• Today is: Saturday, July 11, 2020

NLD ၏ အေျခခံဥပေဒ ျပင္ဆင္ေရးတင္ျပခ်က္ တိုင္းရင္းသားမ်ား၏ ႏွလံုးသား တို႔ထိသလား

Federal Journal
June24/ 2020

Zawgyi

NLD အေနျဖင့္ တိုင္းရင္းသားအေရး၊ ဖက္ဒရယ္ အေရးကို အျပည့္အဝဆာင္ရြက္ေပးႏိုင္မည့္ မူဝါဒထားရွိ သည္ဟု ၂၀၁၅ ေရြးေကာက္ပြဲမွာ မဲဆြယ္စည္း႐ံုးခဲ့ရာ တိုင္းရင္းသားေဒသမွာ မဲအမ်ားစု သိမ္းက်ံဳးရခဲ့သည္။ တခ်ိဳ႕တိုင္းရင္းသားပါတီအားေပးသူမ်ားက သံသယျဖင့္ ေစာင့္ၾကည့္ၾကသည္။ တိုင္းရင္းသားအေရး၊ ဖက္ဒရယ္ အေရး၊ ၿငိမ္းခ်မ္းေရးသည္ ၿခံဳငံုေျပာရလွ်င္ ဖြဲ႕စည္းပံုအေျခခံ ဥပေဒအေရး (constitutional matter) ျဖစ္သည္။ ထို႔ေၾကာင့္ NLD ပါတီက တိုင္းရင္းသားမ်ားလိုလားသည့္ မူဝါဒ အမွန္ တကယ္ ရွိ/မရွိသည္ သူ၏ အေျခခံဥပေဒဆိုင္ရာ မူဝါဒ အဆိုျပဳခ်က္မွာ အျငင္းပြားစရာမရွိ ေပၚလြင္ပါၿပီ။

ဖြဲ႕စည္းပံုအေျခခံဥပေဒႏွင့္ပတ္သက္၍ ၁၉၄၇ ခုႏွစ္ တြင္ ေတာင္တန္းသားမ်ား စည္းလံုး ညီညြတ္ေရးအဖြဲ႕ (SCOUHP)က အခ်က္ (၇)ခ်က္ကို တင္ျပခဲ့ၿပီး ၁၉၆၁ ခုႏွစ္တြင္ ေတာင္ႀကီး ညီလာခံမွာ ျပည္နယ္မ်ား ညီညြတ္ေရးအဖြဲ႔က မူ(၅)ခ်က္ကို သေဘာတူတင္ျပခဲ့ပါသည္။ လက္ရွိ အေျခခံဥပေဒျပင္ဆင္ေရး(၄၅)ဦး ေကာ္မတီ မွာ တိုင္းရင္းသားပါတီမ်ားက အခ်က္ေပါင္း ေထာင္ ဂဏန္းတင္သြင္းခဲ့သည္ဆိုေသာ္လည္း ဖက္ဒရယ္ အဂၤါရပ္ႏွင့္ တိုင္းရင္းသားမ်ား အစဥ္အဆက္ ေတာင္း ဆိုခဲ့သည့္အဓိကက႑ သို႔မဟုတ္ မူ ဆိုလို႔ (၁၂)ခ်က္ ခန္႔ျဖင့္ စုစည္းလို႔ရပါသည္။ ယင္းအခ်က္မ်ားအေပၚ NLD က ဘယ္ေလာက္အထိ ထည့္သြင္းစဥ္းစားေပးသ လဲ၊ အေျပာႏွင့္ လက္ေတြ႕ဘယ္ေလာက္ ညီညြတ္သလဲ ေလ့လာၾကည့္ရေအာင္….

ႏိုင္ငံေတာ္အမည္၊ ပုဒ္မ(၂)ရခိုင္(ANP)ပါတီ၊ ရွမ္း(SNLD)ႏွင့္ အျခားတိုင္းရင္းသားပါတီအမ်ားစုက ႏိုင္ငံအမည္နာမတြင္ ]ဖက္ဒရယ္}ဆိုသည့္ စကားရပ္ ကိုျဖည့္စြက္ရန္ အဆိုျပဳေဆြးေႏြးၾကေသာ္လည္း NLD က ေဆြးေႏြးျခင္းမရွိ။ ထို႔ျပင္ ႏိုင္ငံေရးစနစ္(ပုဒ္မ-၈)ႏွင့္ပတ္သက္၍ တိုင္းရင္းသားပါတီမ်ားက “ဖက္ဒရယ္ ဒီမိုကေရစီ”ဟု ဖက္ဒရယ္စကားရပ္ကို ေရွ႕မွာထားခ်င္ ၾကေသာ္လည္း NLD က ဒီမိုကေရစီစကားရပ္ကို ေရွ႕မွာထားရွိလိုသည္။
ႏိုင္ငံဖြဲ႕စည္းတည္ေဆာက္ပံု (ျပည္နယ္မူ)၊ ပုဒ္မ(၉)(၄၉)တိုင္းရင္းသားပါတီအမ်ားစုက လူမ်ိဳးႏွင့္ လူမ်ိဳးမ်ား အေျခခံ၍ ျပည္နယ္ (Constituent Unit) ဖြဲ႕စည္းရန္အဆိုျပဳေဆြးေႏြးၾကသည္။ သို႔ေသာ္ NLD ပါတီ က မွတ္ခ်က္ တစံုတစ္ရာမျပဳျခင္းျဖင့္ လက္ရွိ ပံုသ႑ာန္ကို သေဘာက်ေၾကာင္းျပသသြားသည္။ အေသးစိတ္အားျဖင့္ ရွမ္း (SNLD)က လူမ်ိဳးႀကီး(၈)မ်ိဳးကိုအေျခခံေသာ (၈)ျပည္နယ္မူကိုတင္ျပၿပီး မြန္ပါ တီ (MNP)က အမ်ိဳးသား (၈) ျပည္နယ္ႏွင့္ တနသၤာရီ၊ ပဲခူး၊ ရန္ကုန္ႏွင့္ ဧရာဝတီ အမ်ိဳးသားမ်ား(၄)ျပည္ နယ္၊ စုစုေပါင္းျပည္နယ္ (၁၂)ခုမူကို တင္ျပခဲ့သည္။ (SNLD က ျပည္နယ္ဖြဲ႕စည္းပံုအေျခခံ ဥပေဒ သီးျခား ထားရွိခြင့္ကိုလည္း အဆိုျပဳသည္)။

