• Today is: Wednesday, January 27, 2021

NLD ၏ တိုင်းရင်းသားပါတီများထံ ကမ်းလှမ်ခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ

Federal Journal
November23/ 2020

Unicode

NLD ၏ တိုင်းရင်းသားပါတီများထံ ကမ်းလှမ်ခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ

ဆလိုင်းကျဲအိုဘိခ်ထောင်

 

မကြာသေးခင်က အနိုင်ရ NLD ပါတီ၏ တိုင်းရင်းသား (၄၈)ပါတီများထံ ပေးပို့သော စာသည် မြန်မာ့နိုင်ငံရေးမှာ အင်မတန်စိတ်ဝင်စားစရာ ဖြစ်လာပါသည်။ အနိုင်ရပါတီအနေဖြင့် လတ်တလောတွင် ကြုံတွေ့နေရသော ရွေးကောက်ပွဲရလဒ်ဆိုင်ရာ အကျပ်အတည်းနှင့်ဖိအားကို လွှဲချနိုင်ဖို့သက်သက်အတွက် မဟုတ်ဘဲ စာထဲမှာ ဖော်ပြထားသည့်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီနိင်ငံတော်တည်ဆောက်ရေးအတွက် အမှန်တကယ် စိတ်ရင်းဖြင့် ကမ်းလှမ်းမှုဖြစ်ပါက ကြိုဆိုသင့်သည့်အရာ ဖြစ်ပါသည်။ တိုင်းရင်းသားပါတီ များကလည်း အပြုသဘော တုန့်ပြန်ကြသည်ကို တွေ့ရသည်။

သို့သော် ယခုအချိန်အထိ ဇဝေဇဝါဖြစ်နေသေးသည်မှာ မည်သည့်ရည်ရွက်ချက်ဖြင့် NLDပါတီက စာပို့သနည်းဆိုသည့်အချက်နှင့် မည်သည့်ပုံစံဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(National Unity Government)ကို ဖွဲ့စည်းရန် အနိုင်ရပါတီက စီစဉ်ထားသနည်းဆိုသည့်အချက်ဖြစ်ပါသည်။ အလားတူ တိုင်းရင်းသားပါတီများကလည်း သူတို့ပြောပြောခဲ့သလို UNA, NBF နှင့် ၅-ပါတီပေါင်းစည်းအဖွဲ့ စသည်ဖြင့် အစုအဖွဲ့အလိုက် ညှိနှိင်းဆောင်ရွက်မှာလား၊ ၄၈ပါတီစလုံးပူးပေါင်းညှိနှိုင်းမှာလား၊ သို့မဟုတ် တစ်ပါတီချင်းစီဘဲ ဆုံးဖြတ်မှာလား၊ ထို့ပြင် ဖက်ဒရယ်ဆိုင်ရာမူဝါဒများကို အလေးပေးညှိနှိုင်းမှာလား၊ သို့မဟုတ်  အစိုးရ(နိုင်ငံရေး) ရာထူးနေရာကို အဓိကထားညှိနှိုင်းမှာလား စသည့်အချက်များကို ထပ်ဆင့် စဉ်းစားရမှာဖြစ်ပါသည်။

အဘယ်ကြောင့် တိုင်းရင်းသားပါတီများ ကမ်းလှမ်းခြင်းခံရသနည်း

အနိုင်ရ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဖိအားအကြီးအကျယ် ကြုံတွေ့လျက်ရှိသည်။ ရွေးကောက်ပွဲ မသမာမှု၊ ငွေကြေးအရှုပ်အရှင်းနှင့် တပ်မတော်၏ ဝေဖန်ထောက်ပြမှု စသည်ဖြင့် ၎င်းဖိအားများ လျှော့ချနိုင်အောင် လမ်းကြောင်းလှည့်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မှုလည်းရှိသည်။ တစ်ချို့ကလည်း NLD ၏ တိုင်းရင်းသားများအပေါ်သဘောထားကြီးမြတ်မှုဟု တင်စားကြသည်။ မိမိအနေဖြင့် ၎င်းတို့ကို အဓိကဟု မယူဆပေ။

လက်ရှိတွင် တိုင်းပြည်မှာ ပြည်တွင်းစစ်မီး၊ ဘာသာရေးအစွန်းရောက်လှုပ်ရှားမှု၊ အိုင်စီဂျေနှင့် အိုင်စီစီအရေး၊ ကိုဗစ်-၁၉ ကပ်ဘေး၊ တိုင်းပြည်စီးပွားရေးကျဆင်းမှု၊ အရပ်ဘက်စစ်ဘက် အားပြိုင်မှုနှင့် ပွတ်တိုက်မှု၊ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေ စသည့် အထွေထွေအကျပ်အတည်းနှင့် မတည်မငြိမ်မှုများ ကြုံတွေ့နေရာချိန်တွင် အနိုင်ရပါတီအနေဖြင့် ၎င်းကိစ္စရပ်အားလုံးကို တစ်ပါတီတည်း ဖြေရှင်းကျော်လွှားရန် မဖြစ်နိုင်သလောက် ခက်ခဲပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အခြားအစုအဖွဲ့များ (stakeholders)များနှင့် ပြိုင်တူတွန်းရန် မဖြစ်မနေလိုအပ်သည်ဟု အကြံပြုသူများလည်းရှိရာ NLD ပါတီက လက်ခံသဘောပေါက်လာလို့ ဖြစ်သည်ဟုယူဆပါသည်။ ဤနေရာတွင် တိုင်းရင်းသား ပါတီများသည် သက်ဆိုင်ရာ တိုင်းရင်းသား ဒေသခံပြည်သူများက အတန်အသင့် မဲပေးထောက်ခံမှုရှိသော အဖွဲ့အစည်းများဖြစ်သည့်အပြင် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုခရီးတစ်လျှောက်တွင်လည်း NLD နှင့် အတူလက်တွဲလာခဲ့သော ပါတီများဖြစ်သည့်အတွက် အရင်ဦးဆုံး ကမ်းလှမ်းခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။

မနိုင်သော်လည်း မရှုံးသည့် တိုင်းရင်းသားပါတီများ

၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၂၀ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ လွှတ်တော်ကိုယ်စားလှယ် နေရာရရှိမှု ပိုမိုမြင့်တက်လာခြင်းမရှိဘဲ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် တိုင်းရင်းသား ပါတီများ ဘဲဥမကွဲရုံတမယ်အနေအထားရှိသည်ကို တွေ့ရသည်။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့်လွှတ်တော်မှာ တိုင်းရင်းသားပါတီများက ကိုယ်စားလှယ် ၅၅နေရာ (၈-ရာခိုင်နှုန်း)ခန့် ရရှိခဲ့ရာမှာ ၂၀၂၀ရွေးကောက်ပွဲတွင် ၄၇နေရာ (၇-ရာခိုင်နှုုန်း)သို့ ကျဆင်းသွားပါသည်။ ထိုအချက်အများကြောင့် တိုင်းရင်းသား ပါတီများအပေါ် ပြည်သူများ အားပေးထောက်ခံမှုလျှော့နည်းသွားသည်ဟု လွယ်လင့်တကူ သုံးသပ်ပါက အမှားကြီးမှားပါလိမ့်မည်။ ရှမ်း(SNLD)ပါတီ၊ ရခိုင်(ANP)ပါတီ၊ တအောဝ်းပလောင်(TNP)ပါတီနှင့် ပအိုဝ့်(PNO)ပါတီတို့ကလွဲ၍ ကျန်တိုင်းရင်းသားပါတီများ ထင်သလောက်အနိုင်မရသေးသော်လည်း သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူများ၏ အတန်အသင့် မဲပေးမှုနှင့် အားကိုးယုံကြည်မှုများ ရရှိကြပါသည်။

