• Today is: Friday, April 19, 2024

ငါတို့တော်လှန်ရေး ကျရှုံးနိုင်သလော သို့မဟုတ် ဘယ်အထိသွားမှာလဲ

“ငါတို႔ေတာ္လွန္ေရး က်ရႈံးနိုင္သေလာ သို႔မဟုတ္ ဘယ္အထိသြားမွာလဲ”

Rual Lian Thang (ေဆာင္းပါး)
စက္တင္ဘာ ၂ ရက္၊ ၂၀၂၁

အခုလိုအခ်ိန္မ်ိဳးမွာ “ေတာ္လွန္ေရး က်ရႈံးနိုင္သလား” သို႔မဟုတ္ “ေအာင္ျမင္နိုင္သလား” ဆိုတဲ့ ေမးခြန္းက အေတာ္ေလး ေျဖရခက္သလို ထိလြယ္ရွလြယ္တဲ့ ေမးခြန္းမ်ိဳးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ေမးသင့္ေမးထိုက္တဲ့ ေမးခြန္းတစ္ရပ္ျဖစ္တယ္လို႔လည္း ေကာက္ခ်က္ခ်မိပါတယ္။
စာေရးသူ အျမင္အရ ေတာ္လွန္ေရး ေအာင္ျမင္ျခင္း သို႔မဟုတ္ က်ရႈံးျခင္း ရလဒ္ဟာ ျဖစ္ေပၚ လာနိုင္တဲ့ အေျခအေန (၃) ရပ္ႏွင့္စပ္လ်ဥ္းၿပီး ဘယ္လို တုံ႔ျပန္ေဆာင္ရြက္မလဲဆိုတဲ့ ေအာက္ပါ ေမးခြန္း (၃) ရပ္ အေပၚ လုံးဝ/အမ်ားႀကီး မူတည္ ေနမယ္လို႔ ယူဆမိပါတယ္။ (၁) အကယ္၍ နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ႏွင့္ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ႏွစ္ဦး လြတ္ေျမာက္လာလၽွင္ ကၽြန္ေတာ္တို႔ ေတာ္လွန္ေရး ရပ္တန႔္လိုက္မလား သို႔မဟုတ္ ဆက္လုပ္မလား။ (၂) အကယ္၍ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ မင္းေအာင္လွိုင္ တို႔ အၾကား လ်ိဳ႕ဝွက္ သေဘာတူညီမႈ တစ္ခု ရယူၿပီး ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ အမ်ိဳးသားညီညြတ္ေရးအစိုးရ (National Unity Government -NUG) ကို ဖ်က္သိမ္းဖို႔ ေျပာလာလၽွင္ ကၽြန္ေတာ္တို႔ ေတာ္လွန္ေရး ရပ္တန႔္လိုက္မလား သို႔မဟုတ္ ဆက္လုပ္မလား။ (၃) အကယ္၍ NUG မွ တရားဝင္ ဖ်က္သိမ္းလိုက္ၿပီး ျဖစ္တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ကို ျပန္လည္ အသက္သြင္းၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ ေရြးေကာက္ပြဲ ျပန္လည္ က်င္းပၿပီး ၂၀၁၂ ခုႏွစ္ ကဲ့သို႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (National League for Democracy- NLD) ပါတီ ကို ေရြးေကာက္ပြဲ ျပန္လည္ဝင္ေရာက္ေစခဲ့လၽွင္ ကၽြန္ေတာ္တို႔ ေတာ္လွန္ေရး ရပ္တန႔္ မလား သို႔မဟုတ္ ဆက္လုပ္မလား။

လက္ရွိမွာလည္း သမၼတ ဦးဝင္းျမင့္ ႏွင့္ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ကို NUG အစိုးရမွာ မူလ တာဝန္မ်ား ေပးအပ္ခံထားရဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အကယ္၍ အထက္ပါ အေျခအေန သုံးရပ္ထဲက အေျခအေနတစ္ရပ္ အမွန္တကယ္ ျဖစ္လာခဲ့ေသာ္ NUG အေနနဲ႔ သမၼတ ဦးဝင္းျမင့္ ႏွင့္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ရဲ့ လမ္းစဥ္ အတိုင္း ေဆာင္ရြက္မလား သို႔မဟုတ္ ေက်ာခိုင္းၿပီး ေတာ္လွန္ေရးကို ၿပီးေျမာက္သည္အထိ ေရွ႕ဆက္သြားမလား ဆိုတဲ့ အခ်က္ကလဲ NUG အေနနဲ႔ အေလးအနက္ထား စဥ္းစားရမယ့္ အေရးႀကီးတဲ့ အခ်က္ျဖစ္တယ္လို႔ သုံးသပ္မိပါတယ္။