ခြဲမတြက္ရ၊ ပုဒ္မ(၁၀)တိုင္းရင္းသားပါတီမ်ား က ယင္းပုဒ္မကို ပယ္ဖ်က္ဖို႔ အဆိုျပဳၾကသည္။ ပုဒ္မ (၂၀)(င)မွာ ျပ႒ာန္းသည့္ ဒို႔တာဝန္အေရး(၃)ပါးတြင္ ျပည္ေထာင္စုမၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးတို႔ ထည့္သြင္းထားၿပီးျဖစ္သည့္ အတြက္ ဤကဲ့သို႔ေသာ အႏႈတ္လကၡဏာေဆာင္သည့္ ကန္႔သတ္ခ်က္မႈသည္ အပိုျဖစ္ေသာေၾကာင့္ ျဖစ္သည္။ ၄င္းသည္ လက္ရွိၿငိမ္းခ်မ္းေရးကို တစ္ဆို႔ေစသည့္ အခ်က္တစ္ခုလည္းျဖစ္ေလရာ NLD အေနျဖင့္ သေဘာထားတင္ျပျခင္းမရွိျခင္းမွာ တပ္မေတာ္ႏွင့္ ႀကံ့ခိုင္ေရးပါတီႏွင့္ တသေဘာတည္းျဖစ္ေၾကာင္း ျပသရာေရာက္သြားသည္။

ေျမပိုင္ဆိုင္ခြင့္၊ ပုဒ္မ(၃၇)ဤပုဒ္မေၾကာင့္ လက္ရွိအခ်ိန္ ႏိုင္ငံသားမ်ား/တိုင္းရင္းသားမ်ား ေျမပိုင္ဆိုင္ခြင့္မရွိ ျဖစ္ေနရျခင္းျဖစ္သည္။ ၂၀၁၇ခုႏွစ္၊ မတ္လ(၂၉)တြင္ ခ်ဳပ္ဆိုေသာ ၂၁ ရာစုပင္လံု၏ ျပည္ ေထာင္စုသေဘာတူ စာခ်ဳပ္အပိုင္း(၁)မွာ ႏိုင္ငံ သားတိုင္း ေျမယာပိုင္ဆိုင္ခြင့္ကို ထည့္သြင္းထားၿပီး ျဖစ္ေသာ္လည္း NLD အေနျဖင့္ ေဆြးေႏြးရပ္တည္ ေပးရန္ပ်က္ကြက္ေနဆဲျဖစ္သည္။ ရွမ္းပါတီက ျပည္ နယ္သားမ်ားပိုင္ဆိုင္မႈဟု တင္ျပၿပီး မြန္ပါတီက တိုင္း ရင္းသားျပည္သူလူထုသည္ ပိုင္ရွင္ျဖစ္သည္ဟု အသီး သီးတင္ျပၾကသည္။ တိုင္းရင္းသားမ်ားအေနျဖင့္ ႏိုင္ငံ သားေျမပိုင္ဆိုင္ခြင့္သက္သက္မဟုတ္ဘဲ တိုင္းရင္း သားေျမပိုင္ ဆိုင္ခြင့္ကိုပါ အာမခံရလိုသည္။

ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္၊ ပုဒ္မ(၇၄၊ ၇၇၊ ၈၀) တိုင္းရင္းသားမ်ားက ျပည္ေထာင္စုမွာ အာဏာ တူေပးသည့္ လႊတ္ေတာ္(၂)ရပ္ စနစ္ထား ရွိေရးကို လိုလားၾကသည္။ ယခု ၂၀ဝ၈ေျခ-ဥသည္ လက္ေတြ႕တြင္ လႊတ္ေတာ္(၃)ရပ္သဖြယ္ျဖစ္ၿပီး ျပည္ ေထာင္စုလႊတ္ေတာ္ ထားရွိျခင္းျဖင့္ တိုင္းရင္းသားမ်ား အားကိုးေသာ အမ်ိဳးသား လႊတ္ေတာ္ကို ေလျဖတ္ ေအာင္လုပ္ထားသလိုျဖစ္သည္။ ထို႔ေၾကာင့္တိုင္းရင္း သားပါတီမ်ားက ယင္းအလႊာကို ျပင္ဆင္ရန္ တင္ျပ ထားၾကေသာ္လည္း ထံုးစံအတိုင္း NLD က ေဆြးေႏြး ျခင္း လံုးဝမျပဳေပ။