တိုင်းရင်းသား ပြည်နယ်အခြေခံပါတီများ အနိုင်မရရှိခြင်း၏ အဓိကအကြောင်းရင်းသည် ဖက်ဒရယ်စနစ်၏ အနစ်သာရဖြစ်သော “ကိုယ့်ပြည်နယ်တွင်း ရွေးကောက်ပွဲအနိုင်ရသူက ပြည်နယ်အစိုးရဖွဲ့ခွင့်” ကို ၂၀၀၈ခြေဥပုဒ်မ(၂၆၁)အရ ပိတ်ပင်တားဆီးခြင်းကြောင့်ဖြစ်ပါသည်။ တိုင်းရင်းသားများသည် ပြည်နယ်တစ်ခုခုမှာ အများစု စုစည်းနေထိုင်ကြပါသည်။ သို့ဖြစ်ရာ ကိုယ့်တိုင်းရင်းသားပြည်နယ်ကို အခြေခံပြီး ရွေးကောက်ပွဲဝင်ပြိုင်သည့်ပါတီအနေဖြင့် ကိုယ့်ပြည်နယ်မှာ အနိုင်ရလျှင်ပြင် အစိုးရဖွဲ့ခွင့်မရှိ (ပုဒ်မ-၂၆၁အရ ပိတ်ပင်)ဖြစ်နေရာ အစိုးရမဖွဲ့နိုင်မှန်းသေချာသည့်ပါတီကို ပြည်သူများက မဲပေးဖို့ဆိုသည်မှာ အဓိပ္ပယ်ကင်းမဲ့ သကဲ့သို့ ခဲယဉ်းလှပါသည်။ အင်မတန် တရားမျှတမှုမရှိသည့် ပုဒ်မဖြစ်ပါသည်။ တိုင်းရင်းသားပြည်နယ်များကို ဖက်ဒရယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မဆိုထားဘိ ပုဒ်မ(၂၆၁)တစ်ခုတည်းကို ပြင်ဆင်ပေးပါက ပြည်နယ်အများစုမှာ ပြည်မ(ဗမာ)ပါတီများ အကြီးအကျယ်ရှုံးနိမ့်မှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးများက ကိုယ့်တိုင်းရင်းသား ပါတီများကို ပိုပြီးတော့ အားကိုးကြမှာ မလွဲဧကန်ဖြစ်ပါသည်။

တိုင်းရင်းသားလူငယ်များ၏ နိုင်ငံရေးရည်မှန်းချက် မရိုက်ချိုးသင့်

ဤတစ်ကြိမ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားလူငယ်များ၏ နိုင်ငံရေး(အမျိုးသားရေး)နိုှးကြားလာမှုအရှိန် အလွန်မြင့်မားလာမှုနှင့် ကိုယ့်တိုင်းရင်းသားပါတီကို အင်တိုက်အားတိုက် ရပ်တည်ပေးလာသည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ပါသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ထိုတိုင်းရင်းသား လူငယ်များစု၏ ရွေးကောက်ပွဲ မျှော်မှန်းရလဒ်သည် ရေစုန်မျောပါသွားခြင်းဖြစ်ပါသည်။ ထိုထက်ပိုဆိုးသည်မှာ တိုင်းရင်းသားပါတီများ အနိုင်မရခြင်းသည် ပုဒ်မ(၂၆၁)နှင့် ရွေးကောက်ပွဲဥပဒေကန့်သတ်ချက်ကြောင့် တန်းတူ(level play) မရှိသော၊ တရားမျှ(fair)မရှိသော အခင်းအကျင်းကြောင့် ဖြစ်သည်ဟု တိုင်းရင်းသား လူငယ်များက ခံယူထားခြင်းဖြစ်သည်။ နှစ်ပေါင်း ၇၀ကျော် ပြည်တွင်းစစ်၏ နောက်ဆုံးမျိုးဆက်ဖြစ်သော ဤတိုင်းရင်းသားလူငယ်များအနေဖြင့် လက်ရှိရွေးကောက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေး (electoral politics and party politics)အပေါ် မျှော်လင့်ချက်မှေးမှိန်သွားခြင်းနှင့် စိတ်ပျက်လာခြင်းကို မသိကျိုးကျွန်ပြုပါက တိုင်းပြည်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ မလိုလားအပ်သော အကျိုးသက်ရောက်မှု ကြုံတွေ့နိုင်သည်။

ရခိုင်ပြည်နယ်မှာ ၂၀၁၀ခုနှစ်မှစ၍ ရွေးကောက်ပွဲအဆက်ဆက်တိုင်းတွင် ရခိုင်ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ဖက်ဒရယ် ဒီမိုကရေစီနှင့်အညီ ၎င်းပါတီက ကိုယ့်ပြည်နယ်မှာ အစိုးရဖွဲ့ခွင့်နှင့် တာဝန်ယူဆောင်ရွက်ခွင့် မရရှိခဲ့သည့်အတွက် ရခိုင်လူငယ်ခပ်များများ၏ ရွေးကောက်ပွဲနိုင်ငံရေးအပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက် ကျဆင်းစေပြီး တက်ကြွလှှုပ်ရှားသည့် လူငယ်ခပ်များများက ရွေးကောက်ပွဲလမ်းစဉ် ကို ကျောခိုင်းပြီး အခြားလမ်းစဉ်ကို ရွေးချယ်ကြသည်ဟု သိရသည်။ တိုင်းရင်းသားများအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ဝါသနာဖြင့်ရွေးချယ်ခြင်းမဟုတ်ဘဲ အခြားနိုင်ငံရေးနည်းလမ်းနဲ့ မဖြစ်နိုင်တော့ဟု ယူဆသောကြောင့်မဖြစ်မနေ ကိုင်စွဲလိုက်ခြင်းဖြစ်သည်ဟု ခံယူကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်ခဲ့လို့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးသော ချင်း၊ ကချင်၊ ရှမ်းတို့သည် ပါလီမန်ဒီမိုကရေစီလမ်းကြောင်းကို ရွေးကောက်ပွဲ သုံးကြိမ်အထိ ယုံယုံကြည်ကြည်နှင့် (လက်နက်ကိုင်လမ်းစဉ်ကို မစဉ်းစားဘဲ) လျှောက်လှမ်းခဲ့ ပါသည်။ ဆယ်စုနှစ်တစ်ခုကျော်လာပြီးမှ ဦးနုဦးဆောင်သည့် ပါလီမန်ဒီမိုကရေစီသည် လူများစုအာဏာရှင်စနစ် (Tyranny of Majority)သို့ ဦးတည်ခဲ့သည်ဟု ခံစားလာခဲ့ပြီး လူနည်းစုများအတွက် မျှော်လင့်ချက် (space) ကျဉ်းမြောင်းလွန်းသည်ဟုခံယူလာခဲ့သည့်အခါ အခြားနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