ကၽြန္ေတာ္တို႔က စစ္အာဏာရွင္စနစ္ အျမစ္ျဖတ္ တိုက္ဖ်က္ေရး၊ ဖက္ဒရယ္ဒီမိုကေရစီနိုင္ငံ တည္ေဆာက္ေရး နဲ႔ အမ်ိဳးသား တန္းတူအခြင့္ေရး ရရွိေရး တို႔ အတြက္ လက္ရွိ ေတာ္လွန္ေရး ဆင္ႏႊဲ ေနၾကတယ္လို႔ ယူဆလို႔ ရပါတယ္။ ဒါေပမယ့္ NUG ႏွင့္ အခ်ိဳ႕ေတာ္လွန္ေရး ေဆာင္ရြက္ေနသူမ်ားအတြက္ ဒီေတာ္လွန္ေရး ရည္ရြယ္ခ်က္မ်ားက ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရး နဲ႔ NLD အစိုးရ ျပန္ျဖစ္ျခင္း မျဖစ္ျခင္းထက္ ပိုမို အေရးႀကီးသလားဆိုတာ လက္ရွိကာလမွာ ခန႔္မွန္းရ အေတာ္ခက္ ေနပါတယ္။
တဖက္မွာလည္း နိုင္ငံတကာ အဖြဲ႕အစည္းမ်ား အပါဝင္ အဖက္ဖက္ေကန ဖိအားေပးျခင္း ခံေနရေသာ မင္းေအာင္လွိုင္နဲ႔ ၎၏ စစ္တပ္အေနျဖင့္ သမၼတ ဦးဝင္းျမင့္ႏွင့္ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေဆာင္ဆန္းစုၾကည္ တို႔ကို ေတာ္လွန္ေရးအားနည္းေစရန္အတြက္ ဝွက္ဖဲ အျဖစ္ အသုံးျပဳ နိုင္ေၾကာင္း သံသယပြားနိုင္စရာ ရွိပါတယ္။

ထိုကဲ့သို႔ အသုံးျပဳနိုင္တယ္လို႔ ယူဆခ်က္အေပၚ ပံ့ပိုးေနတဲ့ အေျခအေနအမ်ားႀကီးလည္း ရွိပါ တယ္။ ဥပမာတစ္ခု ေျပာရမယ္ ဆိုရလၽွင္ အိမ္နီးခ်င္းနိုင္ငံျဖစ္တဲ့ တ႐ုတ္၊ အိႏၵိယ အပါအဝင္ အာဆီယံ နိုင္ငံမ်ားကလည္း ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ေပးၿပီး နိုင္ငံေရး ညႇိႏွိုင္းေဆြးေႏြးမႈမ်ား ျပဳလုပ္၍ အေျဖရွာရန္ စစ္အာဏာရွင္ကို ဖိအားေပးလ်က္ရွိတာ အားလုံး အသိပင္ျဖစ္ပါသည္။ အတိတ္ကို ျပန္လည္ တူးဆြ၍ ဥပမာထပ္ေပးရလၽွင္ ၂၀၁၁ ခုႏွစ္၌ သမၼတဦးသိန္းစိန္ကိုယ္တိုင္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ တံခါးပိတ္ ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အတြင္း ေဆာင္ရြက္ရန္ စည္း႐ုံး နိုင္ခဲ့တာကိုလည္း အားလုံး မွတ္မိအုန္းမယ္ထင္ပါတယ္။ ဒီလို သက္ေသသာဓကေတြေၾကာင့္ ေနာက္ တစ္ခါ အလားတူ ျဖစ္ရပ္မ်ိဳး ထပ္မံ မျဖစ္ပြားနိုင္ဘူးလို႔ တထစ္ခ် ယူဆလို႔ မရနိုင္ပါဘူး။ ဒါေၾကာင့္ အလားတူ ျဖစ္ရပ္မ်ိဳး ျပန္ျဖစ္ခဲ့ရင္ NUG နဲ႔ ေတာ္လွန္ေရး တိုက္ပြဲအတူ ဝင္ေနတဲ့ အျခားေသာ အဖြဲ႕မ်ား အေနနဲ႔ ေတာ္လွန္ေရးရဲ့ ပင္မရည္ရြယ္ခ်က္ ရရွိဖို႔ ဆက္လက္ တိုက္ပြဲဝင္မလား သို႔မဟုတ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ NLD ရဲ့ ဦးေဆာင္မႈေနာက္ကို လိုက္မလား ဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာျပန္ပါတယ္။ ဒါေၾကာင့္ လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ (သို႔) ပါတီတစ္ခု အေပၚ အေျခခံမယ့္ ေတာ္လွန္ေရးမ်ိဳးဆိုရင္ ေတာ္လွန္ေရးရဲ့ အဓိက ရည္ရြယ္တဲ့ အသီးအပြင့္ေတြကို ျမင္ရဖို႔ အေတာ္ေလး အလွမ္းကြာေဝးသြားနိုင္ပါတယ္။

