအာင္ခမ္း) ကြ်န္ေတာ္တို႔ ကခ်င္ေတြဟာ ပင္လံုစာခ်ဳပ္အရ ျပည္ေထာင္စုႀကီးထဲမွာ ပါဝင္လာ တာ ျဖစ္တယ္။ ဒါေၾကာင့္မို႔ ကြ်န္ေတာ္တို႔ဟာ ဖက္ ဒရယ္ျပည္ေထာင္စုကိုပဲ တည္ေဆာက္ဖို႔လိုတယ္ဆို တာကို ေတာင္းဆိုတာ ျဖစ္တယ္။ တန္းတူညီတူရွိတဲ့၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ရွိတဲ့ ႏိုင္ငံျဖစ္ဖို႔လိုတယ္။ ျပည္နယ္ အသီးသီးဟာ ဒါကို လိုအပ္ေနတာ ျဖစ္ပါတယ္။ လက္ရွိအစိုးရအပါအဝင္ စစ္တပ္ကလည္း ဒါကို သေဘာ တူညႇိေပးဖို႔လိုတယ္။ အျမန္ဆံုးလည္း အေကာင္ အထည္ေဖာ္ဖို႔ လိုတယ္ဆိုတာကို ကြ်န္ေတာ္ေျပာလို တယ္။ အနိမ့္ဆံုး စီးပြားေရးေတြ၊ စာေပေတြကို အစိုးရက အကူအညီမေပးသည့္တိုင္ ခြင့္ျပဳေပးဖို႔ လို တယ္။ ဖက္ဒရယ္ႏိုင္ငံျဖစ္ၿပီဆိုရင္ ကြ်န္ေတာ္တို႔တိုင္း ရင္းသားေတြဟာ တိုးတက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ၊ တိုးတက္မွာပါ။ ဒါေၾကာင့္ တိုင္းရင္းသားေတြအားလံုး ပါဝင္မယ့္ ဖက္ဒရယ္ျပည္ေထာင္စုကို အျမန္ဆံုး တည္ေဆာက္ဖို႔ လိုတယ္ဆိုတဲ့ဟာကို တင္ျပလိုပါ တယ္။

NLD ေျပာတာက ဒီမိုကေရစီဖက္ဒရယ္ကို သြားမယ္။ တိုင္းရင္းသားေတြက ဖက္ဒရယ္ဒီမိုကေရစီလို႔ သံုး တယ္။ စကားအသံုးအႏႈန္း ကြာတယ္ေပါ့ေနာ္။ အႏွစ္ သာရက ဘယ္လိုကြာျခားမႈရွိမလဲ။

(ဦးေအာင္ခမ္း) ဒီဟာက မတူပါဘူး။ ဒီမိုကေရစီ က လူအမ်ားစုကို ညႊန္းတာျဖစ္ပါတယ္။ အခု ဗမာ လူမ်ိဳးေတြဟာ တိုင္းရင္းသားျပည္နယ္အသီးသီးမွာ ေနထိုင္ေနတယ္ဆိုတာကို ေျပာလိုပါတယ္။ ဒါေၾကာင့္ အေျခခံဥပေဒျပင္တဲ့အခါမွာ တိုင္းရင္းသားျပည္နယ္ ေတြရဲ႕ အေျခခံဥပေဒကို အျမန္ဆံုးေရးဆြဲၿပီးမွ တိုင္း ရင္းသားနယ္ေျမေတြကို လူဦးေရအကန္႔အသတ္နဲ႔ပဲ ထားရေတာ့မယ္။ ဒီလိုမွမဟုတ္ဘူးဆိုရင္ ကြ်န္ေတာ္ တို႔ဟာ အၿမဲတမ္း နစ္နာမယ္၊ အၿမဲတမ္း ဖိႏွိပ္ခံေနရ မယ္။ ဒါေၾကာင့္မို႔ ကြ်န္ေတာ္တို႔ဟာ လူမ်ားရာ ဒီမိုက ေရစီစနစ္ကို လက္မခံႏိုင္ရျခင္း ျဖစ္ပါတယ္။ ဒီမိုက ေရစီဖက္ဒရယ္ဆိုတာ ဗမာအတြက္ ေကာင္းပါတယ္။ တိုင္းရင္းသားေတြအတြက္ေတာ့ လက္ခံႏိုင္စရာ အေၾကာင္း မရွိဘူး။ ဒါေၾကာင့္ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံကို တည္ေဆာက္ဖို႔လိုပဲ ကြ်န္ေတာ္တို႔ တင္ျပျခင္း ျဖစ္ပါတယ္။ ျပည္ေထာင္စုဖက္ဒရယ္ႏိုင္ငံစစ္စစ္ကို တည္ေဆာက္ဖို႔ ေျပာလိုပါတယ္။