ျပည္နယ္အစိုးရဖြဲ႕စည္းခြင့္၊ ပုဒ္မ(၂၆၁)— ကိုယ့္ ျပည္နယ္က ကိုယ့္ျပည္နယ္အစိုးရလြတ္လပ္စြာ ေရြးခ်ယ္ခြင့္ကို ဤပုဒ္မျဖင့္ ပိတ္ျပင္ထားၿပီး ဗဟိုမွ သမၼတက တစ္ျပည္ ေထာင္စနစ္ျဖင့္ ေရြးခ်ယ္ခန္႔အပ္ သည္။ ယင္းသည္ ဖက္ဒရယ္စနစ္ႏွင့္ဆန္႔က်င္ၿပီး တိုင္းရင္းသားမ်ား ကိုယ္ပိုင္ျပ႒ာန္းခြင့္ကို ပိတ္ပင္ ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ တိုင္းရင္းသားပါတီမ်ား အပါအဝင္ ႀကံ့ခိုင္ေရးပါတီႏွင့္ တပ္မေတာ္ကိုယ္တိုင္ ျပင္ဆင္သင့္ၿပီဟု အဆိုျပဳၾကၿပီးျဖစ္ေသာ္လည္း NLD က တစ္ခြန္းတစ္ပါဒမွ ေဆြးေႏြးျခင္း မရွိေျခ။

ၿမိဳ႕နယ္ႏွင့္ ခ႐ိုင္ အုပ္ခ်ဳပ္ေရး၊ ပုဒ္မ(၂၈၈) ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ေရးအတြက္ အကၡရာက်သည့္ ၿမိဳ႕နယ္ႏွင့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးကို လက္ရွိေထြအုပ္ဌာန အစား လူထုတိုက္႐ိုက္ ေရြးေကာက္သည့္ စနစ္ျဖင့္ ေျပာင္းလဲရန္ အျခားပါတီမ်ားက အဆိုျပဳၾကေသာ္ လည္း ဗဟိုအစိုးရအာဏာကို ေနာင္အစိုးရမ်ားတြင္ ဆက္လက္ခ်ဳပ္ကိုင္ရန္ ယံုၾကည္မႈရွိေသာ ေျပာင္းလဲ ခ်ိန္တန္ၿပီအစိုးရအေနျဖင့္ ေျပာင္းလဲလို ျခင္း မရွိေပ။ ပကတိအေနအထားကို အသားက်ဟန္ တူသည္။

႐ံုးသံုးဘာသာစကား၊ ပုဒ္မ(၄၅၀) လက္ရွိတြင္ ျမန္မာစာ(ဗမာစာ)တစ္ခုတည္းကိုသာ ႐ံုးသံုးစာအျဖစ္ အသိအမွတ္ျပဳသည္။ အျခားတိုင္းရင္းသားဘာသာ စကားမ်ားကို အသိအမွတ္မျပဳပါ။ ထို႔ေၾကာင့္ ရွမ္း (SNLD) ႏွင့္ ရခိုင္(ANP)ပါတီတို႔က အိႏိၵယႏိုင္ငံကဲ့သို႔ (၃)ဘာသာ ႐ံုးသံုးစာစနစ္မ်ိဳးကို တင္ျပၾကသည္။ ျမန္မာ(ဗမာ)၊ အဂၤလိပ္ႏွင့္ ျပည္နယ္ရွင္ဘာသာစကား မ်ား စသည္ျဖင့္။ NLD သည္ လက္ရွိစနစ္ကို ေစာဒက မတက္ေပ။

ဘာသာေရး၊ ပုဒ္မ(၃၆၁၊ ၃၆၃) ဤပုဒ္မမ်ား သည္ ဦးႏု၏ အေမြဆိုးမ်ားျဖစ္သည္။ ဒီမိုကေရစီႏိုင္ငံ မ်ားတြင္ သာသနာေရးဝန္ႀကီးဌာနထားရွိ ႐ိုးထံုးစံမရွိ။ ဘာသာေရးဘက္လိုက္မႈ မရွိသင့္။ NCA စာခ်ဳပ္ အပိုဒ္(၁)(င) မွာလည္း ‘ဘာသာေရးႏွင့္ ႏိုင္ငံေရး ေရာယွက္ျခင္းမရွိေသာ ႏိုင္ငံေတာ္ တည္ေဆာက္ရန္’ဟု အတိအလင္း ေဖာ္ျပထားၿပီးျဖစ္သည္။ ရွမ္းပါတီက ပုဒ္မ(၃၆၁)၏ ဗုဒၶဘာသာကို ဂုဏ္ထူးဝိေသသျဖင့္ ျပည့္စံုေသာ (special position)ဆိုသည့္စကားရပ္အား ပယ္ဖ်က္ရန္အဆိုျပဳၿပီး ကခ်င္ပါတီ(KSDP)က ပုဒ္မ (၃၆၃)ကို ပယ္ဖ်က္ရန္ အဆိုျပဳသည္။ သို႔ေသာ္ NLD က ေရငံုႏႈတ္ပိတ္ေနရသည္။