ေတာ္လွန္ေရးရဲ့ ပင္မအဓိက ရည္မွန္းခ်က္ေတြျဖစ္တဲ့ စစ္အာဏာရွင္စနစ္ အျမစ္ျဖတ္ တိုက္ဖ်က္ေရး၊ ဖက္ဒရယ္ဒီမိုကေရစီနိုင္ငံ တည္ေဆာက္ေရး နဲ႔ အမ်ိဳးသား တန္းတူအခြင့္ေရး ရရွိေရး တို႔ ကို သာ ေရွ႕ရႈ ေဆာင္ရြက္သြားမယ္ဆိုရင္ ေအာင္ျမင္မႈ အသီးအပြင့္ကို ခ်က္ခ်င္း မျမင္ရလၽွင္ေတာင္ ေတာ္လွန္းေရး က်ရႈံးမွာ မဟုတ္ဘူးဆိုတာ က်ိန္းေသေျပာလို႔ရနိုင္ပါတယ္။ ယေန႔ တိုင္းရင္းသား အမ်ားစု နဲ႔ ေႏြဦးေတာ္လွန္ေရးကို ေရွ႕ထြက္ဦးေဆာင္သူ လူငယ္အမ်ားစုအေနနဲ႔လည္း အဆိုပါ ပင္မ ရည္မွန္းခ်က္ (၃) ရပ္ကို အဓိကထား ေတာ္လွန္ေနသည္ဟု ယူဆမိပါတယ္။ တိုင္းရင္းသားေတြအေနနဲ႔ ဒီေန႔ ဒီအခ်ိန္ထိ ေတာ္လွန္ေရး ေသြးမေအးရျခင္းကလဲ ဒီပင္မရည္မွန္းခ်က္ေၾကာင့္ ဆိုတာ အားလုံးသိၿပီးသားလည္း ျဖစ္မယ္လို႔ ထင္ပါတယ္။ NUG အေနနဲ႔ ေသာ္လည္းေကာင္း ေျမျပန္႔မွာရွိတဲ့ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ (People Defense Force- PDF) အေနနဲ႔ ေသာ္လည္းေကာင္း မည္သည့္အေျခအေန ျဖစ္ေပၚခဲ့သည္ရွိေသာ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ NLD ပါတီ ကို အဓိကမထားဘဲ ေတာ္လွန္ေရး ပင္မရည္မွန္းခ်က္ အေပၚ ေရွးရႈ၍ အျမဲ သစၥာမပ်က္ ေတာ္လွန္ေရးကို ေရွ႕ဆက္ ေဆာင္ရြက္သြားရင္ မိမိေမၽွာ္မွန္းထားတဲ့ ေအာင္ျမင္မႈပန္းတိုင္ကို အေႏွးနဲ႔အျမန္ လက္ဝယ္ပိုင္ဆိုင္သြားမယ္ဟု အေလး အနက္ သုံးသပ္မိပါတယ္။

Rual Lian Thang (ေဆာင္းပါး)
စက္တင္ဘာ ၂ ရက္၊ ၂၀၂၁

Unicode

“ငါတို့တော်လှန်ရေး ကျရှုံးနိုင်သလော သို့မဟုတ် ဘယ်အထိသွားမှာလဲ”

Rual Lian Thang (ဆောင်းပါး)

စက်တင်ဘ ၂ ရက်၊ ၂၀၂၁

အခုလိုအချိန်မျိုးမှာ “တော်လှန်ရေး ကျရှုံးနိုင်သလား” သို့မဟုတ် “အောင်မြင်နိုင်သလား” ဆိုတဲ့ မေးခွန်းက အတော်လေး ဖြေရခက်သလို ထိလွယ်ရှလွယ်တဲ့ မေးခွန်းမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မေးသင့်မေးထိုက်တဲ့ မေးခွန်းတစ်ရပ်ဖြစ်တယ်လို့လည်း ကောက်ချက်ချမိပါတယ်။

