• Today is: Friday, April 19, 2024

တိုက်ပွဲများ ရပ်တန့်ပေးရန်နှင့် စစ်ရေးလှုပ်ရှားမှုများအား မပြုလုပ်ရန် ညီနောင်မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်

တိုက်ပွဲများ ရပ်တန့်ပေးရန်နှင့် စစ်ရေးလှုပ်ရှားမှုများအား မပြုလုပ်ရန် ညီနောင်မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်
စက်တင်ဘာလ ၅ ရက်၊ ၂၀၂၁
ဖက်ဒရယ် ဂျာနယ်
မြန်မာပြည်တဝှန်းလုံးရှိ ပြည်သူထူထုတစ်ရပ်လုံး၏ လုံခြုံရေးအရပ်ရပ်ကို ထိပါးစေမည့် စစ်ရေးလှုပ်ရှားခြင်း၊ စိုးရိမ်ကြောင့်ကြမှုကိုရစေမည့် အပြုအမှုများကို အတတ်နိုင်ဆုံးလျှော့ချခြင်း၊ ရှောင်ကြဉ်ခြင်း၊ ရပ်တန့်ခြင်းများ ကို ပြုလုပ်ကြပါရန် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့များအားလုံးကို ညီနောင်မဟာမိတ်(၃) ဖွဲ့မှ စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
Covide-19 တတိယလှိုင်း၌ ရောဂါကူးစက်ခံရမှုနှုန်း၊ သေဆုံးမှုနှုန်းများကို အချိန်မီ ထိန်းချုပ်ကာကွယ်နိုင်ရန်၊ Covide-19ကာကွယ်ဆေးထိုးသင့်သူများအားလုံး အချိန်မီထိုးနိုင်ရန်၊ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ကိုအိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့ကိုဗစ်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် မြန်မာပြည်တနံတလျား၌ ဖြစ်ပွားနေသော ပြင်းထန်တိုက်ပွဲများကို လက်တွေ့ကျကျ လျော့ချရန် လိုအပ်ပေလိမ့်နေပြီး ယခုထက်ပိုမိုသော စစ်ဘေးဒဏ်ကို ဆိုးဝါးစွာခံစားရမည့် အရေးကို ရှောင်လွှဲနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိ၊ အစုအဖွဲ့အစည်းများအားလုံး စဉ်းစားအဖြေရှာဆောင် ရွက်သင့်ကြောင်း ထောက်ပြလိုက်သည်ဟု သဘောထား ထုတ်ပြန်ကြေငြာ ထားသည်။
Federal Journal