အေျခခံဥပဒျပင္ဆင္ေရး၊ ပုဒ္မ(၄၃၆) စစ္မွန္ ေသာ ဖက္ဒရယ္စနစ္က်င့္သံုးသည့္ႏိုင္ငံအမ်ားစု (အေမရိကန္၊ ကေနဒါ၊ ဆြစ္ဇလန္၊ ဩစေတးလ်၊ ေတာင္အာဖရိက စသည့္မ်ား)တြင္ အေျခခံဥပေဒ ျပင္ဆင္ေရးမွာ ျပည္ေထာင္စု(ဗဟို)လႊတ္ေတာ္ဆံုး ျဖတ္ခ်က္သက္သက္ျဖင့္ မၿပီးျပတ္ေစဘဲ ျပည္နယ္ အမ်ားစု(လႊတ္ေတာ္)၏ သေဘာတူညီခ်က္ရရွိရန္ လိုအပ္ပါသည္။ လူဦးေရအမ်ားစုက ႀကိဳက္သလို ျခယ္လွယ္ႏိုင္ေျခကို ထိုနည္းျဖင့္ ထိန္းေၾကာင္းျခင္း ျဖစ္သည္။ ယင္းအခ်က္သည္ လက္ရွိျမန္မာႏိုင္ငံမွာ အထူးအေရးႀကီးပါသည္။ NLD အေနျဖင့္ ထည့္သြင္း စဥ္းစားေပးျခင္းမရွိေပ။

ၾကြင္းက်န္အာဏာ၊ ပုဒ္မ(၉၈) ဖက္ဒရယ္ႏိုင္ငံ အမ်ားစုတြင္ ျြကင္းက်န္အာဏာကို ျပည္နယ္ (Subunit) မ်ားကို အပ္ႏွင္းေလ့ရွိသည္။ သို႔ေသာ္ ၂၀ဝ၈ ေျခ-ဥတြင္ ဗဟိုကို ေပးထားသည္။ တိုင္းရင္းသား ေခါင္းေဆာင္မ်ားက ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ဦးႏု တို႔ေခတ္ကတည္းက ျြကင္းက်န္အာဏာကို ျပည္နယ္ မ်ားကိုေပးဖို႔ တစိုက္မတ္မတ္ေတာင္းဆိုခဲ့သည္ႏွင့္ အညီ ယခုတြင္လည္း တိုင္းရင္းသားပါတီမ်ားက ထိုသို႔ အဆိုျပဳ ေဆြးေႏြးၾကေသာ္လည္း NLD ကမူ ႏႈတ္ ဆိတ္ေနခဲ့ပါသည္။

ဥပေဒျပဳစာရင္း၊ ဇယား(၁)(၂)(၃)(၅) ဖက္ဒရယ္စနစ္အရ ျပည္နယ္/ဗဟိုအာဏာခြဲေဝေရး တြင္ လက္ေတြ႕အက်ဆံုးျဖစ္သည့္ ဤဥပေဒျပဳ ဇယားမ်ားတြင္ လက္ရွိမွာ ဗဟိုက အဆီအႏွစ္ ၉၉ ရာခိုင္ႏႈန္းနီးပါးကို ထိန္းခ်ဳပ္ၿပီး ဇယား(၁)တြင္ ထည့္သြင္းပါသည္။ ျပည္နယ္မ်ားကို စည္ပင္၊ ယစ္မ်ိဳး ခြန္၊ ေက်ာက္ေသြးခြင့္ စသည့္ အကိုင္းအခက္မ်ားသာ အပ္ႏွင္းထားသည္။ ထို႔ေၾကာင့္ ရွမ္း (SNLD) ပါတီက ဗဟို(ျပည္ေထာင္စု)ဥပေဒျပဳစာရင္း အခ်က္ေပါင္း (၁၅၀)ေက်ာ္ထဲက (၅၄)ခ်က္ကို ပယ္ဖ်က္ရန္ႏွင့္ ၎ကို ျပည္နယ္ဥပေဒျပဳစာရင္းတြင္ (၁၆)ခ်က္၊ ပူးတြဲ ဥပေဒျပဳစာရင္း (concurrent list)တြင္ (၂၇)ခ်က္၊ ျပည္နယ္ အခြန္ဇယား(၅)တြင္ (၃)ခ်က္ စသည္ ျဖင့္ အသီးသီး ျဖည့္စြက္အဆိုျပဳသည္။ မြန္၊ ရခိုင္ႏွင့္ အျခားတိုင္းရင္းသားပါတီမ်ားကလည္း အလားတူ ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်သည့္ အခ်က္မ်ားမ်ားကို တင္ျပၾကသည္။ ထိုအခ်က္မ်ားတြင္ တိုင္းရင္းသားမ်ား လိုလားေသာ သယံဇာတခြဲေဝမႈ၊ ပညာေရး (မိခင္ တိုင္းရင္းသား ဘာသာစကား အေျချပဳပညာ သင္ ၾကားေရး) စသည္တို႔လည္းပါဝင္သည္။ သို႔ေသာ္ NLD က တစ္ခ်က္မွ တင္ျပျခင္းမျပဳ။

