• Today is: Friday, April 19, 2024

TNLA က အမျိုးသမီး ဗိုလ်သင်တန်းဆင်းပွဲကျင်းပ ‌

Photo- ရွှေဖီမြေ သတင်းအေဂျင်စီ

အောက်တိုဘာ – ၁၄

 

စစ်ပညာ နှစ်နှစ်လေ့ကျင့်သင်ယူခဲ့ရသည့် ဗိုလ်လောင်းသင်တန်းအား တက်ရောက်အောင်မြင်ခဲ့သော တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၏ စစ်မေဗိုလ်လောင်း သင်တန်းဆင်းပွဲကို ၎င်းတို့ ထိန်းချုပ်နယ်မြေတစ်ခုတွင် ကျင်းပခဲ့သည်။

အောက်တိုဘာ ၁၂ ရက်ကပြုလုပ်သော စစ်မေဗိုလ်လောင်းသင်တန်း တက်ရောက်သူ ၃၇ ဦးရှိခဲ့ပြီး ၃၅ ဦးအောင်မြင်ခဲ့သည်။

အမျိုးသမီးများအနေဖြင့် ကဏ္ဍအလိုက် လုပ်ကိုင်နိုင်သည့် စွမ်းရည်ရှိသည့်အတွက် လုပ်ငန်းစဉ်တိုင်းတွင် ဦးဆောင်နိုင်ပြီး ပါဝင်နိုင်အောင်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု TNLA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆိုသည်။

TNLA ၏ ဗဟိုကော်မတီထဲတွင်လည်း အမျိုးသမီးများ ပါဝင်နေပြီး အခြားဌာနတွင် ဌာနမှူး၊ လုပ်ငန်းဦးဆောင်မှု ကဏ္ဍတွင် နေရာပေးထားကြောင်း ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသည်။

အမျိုးသား ဗိုလ်လောင်းများကဲ့သို့ အမျိုးသမီး ဗိုလ်လောင်းများသည် စစ်ရေး၊ နိုင်ငံရေးနှင့် စီမံခန့်ခွဲရေး သင်ကြားခဲ့ရပြီး လက်ရှိတွင်လည်း အခြားသော ဗိုလ်လောင်းသင်တန်းများကို ဆက်လက် ဖွင့်ထားကြောင်း သိရသည်။