(ဦးေစာညြန္႔ေရႊ) ကြ်န္ေတာ္တို႔တိုင္းရင္းသား ေတြ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြ မရွိဘူး။ ႐ိုးရာယဥ္ေက်း မႈဓေလ့ထံုးစံအရ ပြဲလမ္းသဘင္လုပ္မယ္ဆိုရင္ေတာင္ စာတင္ေနရတဲ့ကိစၥ၊ အခု တိုင္းရင္းသားေရးရာစာေပ ျမႇင္တင္ဖို႔ လုပ္ေနၾကတယ္။ ဒါေပမဲ့ အခုအခ်ိန္ထိ စာသင္ေက်ာင္းေတြမွာ ေက်ာင္းခ်ိန္ျပင္ပမွပဲ သင္ ၾကားခြင့္ရေသးတယ္။ တိုင္းရင္းသားေတြက ပင္လံု စာခ်ဳပ္အရ တန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြ လိုခ်င္လို႔ တစိုက္မတ္မတ္ ေတာင္းဆိုလာတယ္ဆို တာက အားလံုးလက္ခံရမယ့္ ကိစၥ ျဖစ္တယ္။ ၁၉၄၆ ခုႏွစ္ ဒီဇင္ဘာ ၂၃ မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ကယား ျပည္နယ္ကို လာေရာက္ၿပီးေတာ့ ၿမိဳ႕လယ္ေခါင္မွာ ေျပာသြားတာ ]]ဗမာေတြဟာ ဒီတိုင္းရင္းသားေဒသ ေတြကို မခ်ယ္လွယ္ပါဘူး၊ မအုပ္ခ်ဳပ္ပါဘူး။ ကြ်န္ေတာ္ တို႔ လြတ္လပ္ေရး အတူတူယူရေအာင္၊ အဂၤလိပ္ကြ်န္ မျဖစ္ရသလို ဗမာကြ်န္လည္း မျဖစ္ေစရပါဘူး}}ဆိုၿပီး ေျပာခဲ့တာေတြ ရွိတယ္။ သမိုင္းဆိုတာ ေဖ်ာက္ဖ်က္ လို႔မရတဲ့ ကိစၥေတြျဖစ္တယ္။ ကြ်န္ေတာ္တို႔ တိုင္းရင္း သားေတြဟာ တန္းတူေရး အခုထိ မရွိေသးဘူး။ တိုင္း ရင္းသားေတြလိုလားတဲ့ ဖက္ဒရယ္ဆိုတဲ့ဟာကို အစိုးရ ကစၿပီးေတာ့ ကမ္းလွမ္းမွသာလွ်င္ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈေရာ တစ္ခါတည္း ကြ်ဲကူး ေရပါသြားမွာ ျဖစ္တယ္။ အစိုးရက ေၾကညာခ်က္ေလး ထုတ္၊ ကမ္းလွမ္း႐ံုနဲ႔ မရဘူး။ ထဲထဲဝင္ဝင္ ဘာလုပ္ မယ္ဆိုတဲ့ ရည္ရြယ္ခ်က္ေတြ ဦးတည္ခ်က္ေတြ ထား ရမယ္။ ကြ်န္ေတာ္တို႔တိုင္းရင္းသားေတြ လိုခ်င္တဲ့ ဖက္ဒရယ္ကို အေျခခံတဲ့ လမ္းေၾကာင္းေတြ၊ ပင္လံုရဲ႕ ကတိကဝတ္ေတြကို စတင္အေကာင္အထည္ေဖာ္မယ္ ဆိုရင္ ကြ်န္ေတာ္တို႔ႏိုင္ငံက ျမန္ျမန္ဖြံ႕ၿဖိဳးတိုးတက္ၿပီး ေတာ့ ၿငိမ္းခ်မ္းေရးလည္း ျမန္ျမန္ရမယ္လို႔ ကြ်န္ေတာ္ ေျပာခ်င္ပါတယ္။

၂၀၁၀ အစိုးရလက္ထက္မွာေရာ ၂၀၁၅ အစိုးရလက္ ထက္မွာေရာ တိုင္းရင္းသားေတြထဲက တစ္ေယာက္ ေယာက္ကို အစိုးရထိပ္ပိုင္းရာထူး ေပးတာေပါ့၊ ဥပမာ ဒုသမၼတရာထူးေပါ့။ တိုင္းရင္းသားေတြကို ရာထူးေနရာေပးတာက တိုင္းရင္းသားအခြင့္အေရး ေတြကို ေဖာ္ေဆာင္ေပးတယ္လို႔ ေျပာလို႔ရသလား။