ျခံဳငံုသံုးသပ္လွ်င္ လက္ရွိ NLD ၏ (၁၁၄)ခ်က္ပါ ေျခဥျပင္ဆင္ေရး အဆိုျပဳခ်က္မ်ားသည္ ဒီမိုကေရစီေရး၊ တပ္မေတာ္အေရး၊ ပါတီတစ္ခုခါင္း ေဆာင္ ေႏွာင္ႀကိဳး ေျပေစေရးႏွင့္ သမၼတက႑တို႔ကို သာ ထည့္သြင္းစဥ္းစားၿပီး တိုင္းရင္းသားမ်ားအေရးႏွင့္ ဖက္ဒရယ္အေျခခံဥပေဒ ပံုေဖာ္ေရးအပိုင္းကို မ်က္ ကြယ္ျပဳထားပါသည္။ တပ္မေတာ္ကို မ်က္ႏွာပူလို႔ လားဆိုေတာ့လည္း တပ္ခ်ဳပ္ကိုယ္တိုင္ ျပင္သင့္ ေၾကာင္း တရားဝင္ေျပာထားသည့္ ပုဒ္မ(၂၆၁)ကိုပင္ မ်က္ႏွာလႊဲခ်ေနျပန္ေရာ။ သို႔တည္းမဟုတ္ NLD ၏ ေျပာင္းလဲခ်ိန္တန္ၿပီ မူဝါဒလမ္းစဥ္မွာ တိုင္းရင္းသား အေရးကို အစကတည္းက ထိန္ခ်န္ခဲ့ေလသလား။

ဆလိုင္းက်ဲအိုဘိခ္ေထာင္

 

Unicode

NLD အနေဖြင့် တိုင်းရင်းသားအရေး၊ ဖက်ဒရယ် အရေးကို အပြည့်အဝဆာင်ရွက်ပေးနိုင်မည့် မူဝါဒထားရှိ သည်ဟု ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးခဲ့ရာ တိုင်းရင်းသားဒေသမှာ မဲအများစု သိမ်းကျုံးရခဲ့သည်။ တချို့တိုင်းရင်းသားပါတီအားပေးသူများက သံသယဖြင့် စောင့်ကြည့်ကြသည်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် အရေး၊ ငြိမ်းချမ်းရေးသည် ခြုံငုံပြောရလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရေး (constitutional matter) ဖြစ်သည်။ ထို့ကြောင့် NLD ပါတီက တိုင်းရင်းသားများလိုလားသည့် မူဝါဒ အမှန် တကယ် ရှိ/မရှိသည် သူ၏ အခြေခံဥပဒေဆိုင်ရာ မူဝါဒ အဆိုပြုချက်မှာ အငြင်းပွားစရာမရှိ ပေါ်လွင်ပါပြီ။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ် တွင် တောင်တန်းသားများ စည်းလုံး ညီညွတ်ရေးအဖွဲ့ (SCOUHP)က အချက် (၇)ချက်ကို တင်ပြခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် တောင်ကြီး ညီလာခံမှာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က မူ(၅)ချက်ကို သဘောတူတင်ပြခဲ့ပါသည်။ လက်ရှိ အခြေခံဥပဒေပြင်ဆင်ရေး(၄၅)ဦး ကော်မတီ မှာ တိုင်းရင်းသားပါတီများက အချက်ပေါင်း ထောင် ဂဏန်းတင်သွင်းခဲ့သည်ဆိုသော်လည်း ဖက်ဒရယ် အင်္ဂါရပ်နှင့် တိုင်းရင်းသားများ အစဉ်အဆက် တောင်း ဆိုခဲ့သည့်အဓိကကဏ္ဍ သို့မဟုတ် မူ ဆိုလို့ (၁၂)ချက် ခန့်ဖြင့် စုစည်းလို့ရပါသည်။ ယင်းအချက်များအပေါ် NLD က ဘယ်လောက်အထိ ထည့်သွင်းစဉ်းစားပေးသ လဲ၊ အပြောနှင့် လက်တွေ့ဘယ်လောက် ညီညွတ်သလဲ လေ့လာကြည့်ရအောင်….