NLD၏ ကမ်းလှမ်းချက် ဆေးတစ်ခွတ်ဖြစ်နိုင်မလား

အနိုင်ရပါတီက ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပါတီများကို စာပို့ထားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရကို စဉ်းစားသည်ဟု အများသိအောင် ပြောကြားပြီး တိုင်းရင်းသားပါတီများနှင့် မကြာခင်(လကုန်ပိုင်း)အတွင်း စတင်တွေ့ဆုံဆွေးနွေး မည်ဟု ပြောဆိုလာသည့်အပေါ် မိမိအနေဖြင့် အောက်ပါအတိုင်း မှတ်ချက်ပြုမိပါသည် –

(က) တိုင်းရင်းသားလူငယ်များ၏ နိင်ငံရေးမျှော်လင့်ချက် ရှေ့ရှုသင့်။                        NLD ပါတီနှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များ မကြာမီတွေ့ဆုံညှိနှိုင်းသည့်အခါ သက်ကြီးပိုင်းများနှင့် ထိပ်ပိုင်းခေါင်းဆောင်များ အချင်းချင်းကြား ပြေလည်မှုရယူခြင်း သက်သက်ဖြစ်ပါက ရေရှည်တည်တံ့မည်မဟုတ်ပေ။ တိုင်းရင်းသားပါတီများကို ဝန်းရံပေးသည့် တက်ကြွလူငယ်များနှင့် ပါတီလူငယ်ခေါင်းဆောင်များ၏ နိုင်ငံရေးခံစားချက်နှင့် စိတ်ဆန္ဒကို အလေးထားသည့် ညှိနှိုင်းအဖြေရှာမှုဖြစ်သင့်သည့်။ လူငယ်အုပ်စုများကို သီးခြားညှိနှိုင်းမှု ပြုလုပ်သင့်သည်။

(ခ) မူဝါဒ(စနစ်)အပိုင်းကို အလေးပေးဆွေးနွေးသင့်။         ၅ နှစ်တာကာလအတွင်း တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေး(အစိုးရ)ရာထူး မျှဝေရေးသည် အင်မတန်အရေးပါသည်။ သို့သော် ရေရှည်တည်တံ့(sustainable)သော အဖြေရှာမှု အတွက်ဆိုလျှင် တိုင်းရင်းသားများလိုချင်သည့် နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးအာမခံချက်များကို ပိုပြီးအလေးပေး စဉ်းစားဆောင်ရွက်သင့်သည်။ ထိုအတွက် လူငယ်များနှင့်သီးသန့်ညှိနှိုင်းမှုပြုလုပ်သင့်ပါသည်။

(ဂ) တည်ဆဲဥပဒေပြုပြင်ပြောင်းလဲရေး အာမခံသင့်။          ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်စရာမလိုဘဲ တိုင်းရင်းသားများလိုလားသည့် အခွင့်အရေးများကို အနိုင်ရပါတီက ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် အများအပြား ဖော်ဆောင်ပေးနိုင်ပါသည်။ ဥပမာ- ပြည်နယ်နေ့နှင့် ကိုယ့်အမျိုးသားနေ့များ ရုံးပိတ်ရက်ဖြစ်အသိအမှတ်အပြုပေးခြင်း၊ မိခင်ဘာသာစကားအခြေပြုပညာသင်ကြားရေးခွင့်ပြုခြင်း၊ သဘာ၀ သယံဇာတ ခွဲဝေရေးနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးစသည်တို့ကို အနိုင်ရပါတီက အလွယ်တကူ ဆောင်ရွက်ပေး နိုင်ပါသည်။ အထူးသဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပေဒများဖြစ်သော ရက်ပေါင်း (၉၀)နေထိုင်ရုံဖြင့် မဲပေးခွင့်ရခြင်း၊ စည်းရုံးရေးကာလ တိုတောင်းလွန်းခြင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်လွတ်တော်ရွေးကောက်ပွဲ ပေါင်းပြီး ကျင်းပခြင်း၊ နိုင်သူအကုန်ယူစနစ်ကျင့်သုံးခြင်း စသည်တို့ကို ပြန်လည်သုံးသပ်ပေးသင့်ပါသည်။

(ဃ) ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအာမခံပေးသင့်။         NLD ပါတီဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပုဒ်မ ၂၆၁ မပြင်ဆင်လိုကြောင်း အကြောင်းပြရာတွင် ပြည်နယ်လွှတ်တော်တွင် တပ်မတော် ၂၅ရာခိုင်နှုန်းရှိသည်ကို အကြောင်းပြသည်ကိုတွေ့ရသည်မှာ အင်မတန် ဝမ်းနည်းစရာကောင်းပါသည်။ အမှန်မှာ လက်ရှိ ပါလီမန်စနစ် (Parliamentary System)ဖြစ်သည့် အစိုးရကို လွှတ်တော်ကအဆင့် ရွေးချယ်သည့် စနစ်အစား သမ္မတစနစ် (ပြည်နယ်အဆင့်မှာ Presidential System အစား Gubernatorial System ဟုသုံးနှုန်းသည်)ခေါ် လူထုက အစိုးရ (အုပ်ချုပ်ရေးအကြီးအကဲ)ကို တိုက်ရိုက်ရွေးချယ်သည့်စနစ်ဖြင့် ပြင်ဆင်လိုက်ပါက လွှတ်တော်တွင်ထိုင်နေသော တပ်မတော်နှင့် ပြည်နယ်အစိုးရဖွဲ့စည်းရေး မည်သို့မျှသက်ဆိုင်ခြင်းရှိမှာမဟုတ်ပေ။ ကျိုးကြောင်းဆီလျော်မှု မရှိသော အကြောင်းပြချက်ဖြစ်ပါသည်။ တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီကပြင်လျှင် ပြင်ဆင်ရန်သဘောတူပြီး ဖြစ်သောကြောင့် တိုင်းရင်းသားပါတီများ၏ ရွေးကောက်ပွဲမျော်လင့်ချက် လမ်းဖွင့်ပေးရန် အာမခံသင့်ပါသည်။