(ဦးမ်ိဳးေဆြ) သမိုင္းကိုျပန္ၾကည့္ၿပီး ေျပာမယ္ ဆိုရင္ ဖဆပလေခတ္မွာ စပ္ေရႊသိုက္၊ မန္းဝင္းေမာင္ တို႔ကို သမၼတေနရာအထိ ေပးခဲ့တယ္။ အခု ကြ်န္ေတာ္ တို႔ေခတ္မွာလည္း ဒုသမၼတရာထူးေနရာကို တိုင္းရင္း သားေတြကို အလွည့္က်ေပးတယ္။ ဒါေတြက တိုင္းရင္း သားေတြကို အေလးေပးတယ္လို႔ေတာ့ ေျပာလို႔ရတယ္။ ဒါေပမဲ့ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြကို ရာထူးေနရာေပး႐ံုနဲ႔ေတာ့ ဘယ္လိုမွ မျဖည့္ဆည္းႏိုင္ ပါဘူး။ ဖြဲ႕စည္းပံုကိုျပင္ၿပီးေတာ့ တိုင္းရင္းသားေတြ ေျပာေနတဲ့ ဖက္ဒရယ္ေပါ့၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြ မွန္မွန္ကန္ကန္ရမွသာလွ်င္ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြကို ျဖည့္ဆည္း ေပးႏိုင္မယ္လို႔ ေျပာလိုပါတယ္။

(ဦးေအာင္ခမ္း) သမၼတရာထူးေတြ၊ အေဆာင္ အေယာင္ေတြဆိုတာထက္ မူဝါဒဆိုင္ရာကို အေလး ထားၿပီးမွ ေဆာင္ရြက္သင့္ပါတယ္။ အဓိကçက ႏိုင္ငံ ေရးစနစ္ကို ေျပာင္းလဲဖို႔ ဆႏၵရွိဖို႔လိုတယ္။ လက္ရွိ အစိုးရေရာ စစ္တပ္ေရာ ဒါကို လက္ခံဖို႔လိုတယ္။ အားလံုး သေဘာတူတဲ့ ဖက္ဒရယ္ျပည္ေထာင္စုကိုပဲ ကြ်န္ေတာ္တို႔ သြားခ်င္တယ္။

(ဦးေစာညြန္႔ေရႊ) အခု ကြ်န္ေတာ္တို႔ႏိုင္ငံမွာက ျမန္မာႏိုင္ငံတစ္ဝန္းလံုးမွာေနၾကတဲ့ ျပည္သူေတြ အတြက္ေသာ္လည္းေကာင္း၊ တိုင္းရင္းသားေတြအတြက္ ေသာ္လည္းေကာင္း တန္းတူညီမွ်ေရးဟာ အခုထိ မရွိ ေသးဘူး။ ဗီႏိုင္းေတြနဲ႔ လမ္းဆံုလမ္းခြေတြမွာ ျမန္မာ ႏိုင္ငံ တိုးတက္ဖို႔ အမ်ိဳးမ်ိဳးေရးေနၾကတယ္။ ဒါေပမဲ့ ေအာက္ေျခမွာ ျပဳျပင္ေျပာင္းလဲဖို႔ ဘာမွ အေကာင္ အထည္ေဖာ္တာ မရွိဘူး။ တကယ့္ အႏွစ္သာရမပါဘဲ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး ကိစၥေတြ၊ ၿငိမ္းခ်မ္းေရးကိစၥ ေတြဟာ အလွမ္းေဝးေနဦးမွာပဲ။ ကိုယ့္ျပည္သူေတြ တကယ္ဖြံ႕ၿဖိဳးတိုးတက္ေစခ်င္တယ္။ ႏိုင္ငံတကာနဲ႔ ရင္ေပါင္တန္းႏိုင္ေစခ်င္တယ္ဆိုရင္ လက္ေတြ႕အေကာင္ အထည္ေဖာ္ဖို႔ လိုတယ္။

ေနာက္ဆံုးေမးခြန္းျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ ျမန္မာ ႏိုင္ငံမွာ မတူကြဲျပားတဲ့လူမ်ိဳးစာမ်ားစြာ ရွိၾကတယ္။ ျမန္မာႏိုင္ငံနဲ႔ကိုက္ညီေအာင္ ဘယ္လိုဖက္ဒရယ္စနစ္ ကို ေဖာ္ေဆာင္သင့္လဲ။