နိုင်ငံတော်အမည်၊ ပုဒ်မ(၂)ရခိုင်(ANP)ပါတီ၊ ရှမ်း(SNLD)နှင့် အခြားတိုင်းရင်းသားပါတီအများစုက နိုင်ငံအမည်နာမတွင် ]ဖက်ဒရယ်}ဆိုသည့် စကားရပ် ကိုဖြည့်စွက်ရန် အဆိုပြုဆွေးနွေးကြသော်လည်း NLD က ဆွေးနွေးခြင်းမရှိ။ ထို့ပြင် နိုင်ငံရေးစနစ်(ပုဒ်မ-၈)နှင့်ပတ်သက်၍ တိုင်းရင်းသားပါတီများက “ဖက်ဒရယ် ဒီမိုကရေစီ”ဟု ဖက်ဒရယ်စကားရပ်ကို ရှေ့မှာထားချင် ကြသော်လည်း NLD က ဒီမိုကရေစီစကားရပ်ကို ရှေ့မှာထားရှိလိုသည်။
နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ (ပြည်နယ်မူ)၊ ပုဒ်မ(၉)(၄၉)တိုင်းရင်းသားပါတီအများစုက လူမျိုးနှင့် လူမျိုးများ အခြေခံ၍ ပြည်နယ် (Constituent Unit) ဖွဲ့စည်းရန်အဆိုပြုဆွေးနွေးကြသည်။ သို့သော် NLD ပါတီ က မှတ်ချက် တစုံတစ်ရာမပြုခြင်းဖြင့် လက်ရှိ ပုံသဏ္ဍာန်ကို သဘောကျကြောင်းပြသသွားသည်။ အသေးစိတ်အားဖြင့် ရှမ်း (SNLD)က လူမျိုးကြီး(၈)မျိုးကိုအခြေခံသော (၈)ပြည်နယ်မူကိုတင်ပြပြီး မွန်ပါ တီ (MNP)က အမျိုးသား (၈) ပြည်နယ်နှင့် တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီ အမျိုးသားများ(၄)ပြည် နယ်၊ စုစုပေါင်းပြည်နယ် (၁၂)ခုမူကို တင်ပြခဲ့သည်။ (SNLD က ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ သီးခြား ထားရှိခွင့်ကိုလည်း အဆိုပြုသည်)။

ခွဲမတွက်ရ၊ ပုဒ်မ(၁၀)တိုင်းရင်းသားပါတီများ က ယင်းပုဒ်မကို ပယ်ဖျက်ဖို့ အဆိုပြုကြသည်။ ပုဒ်မ (၂၀)(င)မှာ ပြဋ္ဌာန်းသည့် ဒို့တာဝန်အရေး(၃)ပါးတွင် ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ ထည့်သွင်းထားပြီးဖြစ်သည့် အတွက် ဤကဲ့သို့သော အနှုတ်လက္ခဏာဆောင်သည့် ကန့်သတ်ချက်မှုသည် အပိုဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် လက်ရှိငြိမ်းချမ်းရေးကို တစ်ဆို့စေသည့် အချက်တစ်ခုလည်းဖြစ်လေရာ NLD အနေဖြင့် သဘောထားတင်ပြခြင်းမရှိခြင်းမှာ တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီနှင့် တသဘောတည်းဖြစ်ကြောင်း ပြသရာရောက်သွားသည်။

မြေပိုင်ဆိုင်ခွင့်၊ ပုဒ်မ(၃၇)ဤပုဒ်မကြောင့် လက်ရှိအချိန် နိုင်ငံသားများ/တိုင်းရင်းသားများ မြေပိုင်ဆိုင်ခွင့်မရှိ ဖြစ်နေရခြင်းဖြစ်သည်။ ၂၀၁၇ခုနှစ်၊ မတ်လ(၂၉)တွင် ချုပ်ဆိုသော ၂၁ ရာစုပင်လုံ၏ ပြည် ထောင်စုသဘောတူ စာချုပ်အပိုင်း(၁)မှာ နိုင်ငံ သားတိုင်း မြေယာပိုင်ဆိုင်ခွင့်ကို ထည့်သွင်းထားပြီး ဖြစ်သော်လည်း NLD အနေဖြင့် ဆွေးနွေးရပ်တည် ပေးရန်ပျက်ကွက်နေဆဲဖြစ်သည်။ ရှမ်းပါတီက ပြည် နယ်သားများပိုင်ဆိုင်မှုဟု တင်ပြပြီး မွန်ပါတီက တိုင်း ရင်းသားပြည်သူလူထုသည် ပိုင်ရှင်ဖြစ်သည်ဟု အသီး သီးတင်ပြကြသည်။ တိုင်းရင်းသားများအနေဖြင့် နိုင်ငံ သားမြေပိုင်ဆိုင်ခွင့်သက်သက်မဟုတ်ဘဲ တိုင်းရင်း သားမြေပိုင် ဆိုင်ခွင့်ကိုပါ အာမခံရလိုသည်။

ပြည်ထောင်စုအဆင့် လွှတ်တော်၊ ပုဒ်မ(၇၄၊ ၇၇၊ ၈၀) တိုင်းရင်းသားများက ပြည်ထောင်စုမှာ အာဏာ တူပေးသည့် လွှတ်တော်(၂)ရပ် စနစ်ထား ရှိရေးကို လိုလားကြသည်။ ယခု ၂၀ဝ၈ခြေ-ဥသည် လက်တွေ့တွင် လွှတ်တော်(၃)ရပ်သဖွယ်ဖြစ်ပြီး ပြည် ထောင်စုလွှတ်တော် ထားရှိခြင်းဖြင့် တိုင်းရင်းသားများ အားကိုးသော အမျိုးသား လွှတ်တော်ကို လေဖြတ် အောင်လုပ်ထားသလိုဖြစ်သည်။ ထို့ကြောင့်တိုင်းရင်း သားပါတီများက ယင်းအလွှာကို ပြင်ဆင်ရန် တင်ပြ ထားကြသော်လည်း ထုံးစံအတိုင်း NLD က ဆွေးနွေး ခြင်း လုံးဝမပြုပေ။