(ဃ) ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တွဲချိတ်မှုရှိသင့်။        NLD အစိုးရအနေဖြင့် တိုင်းရင်းသားပါတီများနှင့်  အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် ရည်ရွယ်လျှင်ဖြစ်စေ၊ အတိုင်ပင်ခံအဖွဲ့ဖွဲ့စည်းလျှင်ဖြစ်စေ၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီဆိုင်ရာ ကတိကဝတ်ချုပ်ဆိုလျှင်ဖြစ်စေ၊ တိုင်းရင်းသား ပဋိပက္ခကို ဖန်တီးစေသော အကြောင်းအရင်း များ၊ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်များနှင့် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ တိုင်းရင်းသားများ လိုလားသည့်အချက်များနှင့် ချိတ်ဆက်မှုရှိပြီး သဟဇာတဖြစ်ဖို့ အရေးကြီးပါသည်။

(င) ခေါင်းခေါက်ရွေးသည့်ပုံစံမဖြစ်သင့်။   ၂၀၁၀ခုနှစ် ကြံ့ခိုင်ရေးအစိုးရနှင့် ၂၀၁၅ခုနှစ် NLD အစိုးရ ကာလမှာ တိုင်းရင်းသားပါတီများထံမှ ဝန်ကြီးများ ဆွဲခေါ်သည့်အခါ သက်ဆိုင်ရာပါတီကို တရားဝင် ကမ်းလှမ်းပြီး သူတို့က ရွေးချယ်ထားသည့်ပုဂ္ဂိုလ်များကို ခန့်အပ်ခြင်းမျိုးမဖြစ်ဘဲ မိမိစိတ်တိုင်းကျပုဂ္ဂိုလ်များကို ရွေးကောက်ထားသည့် ပုံစံမျိုးဖြစ်ခဲ့ပါသည်။ ယင်းသည် အခြားပါတီကို လေးစားမှုမရှိသည့် “သူ့လူကို ကိုယ့်လူ ဖြစ်အောင် စည်းရုံးသိမ်းသွင်းခြင်း”နည်းလမ်းသာဖြစ်ပြီး တိုင်းရင်းသားပါတီအတွင်း သွေးကွဲမှု ကြီးထွားစေရုံသာ အဖက်တင် လေ့ရှိပါသည်။ ယင်းကို သိရှိနားလည်သော ရှမ်းပါတီ(SNLD)ပါတီက ငြင်းဆန်ခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ နောက်နောင်တွင် အခြားပါတီထဲကသူကို ခန့်အပ်လိုပါက သက်ဆိုင်ရာပါတီနှင့် ညှိနှိုင်းသင့်ပါသည်။

(စ) တိုင်းရင်းသားပါတီများ ကြိုတင်ပြင်ဆင်သင့်။  NLD ဘက်မှ အသေးစိတ်ကမ်းလှမ်းမှုမရှိသေးသော်လည်း တိုင်းရင်းသားပါတီများဘက်မှ ပြင်ဆင်မှုတစ်ချို့လုပ်သင့်ပါသည်။ တစ်ပါတီချင်းစီဖြင့် ပြင်ဆင်မှုသည် လွယ်ကူမည်ဖြစ်သော်လည်း  ကိုဗစ်ကန့်သတ်ကာလတွင် အစုအဖွဲ့အလိုက် (UNA, NBF နှင့် ၅ပါတီပေါင်းစည်း စသည်ဖြင့်) ညှိနှိုင်းမှုနှင့် ၄၈ ပါတီစလုံး ညှိနှိုင်းသဘောထားစုစည်းမှုမျိုး လုပ်ဆောင်ဖို့ အချိန်ယူရမှာဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အရေးသည် တစ်ပါတီချင်းနှင့် လူမျိုးတစ်မျိုးချင်းဖြင့် အပြီးသတ်ဖော်ဆောင်လို့ရ သည့်အရာမဟုတ်ဘဲ စုပေါင်းညှိနှိုင်းမှုသည် မဖြစ်မနေလိုအပ်ပါသည်။

Zawgyi

NLD ၏ တိုင္းရင္းသားပါတီမ်ားထံ ကမ္းလွမ္ျခင္းႏွင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ

ဆလိုင္းက်ဲအိုဘိခ္ေထာင္

မၾကာေသးခင္က အနိုင္ရ NLD ပါတီ၏ တိုင္းရင္းသား (၄၈)ပါတီမ်ားထံ ေပးပို႔ေသာ စာသည္ ျမန္မာ့နိုင္ငံေရးမွာ အင္မတန္စိတ္၀င္စားစရာ ျဖစ္လာပါသည္။ အနိုင္ရပါတီအေနျဖင့္ လတ္တေလာတြင္ ၾကံဳေတြ႔ေနရေသာ ေရြးေကာက္ပြဲရလဒ္ဆိုင္ရာ အက်ပ္အတည္းနွင့္ဖိအားကို လႊဲခ်နိုင္ဖို႔သက္သက္အတြက္ မဟုတ္ဘဲ စာထဲမွာ ေဖာ္ျပထားသည့္အတိုင္း ဖက္ဒရယ္ဒီမိုကေရစီနိင္ငံေတာ္တည္ေဆာက္ေရးအတြက္ အမွန္တကယ္ စိတ္ရင္းျဖင့္ ကမ္းလွမ္းမႈျဖစ္ပါက ၾကိဳဆိုသင့္သည့္အရာ ျဖစ္ပါသည္။ တိုင္းရင္းသားပါတီ မ်ားကလည္း အျပဳသေဘာ တုန္႔ျပန္ၾကသည္ကို ေတြ႔ရသည္။

သို႔ေသာ္ ယခုအခ်ိန္အထိ ဇေ၀ဇ၀ါျဖစ္ေနေသးသည္မွာ မည္သည့္ရည္ရြက္ခ်က္ျဖင့္ NLDပါတီက စာပို႔သနည္းဆိုသည့္အခ်က္နွင့္ မည္သည့္ပံုစံျဖင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ(National Unity Government)ကို ဖြဲ႔စည္းရန္ အနိုင္ရပါတီက စီစဥ္ထားသနည္းဆိုသည့္အခ်က္ျဖစ္ပါသည္။ အလားတူ တိုင္းရင္းသားပါတီမ်ားကလည္း သူတို႔ေျပာေျပာခဲ့သလို UNA, NBF နွင့္ ၅-ပါတီေပါင္းစည္းအဖြဲ႔ စသည္ျဖင့္ အစုအဖြဲ႔အလိုက္ ညိွနိွင္းေဆာင္ရြက္မွာလား၊ ၄၈ပါတီစလံုးပူးေပါင္းညိွနိႈင္းမွာလား၊ သို႔မဟုတ္ တစ္ပါတီခ်င္းစီဘဲ ဆံုးျဖတ္မွာလား၊ ထုိ႔ျပင္ ဖက္ဒရယ္ဆိုင္ရာမူ၀ါဒမ်ားကို အေလးေပးညိွနိွုင္းမွာလား၊ သို႔မဟုတ္  အစိုးရ(ႏိုင္ငံေရး) ရာထူးေနရာကို အဓိကထားညိွနိႈင္းမွာလား စသည့္အခ်က္မ်ားကို ထပ္ဆင့္ စဥ္းစားရမွာျဖစ္ပါသည္။