(ဦးေအာင္ခမ္း) ဖက္ဒရယ္စနစ္ တည္ေဆာက္ တဲ့အခါမွာ ျပည္ေထာင္စုနဲ႔ဆိုင္တဲ့ဟာ အားလံုးပါဝင္ဖို႔ လိုတယ္။ ျပည္နယ္နဲ႔ဆိုင္တဲ့ဟာ သီးသန္႔ရွိရမယ္။ ေဒသႏၱရဆိုင္ရာေတြက ျပည္နယ္ရဲ႕လက္ေအာက္ထဲ မွာပဲ ရွိရမယ္။ ကြ်န္ေတာ္တို႔ ကခ်င္မွာ လူမ်ိဳးစုေတြ အမ်ားႀကီးရွိပါတယ္။ ကခ်င္ျပည္နယ္မွာေနထိုင္တဲ့ အျခားလူမ်ိဳးေတြလည္း ရွိပါတယ္။ ဒါေၾကာင့္လည္း ျပည္ေထာင္စုအဆင့္မွာ ဖက္ဒရယ္စနစ္ က်င့္သံုးဖို႔ ရွိသလို ျပည္နယ္မွာလည္း လိုတယ္။ ကိုယ့္ေဒသနဲ႔ ကိုက္ညီတဲ့ ဖက္ဒရယ္စနစ္ေတြနဲ႔သြားဖို႔ လိုတယ္။ အနာဂတ္ျပည္ေထာင္စုဟာ စစ္မွန္တဲ့ဖက္ဒရယ္ျပည္ ေထာင္စုျဖစ္ဖို႔ လိုတယ္ဆိုတာကို ေျပာလို႔ရတယ္။

(ဦးေစာညြန္႔ေရႊ) အဓိကçက ပင္လံုရဲ႕ကတိ ကဝတ္ပါပဲ။ တန္းတူေရးေပါ့။ ကြ်န္ေတာ္တို႔ ကယား ျပည္နယ္ဆိုလည္း ၿမိဳ႕နယ္အလိုက္ တိုင္းရင္းသား မ်ိဳးႏြယ္စုပါဝင္မႈ မတူၾကဘူး။ ေအာက္ေျခအေျခခံက် တဲ့ တိုင္းရင္းသားေတြအတြက္ ထည့္စဥ္းစားေပးတဲ့ စစ္မွန္တဲ့ ျပည္နယ္ဖြဲ႕စည္းပံုအေျခခံဥပေဒျပ႒ာန္းၿပီး မွ ျပည္ေထာင္စုကိုသြားမွသာလွ်င္ ဖြံ႕ၿဖိဳးတိုးတက္မႈ ကိစၥေတြ ျဖစ္မွာျဖစ္တယ္။

(ဦးမ်ိဳးေဆြ) ကြ်န္ေတာ္တို႔ပါတီအေနနဲ႔ကေတာ့ ၁၉၆၂ ခုႏွစ္ ပင္လံုညီလာခံမွာေပါ့။ ရွမ္းမူလို႔လည္း ေခၚတယ္။ အဲဒီမူမွာ လူမ်ိဳးကိုအေျခခံတဲ့ အဓိကျပည္ နယ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ရွမ္းျပည္နယ္မူနဲ႔သြားဖို႔ ေပါ့။ ကြ်န္ေတာ္တို႔ပါတီက ၁၉၈၈ ပါတီတည္ေထာင္ ကတည္းက ရွမ္းမူနဲ႔သြားဖို႔ သေဘာထားရွိခဲ့တယ္။ အခုအခ်ိန္ထိ ကြ်န္ေတာ္တို႔က ဒီအေပၚမွာ ေျပာင္းလဲ ျခင္း မရွိေသးပါဘူး။ ေခတ္စနစ္ကလည္း ေျပာင္းလဲ ေနေတာ့ အားလံုးသေဘာတူညီႏိုင္တဲ့ အေနအထား တစ္ခုကေတာ့ ျပည္နယ္ေတြကို ဘယ္လိုသတ္မွတ္ မလဲ၊ ဖြဲ႕စည္းမလဲဆိုတဲ့ဟာကေတာ့ အားလံုး က်ယ္ က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးၿပီးေတာ့ ဘံုသေဘာတူညီခ်က္ နဲ႔ လုပ္ရမယ့္ကိစၥလို႔ေတာ့ ျမင္တယ္။ လူမ်ိဳးကို အေျခခံ တဲ့ ျပည္နယ္ေတြနဲ႔ဖြဲ႕စည္းထားတဲ့ ျပည္ေထာင္စုမ်ိဳး ျဖစ္သင့္တယ္လို႔ ျမင္တယ္။

ဆရာတို႔အားလံုးကို ေက်းဇူးတင္ပါတယ္။