ပြည်နယ်အစိုးရဖွဲ့စည်းခွင့်၊ ပုဒ်မ(၂၆၁)— ကိုယ့် ပြည်နယ်က ကိုယ့်ပြည်နယ်အစိုးရလွတ်လပ်စွာ ရွေးချယ်ခွင့်ကို ဤပုဒ်မဖြင့် ပိတ်ပြင်ထားပြီး ဗဟိုမှ သမ္မတက တစ်ပြည် ထောင်စနစ်ဖြင့် ရွေးချယ်ခန့်အပ် သည်။ ယင်းသည် ဖက်ဒရယ်စနစ်နှင့်ဆန့်ကျင်ပြီး တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပိတ်ပင် ခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ အပါအဝင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်ကိုယ်တိုင် ပြင်ဆင်သင့်ပြီဟု အဆိုပြုကြပြီးဖြစ်သော်လည်း NLD က တစ်ခွန်းတစ်ပါဒမှ ဆွေးနွေးခြင်း မရှိခြေ။

မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေး၊ ပုဒ်မ(၂၈၈) ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအတွက် အက္ခရာကျသည့် မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးကို လက်ရှိထွေအုပ်ဌာန အစား လူထုတိုက်ရိုက် ရွေးကောက်သည့် စနစ်ဖြင့် ပြောင်းလဲရန် အခြားပါတီများက အဆိုပြုကြသော် လည်း ဗဟိုအစိုးရအာဏာကို နောင်အစိုးရများတွင် ဆက်လက်ချုပ်ကိုင်ရန် ယုံကြည်မှုရှိသော ပြောင်းလဲ ချိန်တန်ပြီအစိုးရအနေဖြင့် ပြောင်းလဲလို ခြင်း မရှိပေ။ ပကတိအနေအထားကို အသားကျဟန် တူသည်။

ရုံးသုံးဘာသာစကား၊ ပုဒ်မ(၄၅၀) လက်ရှိတွင် မြန်မာစာ(ဗမာစာ)တစ်ခုတည်းကိုသာ ရုံးသုံးစာအဖြစ် အသိအမှတ်ပြုသည်။ အခြားတိုင်းရင်းသားဘာသာ စကားများကို အသိအမှတ်မပြုပါ။ ထို့ကြောင့် ရှမ်း (SNLD) နှင့် ရခိုင်(ANP)ပါတီတို့က အိန္ဒိယနိုင်ငံကဲ့သို့ (၃)ဘာသာ ရုံးသုံးစာစနစ်မျိုးကို တင်ပြကြသည်။ မြန်မာ(ဗမာ)၊ အင်္ဂလိပ်နှင့် ပြည်နယ်ရှင်ဘာသာစကား များ စသည်ဖြင့်။ NLD သည် လက်ရှိစနစ်ကို စောဒက မတက်ပေ။

ဘာသာရေး၊ ပုဒ်မ(၃၆၁၊ ၃၆၃) ဤပုဒ်မများ သည် ဦးနု၏ အမွေဆိုးများဖြစ်သည်။ ဒီမိုကရေစီနိုင်ငံ များတွင် သာသနာရေးဝန်ကြီးဌာနထားရှိ ရိုးထုံးစံမရှိ။ ဘာသာရေးဘက်လိုက်မှု မရှိသင့်။ NCA စာချုပ် အပိုဒ်(၁)(င) မှာလည်း ‘ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်ခြင်းမရှိသော နိုင်ငံတော် တည်ဆောက်ရန်’ဟု အတိအလင်း ဖော်ပြထားပြီးဖြစ်သည်။ ရှမ်းပါတီက ပုဒ်မ(၃၆၁)၏ ဗုဒ္ဓဘာသာကို ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသော (special position)ဆိုသည့်စကားရပ်အား ပယ်ဖျက်ရန်အဆိုပြုပြီး ကချင်ပါတီ(KSDP)က ပုဒ်မ (၃၆၃)ကို ပယ်ဖျက်ရန် အဆိုပြုသည်။ သို့သော် NLD က ရေငုံနှုတ်ပိတ်နေရသည်။

အခြေခံဥပဒပြင်ဆင်ရေး၊ ပုဒ်မ(၄၃၆) စစ်မှန် သော ဖက်ဒရယ်စနစ်ကျင့်သုံးသည့်နိုင်ငံအများစု (အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇလန်၊ ဩစတေးလျ၊ တောင်အာဖရိက စသည့်များ)တွင် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြည်ထောင်စု(ဗဟို)လွှတ်တော်ဆုံး ဖြတ်ချက်သက်သက်ဖြင့် မပြီးပြတ်စေဘဲ ပြည်နယ် အများစု(လွှတ်တော်)၏ သဘောတူညီချက်ရရှိရန် လိုအပ်ပါသည်။ လူဦးရေအများစုက ကြိုက်သလို ခြယ်လှယ်နိုင်ခြေကို ထိုနည်းဖြင့် ထိန်းကြောင်းခြင်း ဖြစ်သည်။ ယင်းအချက်သည် လက်ရှိမြန်မာနိုင်ငံမှာ အထူးအရေးကြီးပါသည်။ NLD အနေဖြင့် ထည့်သွင်း စဉ်းစားပေးခြင်းမရှိပေ။