အဘယ္ေၾကာင့္ တိုင္းရင္းသားပါတီမ်ား ကမ္းလွမ္းျခင္းခံရသနည္း

အနိုင္ရ NLD ပါတီအေနျဖင့္ ေရြးေကာက္ပြဲဆိုင္ရာ ဖိအားအၾကီးအက်ယ္ ၾကံဳေတြ႔လ်က္ရိွသည္။ ေရြးေကာက္ပြဲ မသမာမႈ၊ ေငြေၾကးအရွုပ္အရွင္းႏွင့္ တပ္မေတာ္၏ ေ၀ဖန္ေထာက္ျပမႈ စသည္ျဖင့္ ၎ဖိအားမ်ား ေလွ်ာ့ခ်နိုင္ေအာင္ လမ္းေၾကာင္းလွည့္လိုက္ျခင္းျဖစ္သည္ဟု သံုးသပ္မႈလည္းရိွသည္။ တစ္ခ်ိဳ႕ကလည္း NLD ၏ တိုင္းရင္းသားမ်ားအေပၚသေဘာထားႀကီးျမတ္မႈဟု တင္စားၾကသည္။ မိမိအေနျဖင့္ ၎တို႔ကို အဓိကဟု မယူဆေပ။

လက္ရွိတြင္ တိုင္းျပည္မွာ ျပည္တြင္းစစ္မီး၊ ဘာသာေရးအစြန္းေရာက္လႈပ္ရွားမႈ၊ အိုင္စီေဂ်ႏွင့္ အိုင္စီစီအေရး၊ ကိုဗစ္-၁၉ ကပ္ေဘး၊ တိုင္းျပည္စီးပြားေရးက်ဆင္းမႈ၊ အရပ္ဘက္စစ္ဘက္ အားၿပိဳင္မႈနွင့္ ပြတ္တိုက္မႈ၊ ၂၀၀၈-ဖြဲ႔စည္းပံုအေျခခံဥပေဒ စသည့္ အေထြေထြအက်ပ္အတည္းႏွင့္ မတည္မျငိမ္မႈမ်ား ၾကံဳေတြ႔ေနရာခ်ိန္တြင္ အနိုင္ရပါတီအေနျဖင့္ ၎ကိစၥရပ္အားလံုးကို တစ္ပါတီတည္း ေျဖရွင္းေက်ာ္လႊားရန္ မျဖစ္နိုင္သေလာက္ ခက္ခဲပါသည္။ ထို႔ေၾကာင့္ သက္ဆိုင္ရာ အျခားအစုအဖြဲ႔မ်ား (stakeholders)မ်ားႏွင့္ ျပိဳင္တူတြန္းရန္ မျဖစ္မေနလိုအပ္သည္ဟု အၾကံျပဳသူမ်ားလည္းရိွရာ NLD ပါတီက လက္ခံသေဘာေပါက္လာလို႔ ျဖစ္သည္ဟုယူဆပါသည္။ ဤေနရာတြင္ တိုင္းရင္းသား ပါတီမ်ားသည္ သက္ဆိုင္ရာ တိုင္းရင္းသား ေဒသခံျပည္သူမ်ားက အတန္အသင့္ မဲေပးေထာက္ခံမႈရိွေသာ အဖြဲ႔အစည္းမ်ားျဖစ္သည့္အျပင္ စစ္အာဏာရွင္ ဆန္႔က်င္လႈပ္ရွားမႈခရီးတစ္ေလွ်ာက္တြင္လည္း NLD ႏွင့္ အတူလက္တြဲလာခဲ့ေသာ ပါတီမ်ားျဖစ္သည့္အတြက္ အရင္ဦးဆံုး ကမ္းလွမ္းျခင္းျဖစ္သည္ဟု သံုးသပ္မိပါသည္။

မနိုင္ေသာ္လည္း မရႈံးသည့္ တိုင္းရင္းသားပါတီမ်ား

၂၀၁၅ ေရြးေကာက္ပြဲထက္ ၂၀၂၀ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားပါတီမ်ား လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာရရိွမႈ ပိုမိုျမင့္တက္လာျခင္းမရိွဘဲ ခ်င္းျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္တြင္ တိုင္းရင္းသား ပါတီမ်ား ဘဲဥမကြဲရံုတမယ္အေနအထားရိွသည္ကို ေတြ႔ရသည္။ ၂၀၁၅ခုႏွစ္ ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုအဆင့္လႊတ္ေတာ္မွာ တိုင္းရင္းသားပါတီမ်ားက ကိုယ္စားလွယ္ ၅၅ေနရာ (၈-ရာခိုင္နႈန္း)ခန္႔ ရရိွခဲ့ရာမွာ ၂၀၂၀ေရြးေကာက္ပြဲတြင္ ၄၇ေနရာ (၇-ရာခိုင္နႈုန္း)သို႔ က်ဆင္းသြားပါသည္။ ထိုအခ်က္အမ်ားေၾကာင့္ တိုင္းရင္းသား ပါတီမ်ားအေပၚ ျပည္သူမ်ား အားေပးေထာက္ခံမႈေလွ်ာ့နည္းသြားသည္ဟု လြယ္လင့္တကူ သံုးသပ္ပါက အမွားႀကီးမွားပါလိ္မ့္မည္။ ရွမ္း(SNLD)ပါတီ၊ ရခိုင္(ANP)ပါတီ၊ တေအာ၀္းပေလာင္(TNP)ပါတီနွင့္ ပအို၀့္(PNO)ပါတီတို႔ကလြဲ၍ က်န္တိုင္းရင္းသားပါတီမ်ား ထင္သေလာက္အနိုင္မရေသးေသာ္လည္း သက္ဆိုင္ရာ တိုင္းရင္းသား ျပည္သူမ်ား၏ အတန္အသင့္ မဲေပးမႈႏွင့္ အားကိုးယံုၾကည္မႈမ်ား ရရိွၾကပါသည္။