စာရေးသူ အမြင်အရ တော်လှန်ရေး အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်း ရလဒ်ဟာ ဖြစ်ပေါ် လာနိုင်တဲ့ အခြေအနေ (၃) ရပ်နှင့်စပ်လျဉ်းပြီး ဘယ်လို တုံ့ပြန်ဆောင်ရွက်မလဲဆိုတဲ့ အောက်ပါ မေးခွန်း (၃) ရပ် အပေါ် လုံးဝ/အများကြီး မူတည် နေမယ်လို့ ယူဆမိပါတယ်။ (၁) အကယ်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး လွတ်မြောက်လာလျှင် ကျွန်တော်တို့ တော်လှန်ရေး ရပ်တန့်လိုက်မလား သို့မဟုတ် ဆက်လုပ်မလား။ (၂) အကယ်၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မင်းအောင်လှိုင် တို့ အကြား လျို့ဝှက် သဘောတူညီမှု တစ်ခု ရယူပြီး  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government -NUG) ကို ဖျက်သိမ်းဖို့ ပြောလာလျှင် ကျွန်တော်တို့ တော်လှန်ရေး ရပ်တန့်လိုက်မလား သို့မဟုတ် ဆက်လုပ်မလား။ (၃) အကယ်၍  NUG မှ တရားဝင် ဖျက်သိမ်းလိုက်ပြီး ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြန်လည် အသက်သွင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပြီး ၂၀၁၂ ခုနှစ် ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy- NLD) ပါတီ ကို ရွေးကောက်ပွဲ ပြန်လည်ဝင်ရောက်စေခဲ့လျှင် ကျွန်တော်တို့ တော်လှန်ရေး ရပ်တန့် မလား သို့မဟုတ် ဆက်လုပ်မလား။

လက်ရှိမှာလည်း သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် တို့ကို NUG အစိုးရမှာ မူလ တာဝန်များ ပေးအပ်ခံထားရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အကယ်၍ အထက်ပါ အခြေအနေ သုံးရပ်ထဲက အခြေအနေတစ်ရပ် အမှန်တကယ် ဖြစ်လာခဲ့သော် NUG အနေနဲ့ သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ လမ်းစဉ် အတိုင်း ဆောင်ရွက်မလား သို့မဟုတ် ကျောခိုင်းပြီး တော်လှန်ရေးကို ပြီးမြောက်သည်အထိ ရှေ့ဆက်သွားမလား ဆိုတဲ့ အချက်ကလဲ NUG အနေနဲ့ အလေးအနက်ထား စဥ်းစားရမယ့် အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

ကျွန်တော်တို့က စစ်အာဏာရှင်စနစ် အမြစ်ဖြတ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး နဲ့ အမျိုးသား  တန်းတူအခွင့်ရေး ရရှိရေး တို့ အတွက် လက်ရှိ တော်လှန်ရေး ဆင်နွှဲ နေကြတယ်လို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့်  NUG နှင့် အချို့တော်လှန်ရေး ဆောင်ရွက်နေသူများအတွက် ဒီတော်လှန်ရေး ရည်ရွယ်ချက်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နဲ့ NLD အစိုးရ ပြန်ဖြစ်ခြင်း မဖြစ်ခြင်းထက် ပိုမို အရေးကြီးသလားဆိုတာ လက်ရှိကာလမှာ ခန့်မှန်းရ အတော်ခက် နေပါတယ်။

တဖက်မှာလည်း နိုင်ငံတကာ အဖွဲ့အစည်းများ အပါဝင် အဖက်ဖက်ကေန ဖိအားပေးခြင်း ခံနေရသော မင်းအောင်လှိုင်နဲ့ ၎င်း၏ စစ်တပ်အနေဖြင့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် တို့ကို တော်လှန်ရေးအားနည်းစေရန်အတွက် ဝှက်ဖဲ အဖြစ် အသုံးပြု နိုင်ကြောင်း သံသယပွားနိုင်စရာ ရှိပါတယ်။