ကြွင်းကျန်အာဏာ၊ ပုဒ်မ(၉၈) ဖက်ဒရယ်နိုင်ငံ အများစုတွင် ြွကင်းကျန်အာဏာကို ပြည်နယ် (Subunit) များကို အပ်နှင်းလေ့ရှိသည်။ သို့သော် ၂၀ဝ၈ ခြေ-ဥတွင် ဗဟိုကို ပေးထားသည်။ တိုင်းရင်းသား ခေါင်းဆောင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနု တို့ခေတ်ကတည်းက ြွကင်းကျန်အာဏာကို ပြည်နယ် များကိုပေးဖို့ တစိုက်မတ်မတ်တောင်းဆိုခဲ့သည်နှင့် အညီ ယခုတွင်လည်း တိုင်းရင်းသားပါတီများက ထိုသို့ အဆိုပြု ဆွေးနွေးကြသော်လည်း NLD ကမူ နှုတ် ဆိတ်နေခဲ့ပါသည်။

ဥပဒေပြုစာရင်း၊ ဇယား(၁)(၂)(၃)(၅) ဖက်ဒရယ်စနစ်အရ ပြည်နယ်/ဗဟိုအာဏာခွဲဝေရေး တွင် လက်တွေ့အကျဆုံးဖြစ်သည့် ဤဥပဒေပြု ဇယားများတွင် လက်ရှိမှာ ဗဟိုက အဆီအနှစ် ၉၉ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ပြီး ဇယား(၁)တွင် ထည့်သွင်းပါသည်။ ပြည်နယ်များကို စည်ပင်၊ ယစ်မျိုး ခွန်၊ ကျောက်သွေးခွင့် စသည့် အကိုင်းအခက်များသာ အပ်နှင်းထားသည်။ ထို့ကြောင့် ရှမ်း (SNLD) ပါတီက ဗဟို(ပြည်ထောင်စု)ဥပဒေပြုစာရင်း အချက်ပေါင်း (၁၅၀)ကျော်ထဲက (၅၄)ချက်ကို ပယ်ဖျက်ရန်နှင့် ၎င်းကို ပြည်နယ်ဥပဒေပြုစာရင်းတွင် (၁၆)ချက်၊ ပူးတွဲ ဥပဒေပြုစာရင်း (concurrent list)တွင် (၂၇)ချက်၊ ပြည်နယ် အခွန်ဇယား(၅)တွင် (၃)ချက် စသည် ဖြင့် အသီးသီး ဖြည့်စွက်အဆိုပြုသည်။ မွန်၊ ရခိုင်နှင့် အခြားတိုင်းရင်းသားပါတီများကလည်း အလားတူ ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် အချက်များများကို တင်ပြကြသည်။ ထိုအချက်များတွင် တိုင်းရင်းသားများ လိုလားသော သယံဇာတခွဲဝေမှု၊ ပညာရေး (မိခင် တိုင်းရင်းသား ဘာသာစကား အခြေပြုပညာ သင် ကြားရေး) စသည်တို့လည်းပါဝင်သည်။ သို့သော် NLD က တစ်ချက်မှ တင်ပြခြင်းမပြု။

ခြုံငုံသုံးသပ်လျှင် လက်ရှိ NLD ၏ (၁၁၄)ချက်ပါ ခြေဥပြင်ဆင်ရေး အဆိုပြုချက်များသည် ဒီမိုကရေစီရေး၊ တပ်မတော်အရေး၊ ပါတီတစ်ခုခါင်း ဆောင် နှောင်ကြိုး ပြေစေရေးနှင့် သမ္မတကဏ္ဍတို့ကို သာ ထည့်သွင်းစဉ်းစားပြီး တိုင်းရင်းသားများအရေးနှင့် ဖက်ဒရယ်အခြေခံဥပဒေ ပုံဖော်ရေးအပိုင်းကို မျက် ကွယ်ပြုထားပါသည်။ တပ်မတော်ကို မျက်နှာပူလို့ လားဆိုတော့လည်း တပ်ချုပ်ကိုယ်တိုင် ပြင်သင့် ကြောင်း တရားဝင်ပြောထားသည့် ပုဒ်မ(၂၆၁)ကိုပင် မျက်နှာလွှဲချနေပြန်ရော။ သို့တည်းမဟုတ် NLD ၏ ပြောင်းလဲချိန်တန်ပြီ မူဝါဒလမ်းစဉ်မှာ တိုင်းရင်းသား အရေးကို အစကတည်းက ထိန်ချန်ခဲ့လေသလား။

ဆလိုင်းကျဲအိုဘိခ်ထောင်