တိုင္းရင္းသား ျပည္နယ္အေျခခံပါတီမ်ား အနိုင္မရရိွျခင္း၏ အဓိကအေၾကာင္းရင္းသည္ ဖက္ဒရယ္စနစ္၏ အနစ္သာရျဖစ္ေသာ “ကိုယ့္ျပည္နယ္တြင္း ေရြးေကာက္ပြဲအနိုင္ရသူက ျပည္နယ္အစိုးရဖြဲ႔ခြင့္” ကို ၂၀၀၈ေျခဥပုဒ္မ(၂၆၁)အရ ပိတ္ပင္တားဆီးျခင္းေၾကာင့္ျဖစ္ပါသည္။ တိုင္းရင္းသားမ်ားသည္ ျပည္နယ္တစ္ခုခုမွာ အမ်ားစု စုစည္းေနထိုင္ၾကပါသည္။ သို႔ျဖစ္ရာ ကိုယ့္တိုင္းရင္းသားျပည္နယ္ကို အေျခခံၿပီး ေရြးေကာက္ပြဲ၀င္ၿပိဳင္သည့္ပါတီအေနျဖင့္ ကိုယ့္ျပည္နယ္မွာ အနိုင္ရလွ်င္ျပင္ အစိုးရဖြဲ႔ခြင့္မရိွ (ပုဒ္မ-၂၆၁အရ ပိတ္ပင္)ျဖစ္ေနရာ အစိုးရမဖြဲ႔နိုင္မွန္းေသခ်ာသည့္ပါတီကို ျပည္သူမ်ားက မဲေပးဖို႔ဆိုသည္မွာ အဓိပၸယ္ကင္းမဲ့ သကဲ့သို႔ ခဲယဥ္းလွပါသည္။ အင္မတန္ တရားမွ်တမႈမရိွသည့္ ပုဒ္မျဖစ္ပါသည္။ တိုင္းရင္းသားျပည္နယ္မ်ားကို ဖက္ဒရယ္ကိုယ္ပိုင္ျပ႒ာန္းခြင့္ မဆိုထားဘိ ပုဒ္မ(၂၆၁)တစ္ခုတည္းကို ျပင္ဆင္ေပးပါက ျပည္နယ္အမ်ားစုမွာ ျပည္မ(ဗမာ)ပါတီမ်ား အႀကီးအက်ယ္ရႈံးနိမ့္မွာျဖစ္ၿပီး တိုင္းရင္းသားလူမ်ိဳးမ်ားက ကိုယ့္တိုင္းရင္းသား ပါတီမ်ားကို ပိုျပီးေတာ့ အားကိုးၾကမွာ မလြဲဧကန္ျဖစ္ပါသည္။

တိုင္းရင္းသားလူငယ္မ်ား၏ နိုင္ငံေရးရည္မွန္းခ်က္ မရိုက္ခ်ိဳးသင့္

ဤတစ္ႀကိမ္ေရြးေကာက္ပြဲမွာ တိုင္းရင္းသားလူငယ္မ်ား၏ နိုင္ငံေရး(အမ်ိဳးသားေရး)နိုွးၾကားလာမႈအရွိန္ အလြန္ျမင့္မားလာမႈႏွင့္ ကိုယ့္တိုင္းရင္းသားပါတီကို အင္တိုက္အားတိုက္ ရပ္တည္ေပးလာသည္ကို အားလံုးမ်က္ျမင္ကိုယ္ေတြ႔ျဖစ္ပါသည္။ ၀မ္းနည္းဖြယ္ေကာင္းသည္မွာ ထိုတိုင္းရင္းသား လူငယ္မ်ားစု၏ ေရြးေကာက္ပြဲ ေမွ်ာ္မွန္းရလဒ္သည္ ေရစုန္ေမ်ာပါသြားျခင္းျဖစ္ပါသည္။ ထိုထက္ပိုဆိုးသည္မွာ တိုင္းရင္းသားပါတီမ်ား အနိုင္မရျခင္းသည္ ပုဒ္မ(၂၆၁)ႏွင့္ ေရြးေကာက္ပြဲဥပေဒကန္႔သတ္ခ်က္ေၾကာင့္ တန္းတူ(level play) မရိွေသာ၊ တရားမွ်(fair)မရိွေသာ အခင္းအက်င္းေၾကာင့္ ျဖစ္သည္ဟု တိုင္းရင္းသား လူငယ္မ်ားက ခံယူထားျခင္းျဖစ္သည္။ နွစ္ေပါင္း ၇၀ေက်ာ္ ျပည္တြင္းစစ္၏ ေနာက္ဆံုးမ်ိဳးဆက္ျဖစ္ေသာ ဤတိုင္းရင္းသားလူငယ္မ်ားအေနျဖင့္ လက္ရိွေရြးေကာက္ပြဲနိုင္ငံေရးနွင့္ ပါတီနိုင္ငံေရး (electoral politics and party politics)အေပၚ ေမွ်ာ္လင့္ခ်က္ေမွးမိွန္သြားျခင္းႏွင့္ စိတ္ပ်က္လာျခင္းကို မသိက်ိဳးကြ်န္ျပဳပါက တိုင္းျပည္၏ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈျဖစ္စဥ္မွာ မလိုလားအပ္ေသာ အက်ိဳးသက္ေရာက္မႈ ၾကံဳေတြ႔ႏိုင္သည္။

ရခိုင္ျပည္နယ္မွာ ၂၀၁၀ခုႏွစ္မွစ၍ ေရြးေကာက္ပြဲအဆက္ဆက္တိုင္းတြင္ ရခိုင္ပါတီက အျပတ္အသတ္ အနိုင္ရရိွခဲ့ေသာ္လည္း ဖက္ဒရယ္ ဒီမိုကေရစီႏွင့္အညီ ၎ပါတီက ကိုယ့္ျပည္နယ္မွာ အစိုးရဖြဲ႔ခြင့္ႏွင့္ တာ၀န္ယူေဆာင္ရြက္ခြင့္ မရရိွခဲ့သည့္အတြက္ ရခိုင္လူငယ္ခပ္မ်ားမ်ား၏ ေရြးေကာက္ပြဲနိုင္ငံေရးအေပၚ ယံုၾကည္မႈႏွင့္ ေမွ်ာ္လင့္ခ်က္ က်ဆင္းေစၿပီး တက္ၾကြလွႈပ္ရွားသည့္ လူငယ္ခပ္မ်ားမ်ားက ေရြးေကာက္ပြဲလမ္းစဥ္ ကို ေက်ာခိုင္းၿပီး အျခားလမ္းစဥ္ကို ေရြးခ်ယ္ၾကသည္ဟု သိရသည္။ တိုင္းရင္းသားမ်ားအေနျဖင့္ လက္နက္ကိုင္လမ္းစဥ္ကို ၀ါသနာျဖင္႔ေရြးခ်ယ္ျခင္းမဟုတ္ဘဲ အျခားႏိုင္ငံေရးနည္းလမ္းနဲ႔ မျဖစ္နိုင္ေတာ့ဟု ယူဆေသာေၾကာင့္မျဖစ္မေန ကိုင္စြဲလိုက္ျခင္းျဖစ္သည္ဟု ခံယူၾကပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ယံုၾကည္ခဲ့လို့ ပင္လံုစာခ်ဳပ္ကို လက္မွတ္ထိုးေသာ ခ်င္း၊ ကခ်င္၊ ရွမ္းတို့သည္ ပါလီမန္ဒီမိုကေရစီလမ္းေၾကာင္းကို ေရြးေကာက္ပြဲ သံုးႀကိမ္အထိ ယံုယံုၾကည္ၾကည္နွင့္ (လက္နက္ကိုင္လမ္းစဥ္ကို မစဥ္းစားဘဲ) ေလွ်ာက္လွမ္းခဲ့ ပါသည္။ ဆယ္စုႏွစ္တစ္ခုေက်ာ္လာၿပီးမွ ဦးနုဦးေဆာင္သည့္ ပါလီမန္ဒီမိုကေရစီသည္ လူမ်ားစုအာဏာရွင္စနစ္ (Tyranny of Majority)သို႔ ဦးတည္ခဲ့သည္ဟု ခံစားလာခဲ့ၿပီး လူနည္းစုမ်ားအတြက္ ေမွ်ာ္လင့္ခ်က္ (space) က်ဥ္းေျမာင္းလြန္းသည္ဟုခံယူလာခဲ့သည့္အခါ အျခားနည္းလမ္းကို ေရြးခ်ယ္ခဲ့ျခင္းျဖစ္ပါသည္။