ထိုကဲ့သို့ အသုံးပြုနိုင်တယ်လို့ ယူဆချက်အပေါ် ပံ့ပိုးနေတဲ့ အခြေအနေအများကြီးလည်း ရှိပါ တယ်။ ဥပမာတစ်ခု ပြောရမယ် ဆိုရလျှင်  အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ အပါအဝင် အာဆီယံ နိုင်ငံများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍  အဖြေရှာရန် စစ်အာဏာရှင်ကို ဖိအားပေးလျက်ရှိတာ အားလုံး အသိပင်ဖြစ်ပါသည်။ အတိတ်ကို ပြန်လည် တူးဆွ၍ ဥပမာထပ်ပေးရလျှင် ၂၀၁၁ ခုနှစ်၌  သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် နှင့် တံခါးပိတ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွင်း ဆောင်ရွက်ရန် စည်းရုံး နိုင်ခဲ့တာကိုလည်း အားလုံး မှတ်မိအုန်းမယ်ထင်ပါတယ်။  ဒီလို သက်သေသာဓကတွေကြောင့် နောက် တစ်ခါ အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားနိုင်ဘူးလို့ တထစ်ချ ယူဆလို့ မရနိုင်ပါဘူး။ ဒါကြောင့် အလားတူ ဖြစ်ရပ်မျိုး ပြန်ဖြစ်ခဲ့ရင် NUG နဲ့ တော်လှန်ရေး တိုက်ပွဲအတူ ဝင်နေတဲ့ အခြားသော အဖွဲ့များ အနေနဲ့ တော်လှန်ရေးရဲ့ ပင်မရည်ရွယ်ချက် ရရှိဖို့ ဆက်လက် တိုက်ပွဲဝင်မလား သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ရဲ့ ဦးဆောင်မှုနောက်ကို လိုက်မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပြန်ပါတယ်။ ဒါကြောင့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့) ပါတီတစ်ခု အပေါ် အခြေခံမယ့် တော်လှန်ရေးမျိုးဆိုရင် တော်လှန်ရေးရဲ့ အဓိက ရည်ရွယ်တဲ့ အသီးအပွင့်တွေကို မြင်ရဖို့ အတော်လေး အလှမ်းကွာဝေးသွားနိုင်ပါတယ်။

တော်လှန်ရေးရဲ့ ပင်မအဓိက ရည်မှန်းချက်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး နဲ့ အမျိုးသား တန်းတူအခွင့်ရေး ရရှိရေး တို့ ကို သာ ရှေ့ရှု ဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်မှု အသီးအပွင့်ကို ချက်ချင်း မမြင်ရလျှင်တောင် တော်လှန်းရေး ကျရှုံးမှာ မဟုတ်ဘူးဆိုတာ ကျိန်းသေပြောလို့ရနိုင်ပါတယ်။ ယနေ့ တိုင်းရင်းသား အများစု နဲ့ နွေဦးတော်လှန်ရေးကို ရှေ့ထွက်ဦးဆောင်သူ လူငယ်အများစုအနေနဲ့လည်း အဆိုပါ ပင်မ ရည်မှန်းချက် (၃) ရပ်ကို အဓိကထား တော်လှန်နေသည်ဟု ယူဆမိပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ ဒီနေ့ ဒီအချိန်ထိ တော်လှန်ရေး သွေးမအေးရခြင်းကလဲ ဒီပင်မရည်မှန်းချက်ကြောင့် ဆိုတာ အားလုံးသိပြီးသားလည်း ဖြစ်မယ်လို့ ထင်ပါတယ်။ NUG အနေနဲ့ သော်လည်းကောင်း မြေပြန့်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်  (People Defense Force- PDF)  အနေနဲ့ သော်လည်းကောင်း မည်သည့်အခြေအနေ ဖြစ်ပေါ်ခဲ့သည်ရှိသော် ဒေါ်အောင်ဆန်းစုကြည် နှင့်  NLD ပါတီ ကို အဓိကမထားဘဲ တော်လှန်ရေး ပင်မရည်မှန်းချက် အပေါ် ရှေးရှု၍ အမြဲ သစ္စာမပျက် တော်လှန်ရေးကို ရှေ့ဆက် ဆောင်ရွက်သွားရင် မိမိမျှော်မှန်းထားတဲ့ အောင်မြင်မှုပန်းတိုင်ကို အနှေးနဲ့အမြန် လက်ဝယ်ပိုင်ဆိုင်သွားမယ်ဟု အလေး အနက် သုံးသပ်မိပါတယ်။

Rual Lian Thang (ဆောင်းပါး)

စက်တင်ဘ ၂ ရက်၊ ၂၀၂၁

The Japan Time ၏ သတင်းဓါတ်ပုံ အသုံးပြုထားသည်။