NLD၏ ကမ္းလွမ္းခ်က္ ေဆးတစ္ခြတ္ျဖစ္နိုင္မလား

အနိုင္ရပါတီက ဒီမိုကေရစီႏွင့္ ဖက္ဒရယ္တည္ေဆာက္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္နိုင္ရန္ တိုင္းရင္းသားပါတီမ်ားကို စာပို႔ထားၿပီးေနာက္ အမ်ိဳးသားညီညြတ္ေရးအစိုးရကို စဥ္းစားသည္ဟု အမ်ားသိေအာင္ ေျပာၾကားၿပီး တိုင္းရင္းသားပါတီမ်ားႏွင့္ မၾကာခင္(လကုန္ပိုင္း)အတြင္း စတင္ေတြ႔ဆံုေဆြးေႏြး မည္ဟု ေျပာဆိုလာသည့္အေပၚ မိမိအေနျဖင့္ ေအာက္ပါအတိုင္း မွတ္ခ်က္ျပဳမိပါသည္ –

(က) တိုင္းရင္းသားလူငယ္မ်ား၏ နိင္ငံေရးေမွ်ာ္လင့္ခ်က္ ေရွ႕ရႈသင့္။                    NLD ပါတီႏွင့္ တိုင္းရင္းသားပါတီ ေခါင္းေဆာင္မ်ား မၾကာမီေတြ႕ဆုံညိွနိႈင္းသည့္အခါ သက္ႀကီးပိုင္းမ်ားႏွင့္ ထိပ္ပိုင္းေခါင္းေဆာင္မ်ား အခ်င္းခ်င္းၾကား ေျပလည္မႈရယူျခင္း သက္သက္ျဖစ္ပါက ေရရွည္တည္တံ့မည္မဟုတ္ေပ။ တိုင္းရင္းသားပါတီမ်ားကို ၀န္းရံေပးသည့္ တက္ၾကြလူငယ္မ်ားႏွင့္ ပါတီလူငယ္ေခါင္းေဆာင္မ်ား၏ ႏိုင္ငံေရးခံစားခ်က္ႏွင့္ စိတ္ဆႏၵကို အေလးထားသည့္ ညိွႏိႈင္းအေျဖရွာမႈျဖစ္သင့္သည့္။ လူငယ္အုပ္စုမ်ားကို သီးျခားညိွႏိႈင္းမႈ ျပဳလုပ္သင့္သည္။

(ခ) မူ၀ါဒ(စနစ္)အပိုင္းကို အေလးေပးေဆြးေႏြးသင့္။          ၅ ႏွစ္တာကာလအတြင္း တိုင္းရင္းသားေဒသ ဖြံ႔ၿဖိဳးေရးနွင့္ ၿငိမ္းခ်မ္းေရး ပူးေပါင္းေဆာင္ရြက္ေရးအတြက္ တိုင္းရင္းသားပါတီမ်ားႏွင့္ ႏိုင္ငံေရး(အစိုးရ)ရာထူး မွ်ေ၀ေရးသည္ အင္မတန္အေရးပါသည္။ သို႔ေသာ္ ေရရွည္တည္တံ့(sustainable)ေသာ အေျဖရွာမႈ အတြက္ဆိုလွ်င္ တိုင္းရင္းသားမ်ားလိုခ်င္သည့္ နိုင္ငံေရးစနစ္ျပဳျပင္ေျပာင္းလဲမႈနွင့္ ႏို္င္ငံေရးအာမခံခ်က္မ်ားကို ပိုၿပီးအေလးေပး စဥ္းစားေဆာင္ရြက္သင့္သည္။ ထိုအတြက္ လူငယ္မ်ားႏွင့္သီးသန္႔ညိွနိႈင္းမႈျပဳလုပ္သင့္ပါသည္။

(ဂ) တည္ဆဲဥပေဒျပဳျပင္ေျပာင္းလဲေရး အာမခံသင့္။ ၂၀၀၈ ဖြဲစည္းပံုအေျခခံဥပေဒျပင္ဆင္စရာမလိုဘဲ တိုင္းရင္းသားမ်ားလိုလားသည့္ အခြင့္အေရးမ်ားကို အနိုင္ရပါတီက ျပည္ေထာင္စုလႊတ္ေတာ္ႏွင့္ အစိုးရ၏ လုပ္ပိုင္ခြင့္ျဖင့္ အမ်ားအျပား ေဖာ္ေဆာင္ေပးနိုင္ပါသည္။ ဥပမာ- ျပည္နယ္ေန႔နွင့္ ကိုယ့္အမ်ိဳးသားေန႔မ်ား ရံုးပိတ္ရက္ျဖစ္အသိအမွတ္အျပဳေပးျခင္း၊ မိခင္ဘာသာစကားအေျချပဳပညာသင္ၾကားေရးခြင့္ျပဳျခင္း၊ သဘာ၀ သယံဇာတ ခြဲေ၀ေရးႏွင့္ ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ေရးစသည္တို႔ကို အနိုင္ရပါတီက အလြယ္တကူ ေဆာင္ရြက္ေပး နိုင္ပါသည္။ အထူးသျဖင့္ ေရြးေကာက္ပြဲဆိုင္ရာ ဥေပဒမ်ားျဖစ္ေသာ ရက္ေပါင္း (၉၀)ေနထိုင္ရံုျဖင့္ မဲေပးခြင့္ရျခင္း၊ စည္းရံုးေရးကာလ တိုေတာင္းလြန္းျခင္း၊ ျပည္ေထာင္စုႏွင့္ ျပည္နယ္လြတ္ေတာ္ေရြးေကာက္ပြဲ ေပါင္းၿပီး က်င္းပျခင္း၊ နိုင္သူအကုန္ယူစနစ္က်င့္သံုးျခင္း စသည္တို႔ကို ျပန္လည္သံုးသပ္ေပးသင့္ပါသည္။

(ဃ) ပုဒ္မ ၂၆၁ ျပင္ဆင္ေရးအာမခံေပးသင့္။ NLD ပါတီဒုဥကၠ႒ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ပုဒ္မ ၂၆၁ မျပင္ဆင္လိုေၾကာင္း အေၾကာင္းျပရာတြင္ ျပည္နယ္လႊတ္ေတာ္တြင္ တပ္မေတာ္ ၂၅ရာခိုင္နႈန္းရိွသည္ကို အေၾကာင္းျပသည္ကိုေတြ႔ရသည္မွာ အင္မတန္ ၀မ္းနည္းစရာေကာင္းပါသည္။ အမွန္မွာ လက္ရိွ ပါလီမန္စနစ္ (Parliamentary System)ျဖစ္သည့္ အစိုးရကို လႊတ္ေတာ္ကအဆင့္ ေရြးခ်ယ္သည့္ စနစ္အစား သမၼတစနစ္ (ျပည္နယ္အဆင့္မွာ Presidential System အစား Gubernatorial System ဟုသံုးႏႈန္းသည္)ေခၚ လူထုက အစိုးရ (အုပ္ခ်ဳပ္ေရးအႀကီးအကဲ)ကို တိုက္ရိုက္ေရြးခ်ယ္သည့္စနစ္ျဖင့္ ျပင္ဆင္လိုက္ပါက လႊတ္ေတာ္တြင္ထိုင္ေနေသာ တပ္မေတာ္ႏွင့္ ျပည္နယ္အစိုးရဖြဲ႔စည္းေရး မည္သို႔မွ်သက္ဆိုင္ျခင္းရိွမွာမဟုတ္ေပ။ က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရိွေသာ အေၾကာင္းျပခ်က္ျဖစ္ပါသည္။ တပ္မေတာ္ႏွင့္ ၾကံ့ခိုင္ေရးပါတီကျပင္လွ်င္ ျပင္ဆင္ရန္သေဘာတူျပီး ျဖစ္ေသာေၾကာင့္ တိုင္းရင္းသားပါတီမ်ား၏ ေရြးေကာက္ပြဲေမ်ာ္လင့္ခ်က္ လမ္းဖြင့္ေပးရန္ အာမခံသင့္ပါသည္။

(ဃ) ျငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ တြဲခ်ိတ္မႈရိွသင့္။         NLD အစိုးရအေနျဖင့္ တိုင္းရင္းသားပါတီမ်ားနွင့္  အမ်ိဳးသားညီညြတ္ေရးအစိုးရ ဖြဲ႔စည္းရန္ ရည္ရြယ္လွ်င္ျဖစ္ေစ၊ အတိုင္ပင္ခံအဖြဲ႔ဖြဲ႔စည္းလွ်င္ျဖစ္ေစ၊ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီဆိုင္ရာ ကတိက၀တ္ခ်ဳပ္ဆိုလွ်င္ျဖစ္ေစ၊ တိုင္းရင္းသား ပဋိပကၡကို ဖန္တီးေစေသာ အေၾကာင္းအရင္း မ်ား၊ လက္ရိွျပည္တြင္းျငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈျဖစ္စဥ္မ်ားႏွင့္ ဖက္ဒရယ္တည္ေဆာက္ေရးဆိုင္ရာ တိုင္းရင္းသားမ်ား လိုလားသည့္အခ်က္မ်ားႏွင့္ ခ်ိတ္ဆက္မႈရိွၿပီး သဟဇာတျဖစ္ဖုိ႔ အေရးႀကီးပါသည္။

(င) ေခါင္းေခါက္ေရြးသည့္ပံုစံမျဖစ္သင့္။       ၂၀၁၀ခုႏွစ္ ႀကံ့ခိုင္ေရးအစိုးရနွင့္ ၂၀၁၅ခုႏွစ္ NLD အစိုးရ ကာလမွာ တိုင္းရင္းသားပါတီမ်ားထံမွ ၀န္ႀကီးမ်ား ဆြဲေခၚသည့္အခါ သက္ဆိုင္ရာပါတီကို တရား၀င္ ကမ္းလွမ္းၿပီး သူတို႔က ေရြးခ်ယ္ထားသည့္ပုဂၢိဳလ္မ်ားကို ခန္႔အပ္ျခင္းမ်ိဳးမျဖစ္ဘဲ မိမိစိတ္တိုင္းက်ပုဂၢိဳလ္မ်ားကို ေရြးေကာက္ထားသည့္ ပံုစံမ်ိဳးျဖစ္ခဲ့ပါသည္။ ယင္းသည္ အျခားပါတီကုိ ေလးစားမႈမရိွသည့္ “သူ႔လူကို ကိုယ့္လူ ျဖစ္ေအာင္ စည္းရံုးသိမ္းသြင္းျခင္း”နည္းလမ္းသာျဖစ္ၿပီး တိုင္းရင္းသားပါတီအတြင္း ေသြးကြဲမႈ ႀကီးထြားေစရံုသာ အဖက္တင္ ေလ့ရိွပါသည္။ ယင္းကို သိရိွနားလည္ေသာ ရွမ္းပါတီ(SNLD)ပါတီက ျငင္းဆန္ခဲ့သည္ကို ေတြ႔ရိွရပါသည္။ သို႔ျဖစ္၍ ေနာက္ေနာင္တြင္ အျခားပါတီထဲဲကသူကို ခန္႔အပ္လိုပါက သက္ဆိုင္ရာပါတီႏွင့္ ညိွႏိႈင္းသင့္ပါသည္။

(စ) တိုင္းရင္းသားပါတီမ်ား ႀကိဳတင္ျပင္ဆင္သင့္။      NLD ဘက္မွ အေသးစိတ္ကမ္းလွမ္းမႈမရိွေသးေသာ္လည္း တိုင္းရင္းသားပါတီမ်ားဘက္မွ ျပင္ဆင္မႈတစ္ခ်ိဳ႕လုပ္သင့္ပါသည္။ တစ္ပါတီခ်င္းစီျဖင့္ ျပင္ဆင္မႈသည္ လြယ္ကူမည္ျဖစ္ေသာ္လည္း  ကိုဗစ္ကန္႔သတ္ကာလတြင္ အစုအဖြဲ႔အလိုက္ (UNA, NBF ႏွင့္ ၅ပါတီေပါင္းစည္း စသည္ျဖင့္) ညိွႏိႈင္းမႈႏွင့္ ၄၈ ပါတီစလံုး ညိွနိႈင္းသေဘာထားစုစည္းမႈမ်ိဳး လုပ္ေဆာင္ဖို႔ အခ်ိန္ယူရမွာျဖစ္ပါသည္။ ၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္အေရးသည္ တစ္ပါတီခ်င္းႏွင့္ လူမ်ိဳးတစ္မ်ိဳးခ်င္းျဖင့္ အျပီးသတ္ေဖာ္ေဆာင္လို႔ရ သည့္အရာမဟုတ္ဘဲ စုေပါင္းညိွနိႈင္းမႈသည္ မျဖစ္မေနလိုအပ္ပါသည္။